ရှိပြီးသား ချစ်ကြည်ရင်းနှီးမှု ရှမ်းမြောက် တိုက်ပွဲများကြောင့် နှစ်ဘက်စလုံးက အပျက်ခံမည်မဟုတ်ဟု ဆို

ရှိပြီးသား ချစ်ကြည်ရင်းနှီးမှု ရှမ်းမြောက် တိုက်ပွဲများကြောင့် နှစ်ဘက်စလုံးက အပျက်ခံမည်မဟုတ်ဟု ဆို

ရှမ်းမြောက်ဒေသတိုက်ပွဲကိစ္စများကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံလုံးက ရှိပြီးသားချစ်ကြည်ရင်းနှီးမှုကိုဘယ်တော့မှအပျက်ခံမည်မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုပြန်ကြားရေးကော်မတီ၊အတွင်းရေးမှူး မုံရွာဦးအောင်ရှင် ကပြောကြားခဲ့ပါတယ်။

“သေချာဆုံးပြောနိုင်တာကတရုတ်နိုင်ငံကမြန်မာနိုင်ငံနဲ့ နံပါတ်တစ်ကလက်ရှိ ရှိနေတဲ့ချစ်ကြည်ရင်းနှီးမှုပေါ့လေ။ဒီချစ်ကြည်ရင်းနှီးမှုကိုဘယ်တော့ မှ အပျက်ခံ မှာမဟုတ်ပါဘူး။မြန်မာနိုင်ငံကလည်းအပျက်ခံမှာမဟုတ်ပါဘူး။ နံပါတ်နှစ်အချက်က နယ်စပ်ကုန်သွယ်ရေးကိစ္စကလည်း ဒီလိုပါပဲ၊ နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေ မှာ နှောင့်နှေးကြန့်ကြာအောင်ပေါ့လေ ဒီကိစ္စတွေကိုပျက်သွားနိုင်အောင်လုပ်တာကို တရုတ်နိုင်ငံက လက်ခံမှာ မဟုတ်ပါဘူး။နံပါတ်သုံးအချက်ကတော့ တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးပေါ့လေ၊မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကိုလည်း တရုတ်နိုင်ငံက ဆက်လက်ပြီးတော့သူကအားပေးနေမှာပါပဲ။ဆက်လက်ပြီးတော့ကူညီပေးနေမှာပါပဲ။

အဲ့လိုပဲကျနော်ကမြင်ပါတယ်၊မြင်တဲ့အခါကျတော့ဒါကိုကြည့်ခြင်းအားဖြင့်ပေါ့လေ တစ်နည်းအားဖြင့်ကျနော်တို့က စောစောကပြောသလို အားလုံးစုပေါင်းပြီးတော့ အဖြေရှာမှပဲရမှာပါပဲ။” လို့ (NLD)ဗဟိုပြန်ကြားရေးကော်မတီ၊အတွင်းရေးမှူး မုံရွာဦးအောင်ရှင် က လက်ရှိ ရှမ်းမြောက်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် ဆက်ဆံရေးတွေမှာ မည်ကဲ့သို့ အကျိုးသက်ရောက် မှုှ ရှိလာနိုင်မလဲဆိုသည့် Opinion Leaders Media ရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

 ဒါ့အပြင် ၎င်းက တပ်မတော်ဘက်ကတစ်ဖက်သတ်အပစ်အခတ်ရပ်စဲပေးခဲ့သလို တစ်ဖက်မှာလည်း ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေက တပ်မတော်နဲ့ အတူ ပဋိပက္ခရပ်စဲတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ကြဖို့ အပါအဝင် တွေ့ဆုံဆွေးနွေးရေးနဲ့ငြိမ်းချမ်းရေးရအောင်လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။ “ဒီလိုဖြစ်နေတာတွေကို ပြန်ပြီးတော့သုံး သပ်တဲ့အခါမှာ နံပါတ်တစ်ကျနော်ပြောချင်တာက တပ်မတော် ဘက်ကတစ်ဖက်သတ်အပစ်အခတ်ရပ်စဲတယ်ဆိုသလိုပဲ၊တစ်ဖက်မှာလည်း အခုနကပြောတဲ့အဖွဲ့တွေ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေ ကလည်း တပ်မတော်နဲ့အတူ ပဋိပက္ခရပ်စဲတဲ့လုပ်ငန်းတွေကိုလုပ်ပါ။ နောက်တစ်ခါ တွေ့ဆုံဆွေးနွေးရေးနဲ့ငြိမ်းချမ်းရေးရအောင်လုပ်ပါ။

