ရှေ့ဘီးချမရသော်လည်းလေယာဉ်အားအောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည့် Captain မြတ်မိုးအောင်နှင့် အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံ မှဂုဏ်ပြုချီးမြင့်။

ရှေ့ဘီးချမရသော်လည်းလေယာဉ်အားအောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည့် Captain မြတ်မိုးအောင်နှင့် အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံ မှဂုဏ်ပြုချီးမြင့်။

မြန်မာ့အမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ် တွင် ရှေ့ဘီးချမရသော်လည်းလေယာဉ်အားအောင်မြင်စွာဆင်းသက်နိုင်ခဲ့သည့် Captain မြတ်မိုးအောင်နှင့် အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားအား ယနေ့နံနက်ပိုင်းနေပြည်တော်၊Horizon Lake Viewတွင်ကျင်းပပြုလုပ်ခဲ့ ပါတယ်။

အခမ်းအနားတွင်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန်ကြီးဦးမင်းသူမှနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါတယ်၊ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒီကိစ္စအပေါ် အလေးအနက်ထားပြီး သေသေချာချာ မေးမြန်းပြီးမှ ဂုဏ်ပြုလွှာများကို လက်မှတ်ရေးထိုး ပေးပို့ခြင်း ဖြစ်ကြောင်း၊ အဖွဲ့ခေါင်းဆောင် ကပ္ပတိန်၏ စီမံခန့်ခွဲမှု၊ အဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှု အားလုံး ကောင်းမွန်သောကြောင့်သာ ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းအောင် ပျံသန်း ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ဂုဏ်ပြုပါကြောင်း၊ နောင်ကို ပျံသန်းရေး တာဝန် ဆက်လက် ထမ်းဆောင်ကြရာမှာ “Teamwork is the key to success, teamwork is the key to achieve” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကြမည်ဆိုလျှင် ခရီးသည်များ၏ အသက် အိုးအိမ် စည်းစိမ်များကို ယခုလိုပဲ ကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

ယင်းနောက်၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသန့်ဇင်မောင်မှဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြပြီး Captain မြတ်မိုးအောင်၊ FO ကောင်းဆက်လင်း၊ FO မျိုးသီဟအောင်၊ cabin crew များအဖြစ် မချယ်ရီမြင့်၊ မကေဂျာဆန်အောင်၊မခိုင်ဇာလင်း၊ မဥမ္မာအောင်တို့ အား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်ဆန်းစုကြည်ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းကိုပြည်ထောင်စုအစိုးရ အဖွဲ့ရုံးပြည်ထောင်စုဝန်ကြီးဦးမင်းသူမှပေးအပ်ခြင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ဂုဏ်ပြုမှတ်တမ်းကိုပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသန့်ဇင်မောင်မှပေးအပ်ခဲ့ကြပါတယ်၊UP-103 ခရီးစဉ် တွင်လိုက်ပါခဲ့ သည့် ခရီးသည်များ ကိုယ်စားမြန်မာနေရှင်နယ်လိ ခ် ၏အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ဂုဏ်ပြု စကားပြောကြားခြင်း၊ ၊UP-103ခရီးစဉ်တွင် တာဝန်ထမ်းဆောင်ခဲ့ သည့် လေယာဉ်အဖွဲ့သားများ ကိုယ်စားလေယာဉ်မှူးကြီးဦးမြတ်မိုးအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြပါတယ်။  
 
PTG
နေပြည်တော်၊မေ-၁၆

(  Zawgyi  )

 ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္း ၏ခရီးစဥ္အမွတ္ UB103 ရန္ကုန္- မႏၲေလး- ရန္ကုန္ ခရီးစဥ္ တြင္ ေရွ႕ဘီးခ်မရေသာ္လည္းေလယာဥ္အားေအာင္ျမင္စြာဆင္းသက္ႏိုင္ခဲ့သည့္ Captain ျမတ္မိုးေအာင္ႏွင့္ အဖြဲ႕အား ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနတို႔မွဂုဏ္ျပဳခ်ီးျမႇင့္သည့္ အခမ္းအနားအား ယေန႔နံနက္ပိုင္းေနျပည္ေတာ္၊Horizon Lake Viewတြင္က်င္းပျပဳလုပ္ခဲ့ ပါတယ္။

