လှည့်ကင်းအား ဓားထောင်ပြကာ လေးခွဖြင့် ပစ်ပြေးသည့် သစ်မှောင်ခိုကားကြောင့် မင်္ဂလာဒုံတွင် ရဲတပ်ဖွဲဝင်တစ်ဦးဒဏ်ရာရကာ ပစ်ခတ်ဖမ်းဆီးခဲ့ရ

လှည့်ကင်းအား ဓားထောင်ပြကာ လေးခွဖြင့် ပစ်ပြေးသည့် သစ်မှောင်ခိုကားကြောင့် မင်္ဂလာဒုံတွင် ရဲတပ်ဖွဲဝင်တစ်ဦး ဒဏ်ရာရကာ ပစ်ခတ်ဖမ်းဆီးခဲ့ရ

သစ်မှောင်ခိုကားတစ်စီးအားတားဆီးရာမှ လေးခွဖြင့်ပစ်ကာ မောင်းပြေးသဖြင့် ရဲတပ်ဖွဲဝင် တစ်ဦး ဒဏ်ရာရကာ ပစ်ခတ်ဖမ်းဆီးရသည့် ဖြစ်စဉ်တစ်ခု ဇွန် ၉ ရက်နံနက်ပိုင်းက မင်္ဂလာဒုံတွင် ဖြစ်ပွားခဲ့ကြောင်း ရဲဇာနည်သတင်းဖော်ပြချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၉ ရက်နေ့ နံနက်စောစော ၆ နာရီအချိန် ရဲလှည့်ကင်းယာဉ်ဖြင့် နယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက်စဉ် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာ၊ ဇေကမ္ဘာ R (၁၁)လမ်းပေါ်တွင် မောင်းနှင်လာသော 2D×××× (၆)ဘီးယာဉ်အား မသင်္ကာဖွယ်တွေ့ရှိ၍ တားဆီး စစ်ဆေးရန်ပြုလုပ်စဉ် ရပ်တန့်ပေးခြင်းမရှိသည့်အပြင် ကားခေါင်း ခန်းပါလူများမှဓားရှည်များ ထောင်ပြ ကာ လေးခွဖြင့်စတင်ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် (၁)ဦး၏ ဝဲပုခုံးထိမှန်ဖူးယောင်ဒဏ်ရာရရှိခဲ့ကာ  ၎င်းယာဉ်က ဆက်လက် မောင်းနှင်ထွက်ပြေး သွားကြောင်း၊ အဆိုပါယာဉ်ထွက်ပြေးလွတ်မြောက်စေရန် 9C××××MARK II ယာဉ်မှ လှည့်ကင်းယာဉ်အား တားဆီး ပိတ်ဆို့မောင်းနှင်နေခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းယာဉ်အား လှည့်ကင်းယာဉ်မှ ကျော်တက်ပြီး(၆)ဘီးယာဉ်အား ဆက်လက်လိုက်လံဖမ်းဆီးစဉ် ထောက် ကြန့်မြို့၊ လမ်းဆုံအရောက် ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်တားဆီးရာ ယာဉ်၏နောက်ဘီးအား ထိမှန်ပြီး ၎င်းယာဉ် သည် အမှတ်(၃) လမ်းမကြီး ပိတ်ဆို့ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ်အတားအဆီးများ အားလည်းကောင်း၊ အမြန် လမ်း မကြီးတိုးဂိတ်မောင်းတံအားလည်းကောင်း ဝင်တိုက်၍ ဆက်လက် မောင်းနှင်ထွက်ပြေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၆/၁)အနီးတွင် ရပ်တန့် သွားခဲ့ပါတယ်။

ထိုသို့ရပ်တန့်စဉ် အဆိုပါယာဉ် အပေါ်ပါသူများမှာ တိမ်းရှောင်သွားခဲ့ပြီး ယာဉ်ပေါ်၌ ကျွန်းခွဲသားဆိုဒ်စုံ (၄ဒသမ ၉၄၃၄)တန် အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက် သွား မည်ဖြစ်တယ်လို့ သိရပါတယ်။

KZ
ရန်ကုန်၊ဇွန် ၁၀

(  Zawgyi  )

