လားရှိုးမြို့ရှိ စစ်ဘေးသင့် မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေး ဂေဟာအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိ အဆောက်အဦးများ ဆောက်လုပ်လှူဒါန်း

လားရှိုးမြို့ရှိ စစ်ဘေးသင့် မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေး ဂေဟာအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိ အဆောက်အဦးများ ဆောက်လုပ်လှူဒါန်း

လားရှိုးမြို့၊ (၁) ရပ်ကွက်၊ ထင်းရှူးမြိုင်အိမ်ယာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စစ်ဘေးသင့် မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေး ဂေဟာအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျပ် ၁,၅၅၂ သိန်း တန်ဖိုးရှိ အဆောက်အဦးများ ဆောက်လုပ်လှူဒါန်းပေးရန် စတင်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဘေးသင့် မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေးဂေဟာ (လားရှိုးမြို့) တွင် စစ်ဘေးသင့် ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးပြီး ကျောင်းပညာနှင့် အသက်မွေးပညာများ သင်ကြားပေးခြင်းဖြင့် ကလေးသူငယ်များ ဘဝတွင် မိမိကိုယ်ကိုယ် ရပ်တည်နေထိုင်လာနိုင်စေရန် ရည်ရွယ်ပြီး ဂေဟာဖြစ်မြောက်ရေးအတွက် စာရေးဆရာ ထင်လင်းဦး၏ ပညာရိပ်မွန် ပရဟိတနှင့် လူမှုကူညီရေးအသင်းနှင့် လားရှိုးမြို့ ဒေသခံများ အပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၃ ဦးတို့က ဦးဆောင်ပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုဂေဟာ တည်ထောင်ရခြင်း ရည်ရွယ်ချက်ဖြစ်မြောက်စေရေး၊ ဂေဟာဖွင့်လှစ်နိုင်ရန်အတွက် လိုအပ်ချက်များရှိကြောင်း သိရှိရ၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ တာဝန်ခံမှ လားရှိုးမြို့သို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဂေဟာတွင် ၃ ထပ် မိန်းကလေးဆောင် တစ်ဆောင်၊ မီးဖိုခန်းနှင့် ထမင်းစားဆောင် တစ်ဆောင်တို့ ဆောက်လုပ်ရန် လိုအပ်နေသေးကြောင်း သိရှိခဲ့ရသဖြင့် ထိုဂေဟာ အမြန်ဆုံးအကောင်အထည်ဖော်ပြီး ဖွင့်လှစ်နိုင်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက Czech Republic Humanitarian Aid ၏ အကူအညီဖြင့် ငွေကျပ် ၁,၅၅၂ သိန်း တန်ဖိုးရှိ steel structure ၃ ထပ်ဆောင် ၁ ဆောင်၊ မီးဖိုခန်းနှင့် ထမင်းစားဆောင် (၁) ထပ် အဆောက်အဦးတစ်လုံးတို့ကို ဆောက်လုပ်ပေးရန်အတွက် သြဂုတ် ၂၈ ရက်နေ့က အဆိုပါဂေဟာဝန်းအတွင်း ပန္နက်ရိုက်ခြင်းတို့ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် အဆောက်အဦး ဆောက်လုပ်ခြင်း လုပ်ငန်းများပြီးစီး၍ ဂေဟာဖွင့်လှစ်သည့်အခါတွင်လည်း သက်မွေးပညာသင်တန်း ပို့ချပေးရေးအတွက်လိုအပ်သော အကူအညီများကို ဆက်လက်ကူညီပံ့ပိုးပေးသွားမယ်လို့လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ သြဂုတ် - ၂၉
ဓါတ်ပုံ - ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

( Zawgyi )

လားရႈိးၿမိဳ႕၊ (၁) ရပ္ကြက္၊ ထင္းရွဴးၿမိဳင္အိမ္ယာအနီးတြင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိသည့္ စစ္ေဘးသင့္ မိဘမဲ့ကေလးမ်ား ျပဳစုပ်ိဳးေထာင္ေရး ေဂဟာအတြက္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက က်ပ္ ၁,၅၅၂ သိန္း တန္ဖိုးရွိ အေဆာက္အဦးမ်ား ေဆာက္လုပ္လႉဒါန္းေပးရန္ စတင္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