အခမ္းအနားတြင္ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးျပည္ေထာင္စုဝန္ႀကီးဦးမင္းသူမွႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကိုယ္စားဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့ပါတယ္၊ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးမင္းသူက ဂုဏ္ျပဳအမွာစကား ေျပာၾကားရာတြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္က ဒီကိစၥအေပၚ အေလးအနက္ထားၿပီး ေသေသခ်ာခ်ာ ေမးျမန္းၿပီးမွ ဂုဏ္ျပဳလႊာမ်ားကို လက္မွတ္ေရးထိုး ေပးပို႔ျခင္း ျဖစ္ေၾကာင္း၊ အဖြဲ႕ေခါင္းေဆာင္ ကပၸတိန္၏ စီမံခန္႔ခြဲမႈ၊ အဖြဲ႕ဝင္မ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈ အားလုံး ေကာင္းမြန္ေသာေၾကာင့္သာ ခရီးသည္မ်ား ေဘးအႏၲရာယ္ ကင္းရွင္းေအာင္ ပ်ံသန္း ဆင္းသက္ႏိုင္ခဲ့ျခင္း ျဖစ္သည္ဟု ယုံၾကည္ပါေၾကာင္း၊ ဂုဏ္ျပဳပါေၾကာင္း၊ ေနာင္ကို ပ်ံသန္းေရး တာဝန္ ဆက္လက္ ထမ္းေဆာင္ၾကရာမွာ “Teamwork is the key to success, teamwork is the key to achieve” ဆိုသည့္ ေဆာင္ပုဒ္အတိုင္း လိုက္နာၾကမည္ဆိုလွ်င္ ခရီးသည္မ်ား၏ အသက္ အိုးအိမ္ စည္းစိမ္မ်ားကို ယခုလိုပဲ ကာကြယ္ ေစာင့္ေရွာက္ႏိုင္မည္ျဖစ္ ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ယင္းေနာက္၊ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးဦးသန႔္ဇင္ေမာင္မွဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့ၾကၿပီး Captain ျမတ္မိုးေအာင္၊ FO ေကာင္းဆက္လင္း၊ FO မ်ိဳးသီဟေအာင္၊ cabin crew မ်ားအျဖစ္ မခ်ယ္ရီျမင့္၊ မေကဂ်ာဆန္ေအာင္၊မခိုင္ဇာလင္း၊ မဥမၼာေအာင္တို႔ အား ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္ဆန္းစုၾကည္ေပးအပ္သည့္ ဂုဏ္ျပဳမွတ္တမ္းကိုျပည္ေထာင္စုအစိုးရ အဖြဲ႕႐ုံးျပည္ေထာင္စုဝန္ႀကီးဦးမင္းသူမွေပးအပ္ျခင္းပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ဂုဏ္ျပဳမွတ္တမ္းကိုပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးဦးသန႔္ဇင္ေမာင္မွေပးအပ္ခဲ့ၾကပါတယ္၊UP-103 ခရီးစဥ္ တြင္လိုက္ပါခဲ့ သည့္ ခရီးသည္မ်ား ကိုယ္စားျမန္မာေနရွင္နယ္လိ ခ္ ၏အမႈေဆာင္အရာရွိခ်ဳပ္ ဦးစိုးမိုးေက်ာ္မွ ဂုဏ္ျပဳ စကားေျပာၾကားျခင္း၊ ၊UP-103ခရီးစဥ္တြင္ တာဝန္ထမ္းေဆာင္ခဲ့ သည့္ ေလယာဥ္အဖြဲ႕သားမ်ား ကိုယ္စားေလယာဥ္မႉးႀကီးဦးျမတ္မိုးေအာင္မွ ေက်းဇူးတင္စကားေျပာၾကားခဲ့ၾကပါတယ္။  
 
PTG
ေနျပည္ေတာ္၊ေမ-၁၆