လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပဋိပက္ခများကို လျှော့ချပြီး နိုင်ငံရေး ဆွေးနွေးမှုမှတဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ NCA လက်မှတ်ရေးထိုး ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ တိုက်တွန်း

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပဋိပက္ခများကို လျှော့ချပြီး နိုင်ငံရေး ဆွေးနွေးမှုမှတဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ NCA လက်မှတ်ရေးထိုး ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  တိုက်တွန်း

အစိုးရ၊တပ်မတော်နှင့်ညီနောင်မဟာမိတ်(၃)ဖွဲ့တို့အကြား လတ်တလောဖြစ်ပွားနေသော ပဋိပက ္ခများနှင့် ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော တိုက်ပွဲတို့ကို နှစ်ဖက်စလုံးမှ လျှော့ချပြီး နိုင်ငံရေး ဆွေးနွေးမှုမှတဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ဒီကနေ့ သြဂုတ် ၂၅ ရက်တွင် နောက်ဆုံးနေ့အဖြစ် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးကနေ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အကောင်အထည်ဖော်မှု အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများကို ဖြေရှင်းကျော်လွှားနိုင် ရေးအတွက် “တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်” တစ်ရပ်ကို စနစ် တကျရေးဆွဲချမှတ်ပြီး အစိုးရနှင့် ဆွေးနွေးသဘောတူညီမှုရယူရန် အတည်ပြု ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ပါဝင်သင့် ပါဝင်ထိုက် သောအင်အားစုများအားလုံး ပါဝင်လာနိုင်မည့် အခင်းအကျင်း ဖော်ဆောင်နိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ဒီ(၅)ရက်တာတိုင်တိုင် ကျင်းပခဲ့တဲ့ ကျနော်တို့PPST အစည်း အဝေးဟာ အားလုံးအတွက် ထိုက်သင့်တဲ့၊ လက်ခံနိုင်တဲ့၊ ကောင်းမွန်တဲ့၊ အပြုသဘော ဆောင်တဲ့ ရလဒ်ကောင်းတွေ ရရှိခဲ့လို့ ကျနော်အနေနဲ့ အင်မ တန်မှဝမ်းမြောက်မိပါတယ်။ ဒီလိုရလဒ်ကောင်းတွေ ရရှိအောင် ရင်းနှီး ပွင့်လင်းစွာ အကျေအလည် ဝိုင်းဝန်း ဆွေးနွေးပေးကြတဲ့ ခေါင်းဆောင်များကိုလည်း အထူးကျေးဇူး တင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။

မွန်ပြည်သစ်ပါတီ(NMSP)နဲ့ လားဟူဒီမိုကရက်တစ် အစည်းရုံး (LDU)တို့ဟာ ဒီအစည်းအဝေးမှာ PPSTရဲ့ တင်းပြည့်အဖွဲ့ဝင်တွေအဖြစ် ဝင်ရောက်လာတဲ့အတွက် ကျနော်တို့ရဲ့ စုဖွဲ့မှုနဲ့ စုစည်းအားကို အား သစ်လောင်းပေးခဲ့တာဖြစ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ကျေးဇူး ဥပကာရ တင်ရှိ ပါတယ်။ဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး အခြေအနေတွေ ကို ဝိုင်းဝန်း သုံးသပ်နိုင်ခဲ့လို့ ရှေ့ လုပ်ငန်းစဉ် ချမှတ်ရာမှာ များစွာ အထောက်အကူဖြစ်ခဲ့ပါတယ်။”လို့ (PPST) အဖွဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ၎င်းနိဂုံးချုပ် မိန့်ခွန်းမှာထည့်သွင်း ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ယခုသြဂုတ်လ ၂၁ ရက်မှ ဒီကနေ့ သြဂုတ် ၂၅ ရက်နေ့အထိ ကျင်းပခဲ့ သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးသို့ NCA လက်မှတ်ရေး ထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PPST အဖွဲ့ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များ၊နည်းပညာ အထောက်အကူပြုများနှင့် ရုံးအဖွဲ့ဝင်များစုစုပေါင်း(၇၂)ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြေသိမ်း
ချင်းမိုင်၊သြဂုတ် ၂၅
ဓါတ်ပုံ - NCA –S EAO 

(  Zawgyi  )

 အစိုးရ၊တပ္မေတာ္ႏွင့္ညီေနာင္မဟာမိတ္(၃)ဖြဲ႕တို႔အၾကား လတ္တေလာျဖစ္ပြားေနေသာ ပဋိပက ၡမ်ားႏွင့္ ရခိုင္ျပည္နယ္အတြင္း၌ ျဖစ္ပြားေနေသာ တိုက္ပြဲတို႔ကို ႏွစ္ဖက္စလုံးမွ ေလွ်ာ့ခ်ၿပီး ႏိုင္ငံေရး ေဆြးေႏြးမႈမွတဆင့္ ၿငိမ္းခ်မ္းစြာ ေျဖရွင္းၾကဖို႔ တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ (NCA)ကို လက္မွတ္ေရးထိုးထားၾကေသာ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႕ အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕(PPST)က တိုက္တြန္းလိုက္ပါတယ္။

