လူမှုကူညီရေးအသင်း မှ ယာဉ်များ မီးသတ်ဥသြသံဖြင့် မောင်းနှင်ခြင်းမပြုလုပ်ရန်အသိပေး

 
လူမှုကူညီရေးအသင်း မှ ယာဉ်များ မီးသတ်ဥသြသံဖြင့် မောင်းနှင်ခြင်းမပြုလုပ်ရန်အသိပေး

လူမှုကူညီရေးအသင်း မှ မော်တော်ယာဉ်များ သွားလာရာတွင် ပြည်သူများအထိတ်တလန့်ဖြစ်စေသည့် မီးသတ်ဥသြသံဖြင့် မောင်းနှင်ခြင်း မပြုလုပ် ရန် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် မန္တလေး ယာဉ်ထိန်းရဲတပ်ဖွဲ့ မှမေတ္တာရပ်ခံ အသိပေးခဲ့ပါတယ်။

 ကျောက်ဆည်မြို့၊ရန်ကုန်- မန္တလေး ကားလမ်းပေါ်တွင် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် မြစ်သားမြို့နယ်၊ ရေဝန်းကျေးရွာ ရှိ စေတနာဖြူစင် ပရဟိတ လူမှုကူညီရေးအသင်းမှ ယာဉ် တစ်စီးသည် အရေးပေါ်မီးသတ်တပ်ဖွဲ့အသုံးပြုနေသည့် ဥသြသံ အား ကျယ်လောင်စွာ ဖွင့်လျှက် မောင်းနှင် ခဲ့မှုကြောင့် ပြည်သူများအထိတ်တလန့် ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းအား ထိုသို့ မီးသတ်ဥသြသံဖွင့်လှစ်၍ မောင်းနှင်ခြင်းမပြုလုပ်ရန် ပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လူနာတင်ယာဉ်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့ မှလည်း အဓိကထားဦးစားပေးရှင်းလင်းပေးလျှက်ရှိသည်ဖြစ်ရာ မလိုလားအပ်သော အထိတ်တလန့် မှုများ မဖြစ်စေရေးအတွက် သတ်မှတ် ထားသည့် လူနာတင်ယာဉ်များ အသုံးပြုသည့် ဥသြသံကိုသာ လူမှုကူညီရေးအသင်း များအနေဖြင့် အသုံးပြုကြဖို့ မေတ္တာရပ်ခံ အသိပေး ချက်ထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ကျောက်ဆည်၊ ဇူလိုင် ၁၀

(  Zawgyi  )

 လူမႈကူညီေရးအသင္း မွ ေမာ္ေတာ္ယာဥ္မ်ား သြားလာရာတြင္ ျပည္သူမ်ားအထိတ္တလန႔္ျဖစ္ေစသည့္ မီးသတ္ဥၾသသံျဖင့္ ေမာင္းႏွင္ျခင္း မျပဳလုပ္ ရန္ ယေန႔ ဇူလိုင္လ ၁၀ ရက္ေန႔တြင္ မႏၲေလး ယာဥ္ထိန္းရဲတပ္ဖြဲ႕ မွေမတၱာရပ္ခံ အသိေပးခဲ့ပါတယ္။

 ေက်ာက္ဆည္ၿမိဳ႕၊ရန္ကုန္- မႏၲေလး ကားလမ္းေပၚတြင္ ယေန႔ ဇူလိုင္လ ၁၀ ရက္ နံနက္ ၁၀ နာရီ ၁၀ မိနစ္ အခ်ိန္ခန႔္တြင္ ျမစ္သားၿမိဳ႕နယ္၊ ေရဝန္းေက်း႐ြာ ရွိ ေစတနာျဖဴစင္ ပရဟိတ လူမႈကူညီေရးအသင္းမွ ယာဥ္ တစ္စီးသည္ အေရးေပၚမီးသတ္တပ္ဖြဲ႕အသုံးျပဳေနသည့္ ဥၾသသံ အား က်ယ္ေလာင္စြာ ဖြင့္လွ်က္ ေမာင္းႏွင္ ခဲ့မႈေၾကာင့္ ျပည္သူမ်ားအထိတ္တလန္႔ ျဖစ္ပြားခဲ့ရာ ယာဥ္ေမာင္းအား ထိုသို႔ မီးသတ္ဥၾသသံဖြင့္လွစ္၍ ေမာင္းႏွင္ျခင္းမျပဳလုပ္ရန္ ပညာေပးေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

လူနာတင္ယာဥ္မ်ားကို ယာဥ္ထိန္းရဲတပ္ဖြဲ႕ မွလည္း အဓိကထားဦးစားေပးရွင္းလင္းေပးလွ်က္ရွိသည္ျဖစ္ရာ မလိုလားအပ္ေသာ အထိတ္တလန္႔ မႈမ်ား မျဖစ္ေစေရးအတြက္ သတ္မွတ္ ထားသည့္ လူနာတင္ယာဥ္မ်ား အသုံးျပဳသည့္ ဥၾသသံကိုသာ လူမႈကူညီေရးအသင္း မ်ားအေနျဖင့္ အသုံးျပဳၾကဖို႔ ေမတၱာရပ္ခံ အသိေပး ခ်က္ထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေက်ာက္ဆည္၊ ဇူလိုင္ ၁၀