ဒါကအရေးကြီးတယ်လို့ ကျနော်ကထင်ပါတယ်နော်။ အဲ့ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကအဲ့လို အရေးကြီးသလိုပဲအခြားတစ်ဖက်မှာလည်း တရုတ်ပြည်ရဲ့အခန်း ကဏ္ဍရှိတယ်။တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍရှိတယ်။တရုတ်နိုင်ငံနဲ့ကလည်းနယ်မြေချင်း ကလည်းဆက် စပ်နေတယ်။ ကုန်သွယ်ရေး လမ်းကြောင်းတွေကလည်းပွင့်နေတယ်ဆိုတဲ့အခါကျတော့ တရုတ်နိုင်ငံ အနေနဲ့ကလည်း ဒီလိုစစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ အခါမှာသူတို့အတွက် ကုန်သွယ်ရေးအနှောင့်အယှက်ဖြစ်မယ့်အရာတွေ နောက်တစ်ခါ တရုတ်နိုင်ငံကိုယ်တိုင်က လည်းမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကိစ္စကို သူလည်းတကယ့်ကို အားတက်သရောဆောင်ရွက်နေတဲ့ ကိုယ့်အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ အားလုံး စုပေါင်းပြီးတော့ စုပေါင်းစပ်ပေါင်းပေါ့လေ ဒီကိစ္စတွေကိုတွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့အဖြေရှာမှပဲ ဒါဟာအေင်မြင်မယ်လို့ထင်ပါတယ်။ သူတိုက်ရင်ငါကတိုက်မယ်၊သူလုပ်ရင်ငါလုပ်မယ် ဆိုတာမျိုးလုပ်နေလို့ကတော့ဒီအကြမ်းဖက်သံသရာကတော့ဖြစ်နေမှာပါပဲ။အဲ့လိုပဲ ကျနော်ပြောချင်ပါတယ်။”လို့ မုံရွာဦးအောင်ရှင် က၎င်းရဲ့ အမြင်ကို ယခုလိုသုံးသပ်ပြောကြားခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၂၇

(   Zawgyi  )

 ရွမ္းေျမာက္ေဒသတိုက္ပြဲကိစၥမ်ားေၾကာင့္ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံလုံးက ရွိၿပီးသားခ်စ္ၾကည္ရင္းႏွီးမႈကိုဘယ္ေတာ့မွအပ်က္ခံမည္မဟုတ္ဘူးလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ဗဟိုျပန္ၾကားေရးေကာ္မတီ၊အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ ကေျပာၾကားခဲ့ပါတယ္။

“ေသခ်ာဆုံးေျပာႏိုင္တာကတ႐ုတ္ႏိုင္ငံကျမန္မာႏိုင္ငံနဲ႔ နံပါတ္တစ္ကလက္ရွိ ရွိေနတဲ့ခ်စ္ၾကည္ရင္းႏွီးမႈေပါ့ေလ။ဒီခ်စ္ၾကည္ရင္းႏွီးမႈကိုဘယ္ေတာ့ မွ အပ်က္ခံ မွာမဟုတ္ပါဘူး။ျမန္မာႏိုင္ငံကလည္းအပ်က္ခံမွာမဟုတ္ပါဘူး။ နံပါတ္ႏွစ္အခ်က္က နယ္စပ္ကုန္သြယ္ေရးကိစၥကလည္း ဒီလိုပါပဲ၊ နယ္စပ္ကုန္သြယ္ေရး ကိစၥေတြ မွာ ေႏွာင့္ေႏွးၾကန႔္ၾကာေအာင္ေပါ့ေလ ဒီကိစၥေတြကိုပ်က္သြားႏိုင္ေအာင္လုပ္တာကို တ႐ုတ္ႏိုင္ငံက လက္ခံမွာ မဟုတ္ပါဘူး။နံပါတ္သုံးအခ်က္ကေတာ့ တ႐ုတ္ႏိုင္ငံကျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးေပါ့ေလ၊ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥကိုလည္း တ႐ုတ္ႏိုင္ငံက ဆက္လက္ၿပီးေတာ့သူကအားေပးေနမွာပါပဲ။ဆက္လက္ၿပီးေတာ့ကူညီေပးေနမွာပါပဲ။

အဲ့လိုပဲက်ေနာ္ကျမင္ပါတယ္၊ျမင္တဲ့အခါက်ေတာ့ဒါကိုၾကည့္ျခင္းအားျဖင့္ေပါ့ေလ တစ္နည္းအားျဖင့္က်ေနာ္တို႔က ေစာေစာကေျပာသလို အားလုံးစုေပါင္းၿပီးေတာ့ အေျဖရွာမွပဲရမွာပါပဲ။” လို႔ (NLD)ဗဟိုျပန္ၾကားေရးေကာ္မတီ၊အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ က လက္ရွိ ရွမ္းေျမာက္ေဒသမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ စီးပြားေရး၊ ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ ဆက္ဆံေရးေတြမွာ မည္ကဲ့သို႔ အက်ိဳးသက္ေရာက္ မႈွ ရွိလာႏိုင္မလဲဆိုသည့္ Opinion Leaders Media ရဲ႕ ေမးျမန္းမႈအေပၚ ျပန္လည္ေျဖၾကားေပးခဲ့တာျဖစ္ပါတယ္။

