လှိုင်သာယာတွင် အလုပ်သမားအင်အား ၂၅ဝဝ ကျော်က အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်

လှိုင်သာယာတွင် အလုပ်သမားအင်အား ၂၅ဝဝ ကျော်က အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်

အခြေခံအလုပ်သမားအဖွဲ့အစည်း ၅ဝ ကျော်မှ အလုပ်သမားအင်အား ၂၅ဝဝ ကျော်က အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနဲ့ပတ်သက်ပြီး ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့၊ မနက်ပိုင်း၊ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းမှာ ကြွေးကြော်သံတွေနဲ့အတူ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အခြေခံအလုပ်သမားအဖွဲ့အစည်း ၅ဝ ကျော်က ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေဖြစ်ပြီး ဒီဆန္ဒထုတ်ဖော်ပွဲကိုလည်း IWFM ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြတောင်းဆိုမှုက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဦးတည်တောင်းဆိုတာဖြစ်ပြီး ဆန္ဒထုတ်ဖော်သူတွေက လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်း ဆိုင်းဘုတ်နားမှ ရန်ကုန်- ပုသိမ် လမ်းမကြီးအတိုင်း စီတန်းလမ်းလျှောက်ပြီး (BOC) အဝိုင်းမှ ရန်ကုန်-ညောင်တုန်း လမ်းမကြီးအတိုင်း၊ ရုံးရှေ့မှတ်တိုင်ထိ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။

“အခု ကျွန်မတို့ မြန်မာနိုင်ငံမှာ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ဥပဒေဆိုတာရှိတယ်။ဒါနဲ့ပတ်သက်ပြီးတော့ ၂ဝ၁၂ ကနေပြီးတော့မှ ဒီဥပဒေကို ကျင့်သုံးလာခဲ့တဲ့အခါမှာ ပြဿနာတွေ အများကြီးရှိတယ်။အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဒီအငြင်းပွားမှုဥပဒေတွေက ဖြေရှင်းပေးနိုင်မှုမရှိဘူး။ဒါကြောင့်မို့လို့ ကျွန်မတို့က ဒီအငြင်းပွားမှုဥပဒေကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတွေ ဆွေးနွေးပြီးတော့ ပြင်ဆင်ဖို့ ကြိုးစားခဲ့တယ်။အခုဆိုရင် ဒီအငြင်းပွားမှုဖြေရှင်းရေး ဥပဒေက ဒုတိယအကြိမ် ပြင်ဆင်ပြီးသွားပါပြီ။ဒါကတော့ ၆ လပိုင်း ၄ ရက်နေ့ကနေပြီးတော့မှ သမ္မတက အတည်ပြုပေးတာဖြစ်ပါတယ်။အဲ့ဒီတော့ ဒီဥပဒေက အခု ကျွန်မတို့ စပြီးကျင့်သုံးနေတဲ့အခါမှာ အကောင်အထည်ဖော် ဆောင်ရွက်မှုပိုင်းမှာ ပြဿနာအများကြီးရှိပါတယ်။ဒါကြောင့်မို့လို့ ကျွန်မတို့ ဒီနေ့ စုဝေးရောက်ရှိနေတာ ဖြစ်ပါတယ်” လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ IWFM ရဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင် က ပြောပါတယ်။

 

အလုပ်သမားတွေ အဓိကတောင်းဆိုခဲ့တဲ့ အချက် ၃ ချက်က အငြင်းပွားမှုများ ဖြေရှင်းရာမှာ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပါ “အခွင့်အရေးဆိုင်ရာ အငြင်းပွားမှု” လို့  အဓိပ္ပါယ်ဖွင့်ဆိုထားချက်အတိုင်း တိကျစွာ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ပေးစေရန်၊ အလုပ်ပြန်ရလိုတဲ့အတွက် တိုင်ကြားတဲ့ အငြင်းပွားမှုကို အကျိုးစီးပွားအဖြစ် အသိအမှတ်ပြု ဖြေရှင်းပေးစေရန်တို့ ဖြစ်ပါတယ်။နောက်တစ်ချက်က မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ၊ အလုပ်သမားဦးစီးဌာနများမှ ဆောင်ရွက်မှုများ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီပါက အစိုးရတာဝန်ရှိသူများ၊ ဝန်ကြီးဌာန တာဝန်ရှိသူများက လျင်မြန်စွာ စည်းကြပ်တည့်မတ်ပေးစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် - ၂၉
ဓာတ်ပုံ - CTUM Myanmar

( Zawgyi )

