လွိုင်ကော်တွင် ဆိုင်ကယ်ဖြင့် လုယက်သည့် လူငယ် ၃ ဦးအား CCTV မှတ်တမ်းမှ တဆင့် ဖမ်းဆီးရမိ

လွိုင်ကော်တွင် ဆိုင်ကယ်ဖြင့် လုယက်သည့် လူငယ် ၃ ဦးအား CCTV မှတ်တမ်းမှ တဆင့် ဖမ်းဆီးရမိ

လွိုင်ကော်တွင် ဆိုင်ကယ်ဖြင့် လုယက်သည့် လူငယ် ၃ ဦးအား မေလ ၁၅ ရက်နေ့က CCTV မှတ်တမ်းမှတဆင့် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှ သိရှိရပါတယ်။

ဖြစ်စဉ်မှာ မေလ ၁၃ ရက် မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် လွိုင်ကော်မြို့၊ဒေါဥခူရပ်ကွက်၊ဦးသီရိလမ်းအတိုင်း ဒေါ်သီတာကျော် မောင်းနှင် လာသည့်  ဆိုင်ကယ်ရှေ့ခြင်းအတွင်းမှ စလင်းဘတ်အိတ်အား လားရာတူ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ် ၃ ဦး အဖွဲ့မှ စလင်းဘတ် အိတ်အား ဆွဲနှိုက်ထွက်ပြေးခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်သီတာကျော်မှ တရားလိုပြုလုပ်တိုင်တန်းတဲ့ အတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးရာ CCTV မှတ်တမ်းဖြင့် လုယက်သွားသူများ၏ပုံကို ရရှိခဲ့ပြီး လိုက်လံဖမ်းဆီးခဲ့ရာ မေလ ၁၅ ရက်နေ့တွင် မိုင်းလုံရပ်ကွက်နေ ချစ်သိန်း၊ဖုန်းအောင် နှင့် အောင်ဇေယျဟိန်း တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ် နှင့်ပတ်သက်၍ လွိုင်ကော်မြို့မ ရဲစခန်းက (ပ)၁၃၆/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ချစ်သိန်းပါ ၃ ဦး ကို ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက် လျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
လွိုင်ကော်၊ မေ ၁၆ 

(  Zawgyi  )

 လြိဳင္ေကာ္တြင္ ဆိုင္ကယ္ျဖင့္ လုယက္သည့္ လူငယ္ ၃ ဦးအား ေမလ ၁၅ ရက္ေန႔က CCTV မွတ္တမ္းမွတဆင့္ ဖမ္းဆီးရမိခဲ့တယ္လို႔ ျပည္နယ္ရဲတပ္ဖြဲ႕မွ သိရွိရပါတယ္။

ျဖစ္စဥ္မွာ ေမလ ၁၃ ရက္ မြန္းလြဲ ၁ နာရီ အခ်ိန္ခန႔္တြင္ လြိဳင္ေကာ္ၿမိဳ႕၊ေဒါဥခူရပ္ကြက္၊ဦးသီရိလမ္းအတိုင္း ေဒၚသီတာေက်ာ္ ေမာင္းႏွင္ လာသည့္  ဆိုင္ကယ္ေရွ႕ျခင္းအတြင္းမွ စလင္းဘတ္အိတ္အား လားရာတူ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ လူငယ္ ၃ ဦး အဖြဲ႕မွ စလင္းဘတ္ အိတ္အား ဆြဲႏႈိက္ထြက္ေျပးခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဒၚသီတာေက်ာ္မွ တရားလိုျပဳလုပ္တိုင္တန္းတဲ့ အတြက္ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ ေဆးရာ CCTV မွတ္တမ္းျဖင့္ လုယက္သြားသူမ်ား၏ပုံကို ရရွိခဲ့ၿပီး လိုက္လံဖမ္းဆီးခဲ့ရာ ေမလ ၁၅ ရက္ေန႔တြင္ မိုင္းလုံရပ္ကြက္ေန ခ်စ္သိန္း၊ဖုန္းေအာင္ ႏွင့္ ေအာင္ေဇယ်ဟိန္း တို႔ကို ဖမ္းဆီးရမိခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္ ႏွင့္ပတ္သက္၍ လြိဳင္ေကာ္ၿမိဳ႕မ ရဲစခန္းက (ပ)၁၃၆/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၂ ျဖင့္ အမႈဖြင့္လွစ္ခဲ့ၿပီး ခ်စ္သိန္းပါ ၃ ဦး ကို ဥပေဒႏွင့္အညီ တရားစြဲဆိုႏိုင္ေရးအတြက္ ဆက္လက္ ေဆာင္႐ြက္ လွ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
လြိဳင္ေကာ္၊ ေမ ၁၆