ရှမ်းမြောက်ဒေသတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသူ ၇၀၀၀ ကျော်သွားပြီဟု UNOCHA သတင်းထုတ်ပြန်

ရှမ်းမြောက်ဒေသတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသူ ၇၀၀၀ ကျော်သွားပြီဟု UNOCHA သတင်းထုတ်ပြန်

ရှမ်းမြောက်ဒေသတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသူ ၇၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ိ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြားတိုက်ပွဲများသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ခုနှစ်မြို့နယ်တွင် ဆက်လက်ဖြစ်ပွားနေခဲ့ရာ သြဂုတ်လ ၁၇ ရက်နေ့ကစပြီး ယခုချိန်ထိ လူဦးရေစုစုပေါင်း ၇,၀၀၀ ကျော် နေရပ်စွန့်ခွာပြီး ယာယီစခန်းများတွင် ခိုလှုံနေခဲ့ရတာဖြစ်တယ်လို့ (UNOCHA)၏ သတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အချို့နေရာများတွင် တိုက်ပွဲများလျော့ပါးသွားသဖြင့် နေရပ်ပြန်နိုင်သူများရှိသော်လည်း သြဂုတ်လ ၂၃ ရက်နေ့စာရင်းများအရ လာရှိုး၊သိန္ဒီနှင့် ကွတ်ခိုင်မြို့နယ်များတွင် စုစုပေါင်း လူဦးရေ ၄,၀၀၀ ကျော် ဆက်လက် စစ်ရှောင်နေရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ မန္တလေးနှင့် နောင်ချိုမြို့များတွင် တပ်မတော်၏ စခန်းများအား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရခိုင့်တပ်မတော် (AA) မဟာမိတ်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများပြင်းထန်လာခဲ့ခြင်းဖြစ်တယ်လို့ (UNOCHA)က ဆိုပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၂၇
ဓါတ်ပုံ - လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့၊ လားရှိုးမြို့။

(  Zawgyi  )

 ရွမ္းေျမာက္ေဒသတိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန႔္ခြာ၍ စစ္ေဘးေရွာင္ေနရသူ ၇၀၀၀ ေက်ာ္သြားၿပီျဖစ္တယ္လို႔ိ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံး(UNOCHA)မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

 တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားၾကားတိုက္ပြဲမ်ားသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ၿမိဳ႕နယ္ ခုႏွစ္ၿမိဳ႕နယ္တြင္ ဆက္လက္ျဖစ္ပြားေနခဲ့ရာ ၾသဂုတ္လ ၁၇ ရက္ေန႔ကစၿပီး ယခုခ်ိန္ထိ လူဦးေရစုစုေပါင္း ၇,၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာၿပီး ယာယီစခန္းမ်ားတြင္ ခိုလႈံေနခဲ့ရတာျဖစ္တယ္လို႔ (UNOCHA)၏ သတင္းထုတ္ျပန္ခ်က္မွာေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ အခ်ိဳ႕ေနရာမ်ားတြင္ တိုက္ပြဲမ်ားေလ်ာ့ပါးသြားသျဖင့္ ေနရပ္ျပန္ႏိုင္သူမ်ားရွိေသာ္လည္း ၾသဂုတ္လ ၂၃ ရက္ေန႔စာရင္းမ်ားအရ လာရႈိး၊သိႏၵီႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္မ်ားတြင္ စုစုေပါင္း လူဦးေရ ၄,၀၀၀ ေက်ာ္ ဆက္လက္ စစ္ေရွာင္ေနရဆဲျဖစ္တယ္လို႔လည္း ဆိုပါတယ္။ မႏၲေလးႏွင့္ ေနာင္ခ်ိဳၿမိဳ႕မ်ားတြင္ တပ္မေတာ္၏ စခန္းမ်ားအား တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA)၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္တပ္မေတာ္ (MNDAA) ႏွင့္ ရခိုင့္တပ္မေတာ္ (AA) မဟာမိတ္အဖြဲ႕တို႔က ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီးေနာက္ တပ္မေတာ္က ျပန္လည္တုံ႔ျပန္တိုက္ခိုက္ခဲ့ရာမွ တိုက္ပြဲမ်ားျပင္းထန္လာခဲ့ျခင္းျဖစ္တယ္လို႔ (UNOCHA)က ဆိုပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၂၇
ဓါတ္ပုံ - လားရႈိး လူငယ္မ်ားလူမႈကူညီေရးအဖြဲ႕၊ လားရႈိးၿမိဳ႕။