လောင်းလုံ နှင့် ရေဖြူ မြို့နယ် ရှိ ဒေသခံများ မှ တူမီးသေနတ် ၁၁၅ လက် နှင့် လက်လုပ်သေနတ် ၂ လက် လာရောက်အပ်နှံ

လောင်းလုံ နှင့် ရေဖြူ မြို့နယ် ရှိ ဒေသခံများ မှ  တူမီးသေနတ် ၁၁၅ လက် နှင့် လက်လုပ်သေနတ် ၂ လက် လာရောက်အပ်နှံ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံ နှင့် ရေဖြူမြို့နယ်ရှိ ဒေသခံများ မှ တူမီးသေနတ် ၁၁၅ လက် နှင့် လက်လုပ်သေနတ် ၂ လက် လာရောက်အပ်နှံခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၉ခုနှစ်၊ မေလ ၉ ရက်နေ့ က လောင်းလုံးမြို့နယ် နယ်မြေအတွင်းရှိ ကျေးရွာများမှ ရွာသားများအား တူမီးသေနတ်များ ကိုင်ဆောင်ခြင်း မပြုရန် ကိုင်ဆောင်ပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ စည်းရုံးဟောပြောခဲ့သည့်အတွက် မောင်းမကန် နယ်မြေရဲစခန်းသို့ တူမီးသေနတ် ၅ လက်၊ ပြုလုပ်ဆဲ တူမီးသေနတ် ၁ လက်၊ သကျက်တောရဲကင်းစခန်းသို့ သပြေရှောင်ကျေးရွာအုပ်စုမှ တူမီး သေနတ် ၁ လက်၊ ကျောက်တွင်းကျေးရွာအုပ်စုမှ တူမီးသေနတ် ၅ လက်၊ လုံးလောင်းမြို့မရဲစခန်းသို့ ပြင်ချောင်းကျေးရွာအုပ်စုမှ တူမီးသေနတ် ၃ လက်၊ သဗျာကျေးရွာအုပ်စုမှ တူမီးသေနတ် ၁ လက်၊ စုစုပေါင်း တူမီး သေနတ် ၁၆ လက်အား အသီးသီး လာရောက်အပ်နှံ ခဲ့တယ်လို့ ဆိုပါတယ်။

ရေဖြူမြို့နယ်ရှိ ကျေးရွာများတွင်လည်း ရွာသားများတူမီးသေနတ် ကိုင်ဆောင်ခြင်းမပြုရန် ကိုင်ဆောင်ပါ ကဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စည်းရုံးဟောပြောခဲ့သည့်အတွက် မေလ ၇ ရက်နေ့က မင်းသားကျေးရွာပါ ၅ ရွာမှ ကံပေါက်နယ်မြေရဲစခန်းသို့ တူမီးသေနတ် ၂၃ လက်နှင့် လက်လုပ် သေနတ် ၂ လက်တို့အား လာရောက်အပ်နှံခဲ့ပါတယ်။မေလ ၅ ရက်နေ့ ကလည်း အ.လ.က.တွဲ (နတ်ကြီးစင်) ၌ နတ်ကြီးစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီနှင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးစန်းမြင့်(ခ)ဦးခေါင်းတုန်း တို့မှ တူမီးသေနတ် ၇၆ လက်အား ရဲအုပ် ဝင်းမြင့်ထံ အပ်နှံခဲ့သဖြင့် ကံပေါက်နယ်မြေရဲစခန်း လက်နက် တိုက်တွင် သိမ်းဆည်းထားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
တနင်္သာရီ၊ မေ ၁၀

(  Zawgyi  )

 
တနသၤာရီတိုင္းေဒသႀကီး၊ ေလာင္းလုံ ႏွင့္ ေရျဖဴၿမိဳ႕နယ္ရွိ ေဒသခံမ်ား မွ တူမီးေသနတ္ ၁၁၅ လက္ ႏွင့္ လက္လုပ္ေသနတ္ ၂ လက္ လာေရာက္အပ္ႏွံခဲ့တယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

၂၀၁၉ခုႏွစ္၊ ေမလ ၉ ရက္ေန႔ က ေလာင္းလုံးၿမိဳ႕နယ္ နယ္ေျမအတြင္းရွိ ေက်း႐ြာမ်ားမွ ႐ြာသားမ်ားအား တူမီးေသနတ္မ်ား ကိုင္ေဆာင္ျခင္း မျပဳရန္ ကိုင္ေဆာင္ပါက ဥပေဒအရ အေရးယူေဆာင္႐ြက္ သြားမည္ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ စည္း႐ုံးေဟာေျပာခဲ့သည့္အတြက္ ေမာင္းမကန္ နယ္ေျမရဲစခန္းသို႔ တူမီးေသနတ္ ၅ လက္၊ ျပဳလုပ္ဆဲ တူမီးေသနတ္ ၁ လက္၊ သက်က္ေတာရဲကင္းစခန္းသို႔ သေျပေရွာင္ေက်း႐ြာအုပ္စုမွ တူမီး ေသနတ္ ၁ လက္၊ ေက်ာက္တြင္းေက်း႐ြာအုပ္စုမွ တူမီးေသနတ္ ၅ လက္၊ လုံးေလာင္းၿမိဳ႕မရဲစခန္းသို႔ ျပင္ေခ်ာင္းေက်း႐ြာအုပ္စုမွ တူမီးေသနတ္ ၃ လက္၊ သဗ်ာေက်း႐ြာအုပ္စုမွ တူမီးေသနတ္ ၁ လက္၊ စုစုေပါင္း တူမီး ေသနတ္ ၁၆ လက္အား အသီးသီး လာေရာက္အပ္ႏွံ ခဲ့တယ္လို႔ ဆိုပါတယ္။

ေရျဖဴၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားတြင္လည္း ႐ြာသားမ်ားတူမီးေသနတ္ ကိုင္ေဆာင္ျခင္းမျပဳရန္ ကိုင္ေဆာင္ပါ ကဥပေဒအရ အေရးယူ ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း စည္း႐ုံးေဟာေျပာခဲ့သည့္အတြက္ ေမလ ၇ ရက္ေန႔က မင္းသားေက်း႐ြာပါ ၅ ႐ြာမွ ကံေပါက္နယ္ေျမရဲစခန္းသို႔ တူမီးေသနတ္ ၂၃ လက္ႏွင့္ လက္လုပ္ ေသနတ္ ၂ လက္တို႔အား လာေရာက္အပ္ႏွံခဲ့ပါတယ္။ေမလ ၅ ရက္ေန႔ ကလည္း အ.လ.က.တြဲ (နတ္ႀကီးစင္) ၌ နတ္ႀကီးစင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးညီညီႏွင့္ ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးစန္းျမင့္(ခ)ဦးေခါင္းတုန္း တို႔မွ တူမီးေသနတ္ ၇၆ လက္အား ရဲအုပ္ ဝင္းျမင့္ထံ အပ္ႏွံခဲ့သျဖင့္ ကံေပါက္နယ္ေျမရဲစခန္း လက္နက္ တိုက္တြင္ သိမ္းဆည္းထားတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
တနသၤာရီ၊ ေမ ၁၀