လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံပယ်ချခံရ မူလ ချမှတ်ထား သည့် သေဒဏ်ကို ဆက်လက်အတည်ပြု

လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံပယ်ချခံရ မူလ ချမှတ်ထား သည့် သေဒဏ်ကို ဆက်လက်အတည်ပြု

ထိုင်းနိုင်ငံ၊လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ဒီကနေ့မှာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ဗဟိုတရားရုံးကနေ ပယ်ချလိုက်ပြီး ယခင်မူလ ကော့စမွီခရိုင်တရားရုံးက ချမှတ်ခဲ့တဲ့ သေဒဏ်ကိုသာပြန်လည်ကျခံဖို့ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

လိပ်ကျွန်းလူသတ်မှုဖြင့်စွပ်စွဲခံရသည့် မြန်မာလူငယ်နှစ်ဦးရဲ့ နောက်ဆုံးအယူခံဖတ်ကြားမှုကို ဒီကနေ့ သြဂုတ် ၂၉ ရက်၊နံနက် ၁၀ နာရီ အချိန် မှစတင်ပြီး မွန်းလွဲ ၁ နာရီအချိန် အထိ ဗဟိုတရားရုံးကနေဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်ကို ဘန်ကောက်မြို့ရှိ နွန်ထဘုရီ ခရိုင် တရားရုံးမှ တစ်ဆင့် တရားသူကြီးတွေကဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ထိုင်းနိုင်ငံ၊တရားရုံးက ဖတ်ကြားခဲ့တဲ့ အယူခံဆုံးဖြတ်ချက်တွင် တရားခံတွေရဲ့သက်သေ တင်ပြလာချက်က သက်သေခိုင်လုံမှု မရှိကြောင်းနဲ့ တရားခံနှစ်ဦးကိုရဲစခန်းမှရိုက်နှက်ဝန်ခံခိုင်း တယ်ဆိုတာဟာလည်း တရားခံတွေမှာအနာတရ ဒဏ်ရာဒဏ်ချက်တွေ မတွေ့ရကြောင်း တရားသူကြီးတွေ ဖတ်ကြားသွားခဲ့တယ်လို့ ဒီကနေ့ နောက်ဆုံးအယူခံဖတ်ကြားမှုကို သွားရောက်နားထောင်ခဲ့ကြသူများက ဆိုပါတယ်။

နွန်ထဘုရီခရိုင်တရားရုံးသို့ သွားရောက်ခဲ့သည့် မြန်မာသံရုံးအထူးဖွဲ့ဝင်၊ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က လိပ်ကျွန်းအမှုတွင်သေဒဏ်ကျခံခဲ့ရသူ မောင်ဇော်လင်း က သူတို့တကယ်သတ်ခဲ့တာမဟုတ်ကြောင်း နှင့် မြန်မာအစိုးရ အနေနဲ့ အတတ်နိုင်ဆုံးကူညီပေးကြဖို့ ကိုလည်းပြောကြားခဲ့ကြောင်း သူရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အဆိုပါအမှုအတွက် အယူခံလျှောက်တင်မှုကို ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် ဗဟိုတရားရုံးသို့ လျှောက်တင်ထားခြင်းဖြစ်ပြီး ဗဟိုတရားရုံး၏အမိန့်ကို နွန်ထဘူရီခရိုင်တရားရုံး မှတဆင့်ဖတ်ကြားပေးခဲ့ကာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ကတော့ ထိုင်းဘုရင်မင်းမြတ် ထံသို့ ဆက်လက်၍ အသနားခံစာတင်လို့ရသေးကြောင်း ထိုင်းရှေ့နေတွေက အကြံပေးခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းအမှုမှာ ထိုင်းနိုင်ငံ၊ကော့စမွီခရိုင်၊ ကော့တောင်ကျွန်း(လိပ်ကျွန်း)ဆိုင်ရီးကမ်းခြေတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသားနှစ်ဦးကို ပြင်းထန် သောဒဏ်ရာများဖြင့် သေဆုံးစေမှုနှင့်ပတ်သက်၍ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးဖြစ်သည့် မောင်ဝင်းဇော်ထွန်းနှင့်မောင်ဇော်လင်း(ဝင်းနှင့်ဇော်)တို့အား တရားခံများအဖြစ်ထိုင်းနိုင်ငံရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

ပြေသိမ်း
ဘန်ကောက်၊သြဂုတ် ၂၉ 

(  Zawgyi  )

 ထိုင္းႏိုင္ငံ၊လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္က်ခံေနရတဲ့ ျမန္မာလူငယ္ႏွစ္ဦးရဲ႕ ေနာက္ဆုံးအယူခံကို ဒီကေန႔မွာ ထိုင္းႏိုင္ငံရဲ႕ အျမင့္ဆုံး တရား႐ုံးျဖစ္တဲ့ဗဟိုတရား႐ုံးကေန ပယ္ခ်လိုက္ၿပီး ယခင္မူလ ေကာ့စမြီခ႐ိုင္တရား႐ုံးက ခ်မွတ္ခဲ့တဲ့ ေသဒဏ္ကိုသာျပန္လည္က်ခံဖို႔ အတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။

