လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတွင် မိုးများမည်

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတွင် မိုးများမည်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေတယ်လို့ မိုး/ဇလ မှ ယနေ့ စက်တင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီအချိန်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင် မိုးပိုလာနိုင်တယ်လို့ မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က Opinion Leaders Media ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

“လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ကမ်းရိုးတန်းမှာ မုတ်သုံလေ အားကောင်းလာမယ်။မိုးများလာနိုင်တယ်” လို့ ဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်းသည် စက်တင်ဘာလ ၃ ရက်နေ့တွင် အိန္ဒိယကမ်းခြေသို့ ဝင်ရောက်သွားနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုးတန်းမှလွဲပြီး အခြားသောဒေသများသို့ အကျိုးသက်ရောက်မှု နည်းပါးစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ စက်တင်ဘာ ၂

( Zawgyi )

ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းတြင္ ေလဖိအားနည္းရပ္ဝန္း ျဖစ္ေပၚေနတယ္လို႔ မိုး/ဇလ မွ ယေန႔ စက္တင္ဘာလ ၂ ရက္ မြန္းလြဲ ၂ နာရီအခ်ိန္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္း အရွိန္ေၾကာင့္ ရခိုင္ကမ္း႐ိုးတန္းေဒသမ်ားတြင္ မိုးပိုလာႏိုင္တယ္လို႔ မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး က Opinion Leaders Media ရဲ႕ ေမးျမန္းမႈကို ေျဖၾကားခဲ့ပါတယ္။

“ေလဖိအားနည္းရပ္ဝန္းေၾကာင့္ ရခိုင္ကမ္း႐ိုးတန္းမွာ မုတ္သုံေလ အားေကာင္းလာမယ္။မိုးမ်ားလာႏိုင္တယ္” လို႔ ဆိုပါတယ္။

ေလဖိအားနည္းရပ္ဝန္းသည္ စက္တင္ဘာလ ၃ ရက္ေန႔တြင္ အိႏၵိယကမ္းေျခသို႔ ဝင္ေရာက္သြားႏိုင္သည့္အတြက္ ျမန္မာႏိုင္ငံတြင္ ရခိုင္ကမ္း႐ိုးတန္းမွလြဲၿပီး အျခားေသာေဒသမ်ားသို႔ အက်ိဳးသက္ေရာက္မႈ နည္းပါးေစမွာျဖစ္တယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ စက္တင္ဘာ ၂