အေျခခံအလုပ္သမားအဖြဲ႕အစည္း ၅ဝ ေက်ာ္မွ အလုပ္သမားအင္အား ၂၅ဝဝ ေက်ာ္က အျငင္းပြားမႈေျဖရွင္းေရး ဥပေဒနဲ႔ပတ္သက္ၿပီး ဒီကေန႔ ၾသဂုတ္လ ၂၉ ရက္ေန႔၊ မနက္ပိုင္း၊ ရန္ကုန္ၿမိဳ႕၊ လႈိင္သာယာၿမိဳ႕နယ္အတြင္းမွာ ေႂကြးေၾကာ္သံေတြနဲ႔အတူ စီတန္းလွည့္လည္ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ဆႏၵျပရာမွာ ပါဝင္ခဲ့တဲ့ အေျခခံအလုပ္သမားအဖြဲ႕အစည္း ၅ဝ ေက်ာ္က ရန္ကုန္၊ ပဲခူး၊ မႏၲေလး၊ စစ္ကိုင္းတိုင္းေဒသႀကီးမွာရွိတဲ့ ျမန္မာႏိုင္ငံ ကုန္ထုတ္ႏွင့္ စက္မႈလက္မႈအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ (IWFM) ရဲ႕ အဖြဲ႕ဝင္ အဖြဲ႕အစည္းေတြျဖစ္ၿပီး ဒီဆႏၵထုတ္ေဖာ္ပြဲကိုလည္း IWFM ဦးေဆာင္ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဆႏၵျပေတာင္းဆိုမႈက ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကို ဦးတည္ေတာင္းဆိုတာျဖစ္ၿပီး ဆႏၵထုတ္ေဖာ္သူေတြက လႈိင္သာယာၿမိဳ႕နယ္၊ ပန္းလႈိင္ေဂါက္ကြင္း ဆိုင္းဘုတ္နားမွ ရန္ကုန္- ပုသိမ္ လမ္းမႀကီးအတိုင္း စီတန္းလမ္းေလွ်ာက္ၿပီး (BOC) အဝိုင္းမွ ရန္ကုန္-ေညာင္တုန္း လမ္းမႀကီးအတိုင္း၊ ႐ုံးေရွ႕မွတ္တိုင္ထိ စီတန္းလမ္းေလွ်ာက္ ဆႏၵျပခဲ့ၾကတာပါ။

“အခု ကြၽန္မတို႔ ျမန္မာႏိုင္ငံမွာ အလုပ္သမား အျငင္းပြားမႈေျဖရွင္းေရး ဥပေဒဆိုတာရွိတယ္။ဒါနဲ႔ပတ္သက္ၿပီးေတာ့ ၂ဝ၁၂ ကေနၿပီးေတာ့မွ ဒီဥပေဒကို က်င့္သုံးလာခဲ့တဲ့အခါမွာ ျပႆနာေတြ အမ်ားႀကီးရွိတယ္။အလုပ္သမားေတြရဲ႕ အခက္အခဲေတြကို ဒီအျငင္းပြားမႈဥပေဒေတြက ေျဖရွင္းေပးႏိုင္မႈမရွိဘူး။ဒါေၾကာင့္မို႔လို႔ ကြၽန္မတို႔က ဒီအျငင္းပြားမႈဥပေဒကို အစိုးရ၊ အလုပ္ရွင္၊ အလုပ္သမားေတြ ေဆြးေႏြးၿပီးေတာ့ ျပင္ဆင္ဖို႔ ႀကိဳးစားခဲ့တယ္။အခုဆိုရင္ ဒီအျငင္းပြားမႈေျဖရွင္းေရး ဥပေဒက ဒုတိယအႀကိမ္ ျပင္ဆင္ၿပီးသြားပါၿပီ။ဒါကေတာ့ ၆ လပိုင္း ၄ ရက္ေန႔ကေနၿပီးေတာ့မွ သမၼတက အတည္ျပဳေပးတာျဖစ္ပါတယ္။အဲ့ဒီေတာ့ ဒီဥပေဒက အခု ကြၽန္မတို႔ စၿပီးက်င့္သုံးေနတဲ့အခါမွာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မႈပိုင္းမွာ ျပႆနာအမ်ားႀကီးရွိပါတယ္။ဒါေၾကာင့္မို႔လို႔ ကြၽန္မတို႔ ဒီေန႔ စုေဝးေရာက္ရွိေနတာ ျဖစ္ပါတယ္” လို႔ ဆႏၵျပပြဲကို ဦးေဆာင္ခဲ့တဲ့ IWFM ရဲ႕ ဥကၠ႒ ေဒၚခိုင္ဇာေအာင္ က ေျပာပါတယ္။

အလုပ္သမားေတြ အဓိကေတာင္းဆိုခဲ့တဲ့ အခ်က္ ၃ ခ်က္က အျငင္းပြားမႈမ်ား ေျဖရွင္းရာမွာ အလုပ္သမား အျငင္းပြားမႈေျဖရွင္းေရး ဥပေဒပါ “အခြင့္အေရးဆိုင္ရာ အျငင္းပြားမႈ” လို႔  အဓိပၸါယ္ဖြင့္ဆိုထားခ်က္အတိုင္း တိက်စြာ လိုက္နာအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးေစရန္၊ အလုပ္ျပန္ရလိုတဲ့အတြက္ တိုင္ၾကားတဲ့ အျငင္းပြားမႈကို အက်ိဳးစီးပြားအျဖစ္ အသိအမွတ္ျပဳ ေျဖရွင္းေပးေစရန္တို႔ ျဖစ္ပါတယ္။ေနာက္တစ္ခ်က္က ၿမိဳ႕နယ္ညႇိႏႈိင္းဖ်န္ေျဖေရးအဖြဲ႕မ်ား၊ အလုပ္သမားဦးစီးဌာနမ်ားမွ ေဆာင္႐ြက္မႈမ်ား ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားနဲ႔ မကိုက္ညီပါက အစိုးရတာဝန္ရွိသူမ်ား၊ ဝန္ႀကီးဌာန တာဝန္ရွိသူမ်ားက လ်င္ျမန္စြာ စည္းၾကပ္တည့္မတ္ေပးေစလိုတဲ့ ရည္႐ြယ္ခ်က္ျဖစ္တယ္လို႔ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ - ၂၉
ဓာတ္ပုံ - CTUM Myanmar