 ဒါ့အျပင္ ၎က တပ္မေတာ္ဘက္ကတစ္ဖက္သတ္အပစ္အခတ္ရပ္စဲေပးခဲ့သလို တစ္ဖက္မွာလည္း ပဋိပကၡျဖစ္ေနတဲ့အဖြဲ႕ေတြက တပ္မေတာ္နဲ႔ အတူ ပဋိပကၡရပ္စဲတဲ့လုပ္ငန္းေတြကိုလုပ္ေဆာင္ၾကဖို႔ အပါအဝင္ ေတြ႕ဆုံေဆြးေႏြးေရးနဲ႔ၿငိမ္းခ်မ္းေရးရေအာင္လုပ္ေဆာင္ၾကဖို႔ကိုလည္း တိုက္တြန္းေျပာၾကားခဲ့ပါေသးတယ္။ “ဒီလိုျဖစ္ေနတာေတြကို ျပန္ၿပီးေတာ့သုံး သပ္တဲ့အခါမွာ နံပါတ္တစ္က်ေနာ္ေျပာခ်င္တာက တပ္မေတာ္ ဘက္ကတစ္ဖက္သတ္အပစ္အခတ္ရပ္စဲတယ္ဆိုသလိုပဲ၊တစ္ဖက္မွာလည္း အခုနကေျပာတဲ့အဖြဲ႕ေတြ ပဋိပကၡျဖစ္ေနတဲ့အဖြဲ႕ေတြ ကလည္း တပ္မေတာ္နဲ႔အတူ ပဋိပကၡရပ္စဲတဲ့လုပ္ငန္းေတြကိုလုပ္ပါ။ ေနာက္တစ္ခါ ေတြ႕ဆုံေဆြးေႏြးေရးနဲ႔ၿငိမ္းခ်မ္းေရးရေအာင္လုပ္ပါ။

ဒါကအေရးႀကီးတယ္လို႔ က်ေနာ္ကထင္ပါတယ္ေနာ္။ အဲ့ဒါတစ္ခ်က္ေပါ့ေနာက္တစ္ခ်က္ကအဲ့လို အေရးႀကီးသလိုပဲအျခားတစ္ဖက္မွာလည္း တ႐ုတ္ျပည္ရဲ႕အခန္း က႑ရွိတယ္။တ႐ုတ္ႏိုင္ငံရဲ႕ အခန္းက႑ရွိတယ္။တ႐ုတ္ႏိုင္ငံနဲ႔ကလည္းနယ္ေျမခ်င္း ကလည္းဆက္ စပ္ေနတယ္။ ကုန္သြယ္ေရး လမ္းေၾကာင္းေတြကလည္းပြင့္ေနတယ္ဆိုတဲ့အခါက်ေတာ့ တ႐ုတ္ႏိုင္ငံ အေနနဲ႔ကလည္း ဒီလိုစစ္ေရးပဋိပကၡေတြျဖစ္ေနတဲ့ အခါမွာသူတို႔အတြက္ ကုန္သြယ္ေရးအေႏွာင့္အယွက္ျဖစ္မယ့္အရာေတြ ေနာက္တစ္ခါ တ႐ုတ္ႏိုင္ငံကိုယ္တိုင္က လည္းျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး ကိစၥကို သူလည္းတကယ့္ကို အားတက္သေရာေဆာင္႐ြက္ေနတဲ့ ကိုယ့္အိမ္နီးခ်င္းႏိုင္ငံျဖစ္တယ္။ ျဖစ္တဲ့အခါက်ေတာ့ အားလုံး စုေပါင္းၿပီးေတာ့ စုေပါင္းစပ္ေပါင္းေပါ့ေလ ဒီကိစၥေတြကိုေတြ႕ဆုံေဆြးေႏြးတဲ့ နည္းနဲ႔အေျဖရွာမွပဲ ဒါဟာေအင္ျမင္မယ္လို႔ထင္ပါတယ္။ သူတိုက္ရင္ငါကတိုက္မယ္၊သူလုပ္ရင္ငါလုပ္မယ္ ဆိုတာမ်ိဳးလုပ္ေနလို႔ကေတာ့ဒီအၾကမ္းဖက္သံသရာကေတာ့ျဖစ္ေနမွာပါပဲ။အဲ့လိုပဲ က်ေနာ္ေျပာခ်င္ပါတယ္။”လို႔ မုံ႐ြာဦးေအာင္ရွင္ က၎ရဲ႕ အျမင္ကို ယခုလိုသုံးသပ္ေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၂၇