လူမျိုးကြီးအယူအဆနှင့် ကျဉ်းမြောင်းသော လူမျိုးစွဲအယူအဆတို့ မရှိကြဘဲ တိုင်းရင်းသားအရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ သူရဦးရွှေမန်း ပြောကြား

လူမျိုးကြီးအယူအဆနှင့် ကျဉ်းမြောင်းသော လူမျိုးစွဲအယူအဆတို့ မရှိကြဘဲ တိုင်းရင်းသားအရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ သူရဦးရွှေမန်း ပြောကြား

လူမျိုးကြီးအယူအဆနှင့် ကျဉ်းမြောင်းသော လူမျိုးစွဲအယူအဆတို့ မရှိကြဘဲ တိုင်းရင်းသားအရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ခေါင်းဆောင် သူရဦးရွှေမန်း က တိုက်တွန်းပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဇူလိုင် ၅ ရက်နေ့က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တတားကျေးရွာမှာ ပြုလုပ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် လူထုတွေ့ဆုံပွဲတွင် ပါတီခေါင်းဆောင် သူရဦးရွှေမန်း က အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံ့ဝန်ထမ်းတာဝန်နှင့် ပြည်သူ့ဝန်ထမ်းတာဝန်တို့ကို ကာလရှည်ကြာစွာ ထမ်းဆောင်ရချိန်တွင် နယ်စပ်ဒေသများ အပါအဝင် ပြည်ထောင်စုတစ်ဝန်း အကြားအလပ်မရှိ ရောက်ရှိတာဝန်ထမ်းဆောင်ရသဖြင့် ပြည်သူများ၏ အခြေအနေ၊ အထူးသဖြင့် တိုင်းရင်းသားများ၏ အခြေအနေတို့ကို ကောင်းစွာနားလည် သိရှိထားပါတယ်။လူမျိုးကြီးနှင့် ကျဉ်းမြောင်းသော လူမျိုးစွဲဆိုသည့် အစွန်းရောက် အယူအဆတို့ မရှိကြဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ခံယူဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေး၊ ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်ရေးတို့ကို ဆောင်ရွက်ရာတွင် တိုင်းရင်းသားများ၏ အရေးကို အဓိကထားစဉ်းစား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” လို့ UBP ပါတီခေါင်းဆောင် သူရဦးရွှေမန်း က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားများနှင့် ဆွေးနွေးညှိနှိုင်းပြီး ပြည်နယ်ကောင်းကျိုး၊ ပြည်ထောင်စုကောင်းကျိုးကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြလျှင် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ပြည်သူများ၏ ယုံကြည်စွာ တာဝန်ပေးအပ်မှုကို ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်း က ယင်းလူထုတွေ့ဆုံပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

 

အဆိုပါတွေ့ဆုံပွဲတွင် တရားဥပဒေစိုးမိုးရေး၊ ဥပဒေရေးရာကိစ္စရပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသူ ဒေသခံများဖြင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဇူလိုင် - ၆
ဓါတ်ပုံ - UBP ပါတီ

( Zawgyi )

လူမ်ိဳးႀကီးအယူအဆႏွင့္ က်ဥ္းေျမာင္းေသာ လူမ်ိဳးစြဲအယူအဆတို႔ မရွိၾကဘဲ တိုင္းရင္းသားအေရးကို ျပည္ေထာင္စုစိတ္ဓာတ္ျဖင့္ ေဆြးေႏြးညႇိႏႈိင္း ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ (UBP) ေခါင္းေဆာင္ သူရဦးေ႐ႊမန္း က တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဇူလိုင္ ၅ ရက္ေန႔က မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ဥတၱတားေက်း႐ြာမွာ ျပဳလုပ္တဲ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီႏွင့္ လူထုေတြ႕ဆုံပြဲတြင္ ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္း က အထက္ပါအတိုင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ႏိုင္ငံ့ဝန္ထမ္းတာဝန္ႏွင့္ ျပည္သူ႔ဝန္ထမ္းတာဝန္တို႔ကို ကာလရွည္ၾကာစြာ ထမ္းေဆာင္ရခ်ိန္တြင္ နယ္စပ္ေဒသမ်ား အပါအဝင္ ျပည္ေထာင္စုတစ္ဝန္း အၾကားအလပ္မရွိ ေရာက္ရွိတာဝန္ထမ္းေဆာင္ရသျဖင့္ ျပည္သူမ်ား၏ အေျခအေန၊ အထူးသျဖင့္ တိုင္းရင္းသားမ်ား၏ အေျခအေနတို႔ကို ေကာင္းစြာနားလည္ သိရွိထားပါတယ္။လူမ်ိဳးႀကီးႏွင့္ က်ဥ္းေျမာင္းေသာ လူမ်ိဳးစြဲဆိုသည့္ အစြန္းေရာက္ အယူအဆတို႔ မရွိၾကဘဲ ျပည္ေထာင္စုစိတ္ဓာတ္ျဖင့္ ခံယူေဆာင္႐ြက္ၾကရမွာ ျဖစ္ပါတယ္။ဖက္ဒရယ္ ဒီမိုကေရစီႏိုင္ငံ တည္ေထာင္ေရး၊ ၿငိမ္းခ်မ္းေရး၊ ေသြးစည္းညီၫြတ္ေရးတို႔ကို ေဆာင္႐ြက္ရာတြင္ တိုင္းရင္းသားမ်ား၏ အေရးကို အဓိကထားစဥ္းစား ေဆာင္႐ြက္ၾကရမွာ ျဖစ္ပါတယ္” လို႔ UBP ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္း က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ တိုင္းရင္းသားမ်ားႏွင့္ ေဆြးေႏြးညႇိႏႈိင္းၿပီး ျပည္နယ္ေကာင္းက်ိဳး၊ ျပည္ေထာင္စုေကာင္းက်ိဳးကို ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကလွ်င္ ယခုထက္ပိုမိုဖြံ႕ၿဖိဳးတိုးတက္မည္ဟု ယုံၾကည္ပါေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ႏိုင္ရန္ ျပည္သူမ်ား၏ ယုံၾကည္စြာ တာဝန္ေပးအပ္မႈကို ရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ ျဖစ္ပါေၾကာင္း ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္း က ယင္းလူထုေတြ႕ဆုံပြဲမွာ ထည့္သြင္းေျပာၾကားခဲ့ပါေသးတယ္။

အဆိုပါေတြ႕ဆုံပြဲတြင္ တရားဥပေဒစိုးမိုးေရး၊ ဥပေဒေရးရာကိစၥရပ္မ်ား၊ စီးပြားေရး၊ စိုက္ပ်ိဳးေရး၊ ပညာေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ေရး၊ ပါတီစည္း႐ုံးေရးႏွင့္ ပါတီဖြဲ႕စည္းေရးဆိုင္ရာ ကိစၥရပ္မ်ားကို တက္ေရာက္လာၾကသူ ေဒသခံမ်ားျဖင့္ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဇူလိုင္ - ၆
ဓါတ္ပုံ - UBP ပါတီ