အဆိုပါ စစ္ေဘးသင့္ မိဘမဲ့ကေလးမ်ား ျပဳစုပ်ိဳးေထာင္ေရးေဂဟာ (လားရႈိးၿမိဳ႕) တြင္ စစ္ေဘးသင့္ ကေလးသူငယ္မ်ားအား ျပဳစုပ်ိဳးေထာင္ေပးၿပီး ေက်ာင္းပညာႏွင့္ အသက္ေမြးပညာမ်ား သင္ၾကားေပးျခင္းျဖင့္ ကေလးသူငယ္မ်ား ဘဝတြင္ မိမိကိုယ္ကိုယ္ ရပ္တည္ေနထိုင္လာႏိုင္ေစရန္ ရည္႐ြယ္ၿပီး ေဂဟာျဖစ္ေျမာက္ေရးအတြက္ စာေရးဆရာ ထင္လင္းဦး၏ ပညာရိပ္မြန္ ပရဟိတႏွင့္ လူမႈကူညီေရးအသင္းႏွင့္ လားရႈိးၿမိဳ႕ ေဒသခံမ်ား အပါအဝင္ အလုပ္အမႈေဆာင္အဖြဲ႕ဝင္ ၁၃ ဦးတို႔က ဦးေဆာင္ၿပီး ေဆာင္႐ြက္ေနတာျဖစ္တယ္လို႔ ဆိုပါတယ္။

ထိုေဂဟာ တည္ေထာင္ရျခင္း ရည္႐ြယ္ခ်က္ျဖစ္ေျမာက္ေစေရး၊ ေဂဟာဖြင့္လွစ္ႏိုင္ရန္အတြက္ လိုအပ္ခ်က္မ်ားရွိေၾကာင္း သိရွိရ၍ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း၏ တာဝန္ခံမွ လားရႈိးၿမိဳ႕သို႔ သြားေရာက္ၿပီး ကြင္းဆင္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ကြင္းဆင္းစစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ ေဂဟာတြင္ ၃ ထပ္ မိန္းကေလးေဆာင္ တစ္ေဆာင္၊ မီးဖိုခန္းႏွင့္ ထမင္းစားေဆာင္ တစ္ေဆာင္တို႔ ေဆာက္လုပ္ရန္ လိုအပ္ေနေသးေၾကာင္း သိရွိခဲ့ရသျဖင့္ ထိုေဂဟာ အျမန္ဆုံးအေကာင္အထည္ေဖာ္ၿပီး ဖြင့္လွစ္ႏိုင္ရန္အတြက္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက Czech Republic Humanitarian Aid ၏ အကူအညီျဖင့္ ေငြက်ပ္ ၁,၅၅၂ သိန္း တန္ဖိုးရွိ steel structure ၃ ထပ္ေဆာင္ ၁ ေဆာင္၊ မီးဖိုခန္းႏွင့္ ထမင္းစားေဆာင္ (၁) ထပ္ အေဆာက္အဦးတစ္လုံးတို႔ကို ေဆာက္လုပ္ေပးရန္အတြက္ ၾသဂုတ္ ၂၈ ရက္ေန႔က အဆိုပါေဂဟာဝန္းအတြင္း ပႏၷက္႐ိုက္ျခင္းတို႔ကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အေဆာက္အဦး ေဆာက္လုပ္ျခင္း လုပ္ငန္းမ်ားၿပီးစီး၍ ေဂဟာဖြင့္လွစ္သည့္အခါတြင္လည္း သက္ေမြးပညာသင္တန္း ပို႔ခ်ေပးေရးအတြက္လိုအပ္ေသာ အကူအညီမ်ားကို ဆက္လက္ကူညီပံ့ပိုးေပးသြားမယ္လို႔လည္း ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ၾသဂုတ္ - ၂၉
ဓါတ္ပုံ - ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း