ဒါ့အျပင္ ဒီကေန႔ ၾသဂုတ္ ၂၅ ရက္တြင္ ေနာက္ဆုံးေန႔အျဖစ္ ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕တြင္ က်င္းပခဲ့တဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕(PPST)အစည္းအေဝးကေန တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)အေကာင္အထည္ေဖာ္မႈ အပါအဝင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ ႀကဳံေတြ႕ေနရသည့္ တစ္ဆို႔မႈမ်ားကို ေျဖရွင္းေက်ာ္လႊားႏိုင္ ေရးအတြက္ “တစ္ႏိုင္ငံလုံး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာမူေဘာင္” တစ္ရပ္ကို စနစ္ တက်ေရးဆြဲခ်မွတ္ၿပီး အစိုးရႏွင့္ ေဆြးေႏြးသေဘာတူညီမႈရယူရန္ အတည္ျပဳ ခ်မွတ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ထို႔အတူ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးတြင္ ပါဝင္သင့္ ပါဝင္ထိုက္ ေသာအင္အားစုမ်ားအားလုံး ပါဝင္လာႏိုင္မည့္ အခင္းအက်င္း ေဖာ္ေဆာင္ႏိုင္ေရးႏွင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေအာင္ျမင္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ အင္အားစုမ်ားႏွင့္အတူ ႀကိဳးပမ္းေဆာင္႐ြက္ သြားမွာျဖစ္တယ္လို႔လည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕(PPST)က သတင္းထုတ္ျပန္ခဲ့ပါတယ္။

“ဒီ(၅)ရက္တာတိုင္တိုင္ က်င္းပခဲ့တဲ့ က်ေနာ္တို႔PPST အစည္း အေဝးဟာ အားလုံးအတြက္ ထိုက္သင့္တဲ့၊ လက္ခံႏိုင္တဲ့၊ ေကာင္းမြန္တဲ့၊ အျပဳသေဘာ ေဆာင္တဲ့ ရလဒ္ေကာင္းေတြ ရရွိခဲ့လို႔ က်ေနာ္အေနနဲ႔ အင္မ တန္မွဝမ္းေျမာက္မိပါတယ္။ ဒီလိုရလဒ္ေကာင္းေတြ ရရွိေအာင္ ရင္းႏွီး ပြင့္လင္းစြာ အေက်အလည္ ဝိုင္းဝန္း ေဆြးေႏြးေပးၾကတဲ့ ေခါင္းေဆာင္မ်ားကိုလည္း အထူးေက်းဇူး တင္ရွိ ပါေၾကာင္း ေျပာၾကားလိုပါတယ္။

မြန္ျပည္သစ္ပါတီ(NMSP)နဲ႔ လားဟူဒီမိုကရက္တစ္ အစည္း႐ုံး (LDU)တို႔ဟာ ဒီအစည္းအေဝးမွာ PPSTရဲ႕ တင္းျပည့္အဖြဲ႕ဝင္ေတြအျဖစ္ ဝင္ေရာက္လာတဲ့အတြက္ က်ေနာ္တို႔ရဲ႕ စုဖြဲ႕မႈနဲ႔ စုစည္းအားကို အား သစ္ေလာင္းေပးခဲ့တာျဖစ္လို႔ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြရဲ႕ ေခါင္းေဆာင္ေတြကို ေက်းဇူး ဥပကာရ တင္ရွိ ပါတယ္။ဒီအစည္းအေဝးမွာ လက္ရွိႏိုင္ငံေရး၊ စစ္ေရး၊ ၿငိမ္းခ်မ္းေရး အေျခအေနေတြ ကို ဝိုင္းဝန္း သုံးသပ္ႏိုင္ခဲ့လို႔ ေရွ႕ လုပ္ငန္းစဥ္ ခ်မွတ္ရာမွာ မ်ားစြာ အေထာက္အကူျဖစ္ခဲ့ပါတယ္။”လို႔ (PPST) အဖြဲ႕ ယာယီအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က ၎နိဂုံးခ်ဳပ္ မိန႔္ခြန္းမွာထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕တြင္ ယခုၾသဂုတ္လ ၂၁ ရက္မွ ဒီကေန႔ ၾသဂုတ္ ၂၅ ရက္ေန႔အထိ က်င္းပခဲ့ သည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST)အစည္းအေဝးသို႔ NCA လက္မွတ္ေရး ထိုး ထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ PPST အဖြဲ႕ေခါင္းေဆာင္မ်ား၊ ကိုယ္စားလွယ္ မ်ား၊နည္းပညာ အေထာက္အကူျပဳမ်ားႏွင့္ ႐ုံးအဖြဲ႕ဝင္မ်ားစုစုေပါင္း(၇၂)ဦး တက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ေျပသိမ္း
ခ်င္းမိုင္၊ၾသဂုတ္ ၂၅
ဓါတ္ပုံ - NCA –S EAO