လင်ငယ်နေသည်ဟု စွပ်စွဲကာ ခေါင်းနှင့်ခန္ဓာ နှစ်ပိုင်းပိုင်းပြီး သတ်ဖြတ်မှု စဉ့်ကူးတွင် ဖြစ်ပွား

လင်ငယ်နေသည်ဟု စွပ်စွဲကာ ခေါင်းနှင့်ခန္ဓာ နှစ်ပိုင်းပိုင်းပြီး သတ်ဖြတ်မှု စဉ့်ကူးတွင် ဖြစ်ပွား

ဇနီးမယားဖြစ်သူအား လင်ငယ်နေတယ်လို့ စွပ်စွဲပြီး ဦးခေါင်းနဲ့ခန္ဓာကိုယ် ပိုင်းဖြတ်သတ်လိုက်တဲ့ ဖြစ်စဉ်တစ်ခု စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ မနေ့ကဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးဆီက သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ဆင်သေကျေးရွာအုပ်စု ရွာသာကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် ခင်ပွန်းဖြစ်သူက အသက် ၃၅ နှစ် အရွယ် ဇနီးဖြစ်သူအား စွပ်စွဲသတ်ဖြတ်လိုက်တာပါ။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ မ...........ဆိုသူဟာ နေအိမ်အတွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးရဲ့ တိုင်ကြားမှုကြောင့် နယ်မြေခံစခန်းမှူးနဲ့အဖွဲ့ဟာ သက်သေတွေနဲ့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တာမှာ မ............ဟာ ဦးခေါင်းနဲ့ခန္ဓာကိုယ် သီးခြားစီဖြစ်ပြီး မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရကြောင်း၊ မ..........အား သတ်ဖြတ်ခဲ့သူဟာ မ.............ရဲ့ ခင်ပွန်းဖြစ်သူ မှိုင်းေ၀ ကိုင်တိုင် ထင်းခုတ်ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ ကျေးရွာတာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရကြောင်း၊ တစ်ရွာတည်းနေ ဒေါ်အေးမြ ဟာ အခင်းဖြစ်ညက နေအိမ်ထဲရှိနေစဉ် မှိုင်းေ၀ ရောက်လာပြီး ကလေးထိန်းပေးဖို့ ပြောဆိုအပ်နှံကာ ပြန်ထွက်သွားစဉ် မှိုင်းေ၀ ရဲ့ သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် ၆ တန်းကျောင်းသူ မ.......ဒေါ်အေးမြ ီ ရောက်လာကြောင်း၊ ၎င်းမှ အမေတော့သေပြီ အဖေနဲ့ရန်ဖြစ်ပြီး အဖေသတ်လို့ အမေသေပြီလို့ ပြောကြောင်း၊ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေါ်အေးမြ က ကျေးရွာတာဝန်ရှိသူတွေဆီ အကြောင်းကြားလို့ သိရတာဖြစ်ကြောင်း၊ မှိုင်းေ၀ ကို မနက် ၁၁ နာရီခွဲအချိန်မှာပဲ ၎င်းရဲ့အစ်မဖြစ်သူ နေအိမ်မှာ သွားရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မှိုင်းဝေအား စစ်ဆေးရာမှာ ၎င်းဟာ အခင်းဖြစ်ညက ဇနီးဖြစ်သူအား လင်ငယ်နေတယ်လို့ စွပ်စွဲပြီး စကားများရန်ဖြစ်ခဲ့ကြောင်း၊ အဲဒီနောက် ဇနီးဖြစ်သူ အိပ်ပျော်နေစဉ် နေအိမ်တွင်း အသင့်ရှိနေတဲ့ ထင်းခုတ်ဓားမနဲ့ လည်ပင်းအား ခုတ်သတ်ဖြတ်တောက်ကာ တစ်ရွာတည်းနေ အစ်မဖြစ်သူအိမ်ဆီ သွားနေကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ သက်သေခံဓားမနဲ့အတူ မှိုင်းဝေအား ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြထားပါတယ်။

ဖြစ်စဉ်အပေါ် နယ်မြေခံရဲစခန်းက (ပ) ၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

KT
မန္တလေး၊ ဇူလိုင် - ၁၀

( Zawgyi )



ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ မ...........ဆိုသူဟာ နေအိမ်အတွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးရဲ့ တိုင်ကြားမှုကြောင့် နယ်မြေခံစခန်းမှူးနဲ့အဖွဲ့ဟာ သက်သေတွေနဲ့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တာမှာ မ............ဟာ ဦးခေါင်းနဲ့ခန္ဓာကိုယ် သီးခြားစီဖြစ်ပြီး မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရကြောင်း၊ မ..........အား သတ်ဖြတ်ခဲ့သူဟာ မ.............ရဲ့ ခင်ပွန်းဖြစ်သူ မှိုင်းဝေ ကိုင်တိုင် ထင်းခုတ်ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ ကျေးရွာတာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရကြောင်း၊ တစ်ရွာတည်းနေ ဒေါ်အေးမြ ဟာ အခင်းဖြစ်ညက နေအိမ်ထဲရှိနေစဉ် မှိုင်းဝေ ရောက်လာပြီး ကလေးထိန်းပေးဖို့ ပြောဆိုအပ်နှံကာ ပြန်ထွက်သွားစဉ် မှိုင်းဝေ ရဲ့ သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် ၆ တန်းကျောင်းသူ မ.......ဒေါ်အေးမြီ ရောက်လာကြောင်း၊ ၎င်းမှ အမေတော့သေပြီ အဖေနဲ့ရန်ဖြစ်ပြီး အဖေသတ်လို့ အမေသေပြီလို့ ပြောကြောင်း၊ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေါ်အေးမြ က ကျေးရွာတာဝန်ရှိသူတွေဆီ အကြောင်းကြားလို့ သိရတာဖြစ်ကြောင်း၊ မှိုင်းဝေ ကို မနက် ၁၁ နာရီခွဲအချိန်မှာပဲ ၎င်းရဲ့အစ်မဖြစ်သူ နေအိမ်မှာ သွားရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မှိုင်းဝေအား စစ်ဆေးရာမှာ ၎င်းဟာ အခင်းဖြစ်ညက ဇနီးဖြစ်သူအား လင်ငယ်နေတယ်လို့ စွပ်စွဲပြီး စကားများရန်ဖြစ်ခဲ့ကြောင်း၊ အဲဒီနောက် ဇနီးဖြစ်သူ အိပ်ပျော်နေစဉ် နေအိမ်တွင်း အသင့်ရှိနေတဲ့ ထင်းခုတ်ဓားမနဲ့ လည်ပင်းအား ခုတ်သတ်ဖြတ်တောက်ကာ တစ်ရွာတည်းနေ အစ်မဖြစ်သူအိမ်ဆီ သွားနေကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ သက်သေခံဓားမနဲ့အတူ မှိုင်းဝေအား ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြထားပါတယ်။


KT
မန္တလေး၊ ဇူလိုင် - ၁၀