 သစ္ေမွာင္ခိုကားတစ္စီးအားတားဆီးရာမွ ေလးခြျဖင့္ပစ္ကာ ေမာင္းေျပးသျဖင့္ ရဲတပ္ဖြဲဝင္ တစ္ဦး ဒဏ္ရာရကာ ပစ္ခတ္ဖမ္းဆီးရသည့္ ျဖစ္စဥ္တစ္ခု ဇြန္ ၉ ရက္နံနက္ပိုင္းက မဂၤလာဒုံတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲဇာနည္သတင္းေဖာ္ျပခ်က္အရ သိရပါတယ္။

ျဖစ္စဥ္မွာ မဂၤလာဒုံၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ ဇြန္လ ၉ ရက္ေန႔ နံနက္ေစာေစာ ၆ နာရီအခ်ိန္ ရဲလွည့္ကင္းယာဥ္ျဖင့္ နယ္ေျမ အတြင္း လွည့္ကင္းေဆာင္႐ြက္စဥ္ မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္းကြၽန္းႀကီး ေက်း႐ြာ၊ ေဇကမာၻ R (၁၁)လမ္းေပၚတြင္ ေမာင္းႏွင္လာေသာ 2D×××× (၆)ဘီးယာဥ္အား မသကၤာဖြယ္ေတြ႕ရွိ၍ တားဆီး စစ္ေဆးရန္ျပဳလုပ္စဥ္ ရပ္တန႔္ေပးျခင္းမရွိသည့္အျပင္ ကားေခါင္း ခန္းပါလူမ်ားမွဓားရွည္မ်ား ေထာင္ျပ ကာ ေလးခြျဖင့္စတင္ပစ္ခတ္ခဲ့ေသာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ (၁)ဦး၏ ဝဲပုခုံးထိမွန္ဖူးေယာင္ဒဏ္ရာရရွိခဲ့ကာ  ၎ယာဥ္က ဆက္လက္ ေမာင္းႏွင္ထြက္ေျပး သြားေၾကာင္း၊ အဆိုပါယာဥ္ထြက္ေျပးလြတ္ေျမာက္ေစရန္ 9C××××MARK II ယာဥ္မွ လွည့္ကင္းယာဥ္အား တားဆီး ပိတ္ဆို႔ေမာင္းႏွင္ေနျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ၎ယာဥ္အား လွည့္ကင္းယာဥ္မွ ေက်ာ္တက္ၿပီး(၆)ဘီးယာဥ္အား ဆက္လက္လိုက္လံဖမ္းဆီးစဥ္ ေထာက္ ၾကန႔္ၿမိဳ႕၊ လမ္းဆုံအေရာက္ ရဲတပ္ဖြဲ႕မွ သတိေပးပစ္ခတ္တားဆီးရာ ယာဥ္၏ေနာက္ဘီးအား ထိမွန္ၿပီး ၎ယာဥ္ သည္ အမွတ္(၃) လမ္းမႀကီး ပိတ္ဆို႔ရွာေဖြေရးဂိတ္ရွိ ဘယ္ရီဂိတ္အတားအဆီးမ်ား အားလည္းေကာင္း၊ အျမန္ လမ္း မႀကီးတိုးဂိတ္ေမာင္းတံအားလည္းေကာင္း ဝင္တိုက္၍ ဆက္လက္ ေမာင္းႏွင္ထြက္ေျပးၿပီး ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္(၆/၁)အနီးတြင္ ရပ္တန႔္ သြားခဲ့ပါတယ္။

ထိုသို႔ရပ္တန႔္စဥ္ အဆိုပါယာဥ္ အေပၚပါသူမ်ားမွာ တိမ္းေရွာင္သြားခဲ့ၿပီး ယာဥ္ေပၚ၌ ကြၽန္းခြဲသားဆိုဒ္စုံ (၄ဒသမ ၉၄၃၄)တန္ အား ေတြ႕ရွိ သိမ္းဆည္းရမိခဲ့သျဖင့္ ဥပေဒႏွင့္အညီ အမႈဖြင့္အေရးယူေဆာင္႐ြက္ သြား မည္ျဖစ္တယ္လို႔ သိရပါတယ္။

KZ
ရန္ကုန္၊ဇြန္ ၁၀