လိပ္ကြၽန္းလူသတ္မႈျဖင့္စြပ္စြဲခံရသည့္ ျမန္မာလူငယ္ႏွစ္ဦးရဲ႕ ေနာက္ဆုံးအယူခံဖတ္ၾကားမႈကို ဒီကေန႔ ၾသဂုတ္ ၂၉ ရက္၊နံနက္ ၁၀ နာရီ အခ်ိန္ မွစတင္ၿပီး မြန္းလြဲ ၁ နာရီအခ်ိန္ အထိ ဗဟိုတရား႐ုံးကေနဆုံးျဖတ္လိုက္ေသာ ဆုံးျဖတ္ခ်က္ကို ဘန္ေကာက္ၿမိဳ႕ရွိ ႏြန္ထဘုရီ ခ႐ိုင္ တရား႐ုံးမွ တစ္ဆင့္ တရားသူႀကီးေတြကဖတ္ၾကားေပးခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ ထိုင္းႏိုင္ငံ၊တရား႐ုံးက ဖတ္ၾကားခဲ့တဲ့ အယူခံဆုံးျဖတ္ခ်က္တြင္ တရားခံေတြရဲ႕သက္ေသ တင္ျပလာခ်က္က သက္ေသခိုင္လုံမႈ မရွိေၾကာင္းနဲ႔ တရားခံႏွစ္ဦးကိုရဲစခန္းမွ႐ိုက္ႏွက္ဝန္ခံခိုင္း တယ္ဆိုတာဟာလည္း တရားခံေတြမွာအနာတရ ဒဏ္ရာဒဏ္ခ်က္ေတြ မေတြ႕ရေၾကာင္း တရားသူႀကီးေတြ ဖတ္ၾကားသြားခဲ့တယ္လို႔ ဒီကေန႔ ေနာက္ဆုံးအယူခံဖတ္ၾကားမႈကို သြားေရာက္နားေထာင္ခဲ့ၾကသူမ်ားက ဆိုပါတယ္။

ႏြန္ထဘုရီခ႐ိုင္တရား႐ုံးသို႔ သြားေရာက္ခဲ့သည့္ ျမန္မာသံ႐ုံးအထူးဖြဲ႕ဝင္၊ပညာေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးေဖာင္ေဒရွင္းမွ အမႈေဆာင္ဒါ႐ိုက္တာ ဦးထူးခ်စ္က လိပ္ကြၽန္းအမႈတြင္ေသဒဏ္က်ခံခဲ့ရသူ ေမာင္ေဇာ္လင္း က သူတို႔တကယ္သတ္ခဲ့တာမဟုတ္ေၾကာင္း ႏွင့္ ျမန္မာအစိုးရ အေနနဲ႔ အတတ္ႏိုင္ဆုံးကူညီေပးၾကဖို႔ ကိုလည္းေျပာၾကားခဲ့ေၾကာင္း သူရဲ႕ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

အဆိုပါအမႈအတြက္ အယူခံေလွ်ာက္တင္မႈကို ထိုင္းႏိုင္ငံ၏ အျမင့္ဆုံးတရား႐ုံးျဖစ္သည့္ ဗဟိုတရား႐ုံးသို႔ ေလွ်ာက္တင္ထားျခင္းျဖစ္ၿပီး ဗဟိုတရား႐ုံး၏အမိန႔္ကို ႏြန္ထဘူရီခ႐ိုင္တရား႐ုံး မွတဆင့္ဖတ္ၾကားေပးခဲ့ကာ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္အေနနဲ႔ကေတာ့ ထိုင္းဘုရင္မင္းျမတ္ ထံသို႔ ဆက္လက္၍ အသနားခံစာတင္လို႔ရေသးေၾကာင္း ထိုင္းေရွ႕ေနေတြက အႀကံေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ယင္းအမႈမွာ ထိုင္းႏိုင္ငံ၊ေကာ့စမြီခ႐ိုင္၊ ေကာ့ေတာင္ကြၽန္း(လိပ္ကြၽန္း)ဆိုင္ရီးကမ္းေျခတြင္ ၂၀၁၄ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္ေန႔က ၿဗိတိန္ႏိုင္ငံသားႏွစ္ဦးကို ျပင္းထန္ ေသာဒဏ္ရာမ်ားျဖင့္ ေသဆုံးေစမႈႏွင့္ပတ္သက္၍ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၂ ဦးျဖစ္သည့္ ေမာင္ဝင္းေဇာ္ထြန္းႏွင့္ေမာင္ေဇာ္လင္း(ဝင္းႏွင့္ေဇာ္)တို႔အား တရားခံမ်ားအျဖစ္ထိုင္းႏိုင္ငံရဲတပ္ဖြဲ႕က စြပ္စြဲဖမ္းဆီးခဲ့ျခင္းျဖစ္ပါတယ္။

ေျပသိမ္း
ဘန္ေကာက္၊ၾသဂုတ္ ၂၉