သစ်တင်ဆောင်လာသည့် မော်တော်ယာဉ် ၃ စီးကို ရေး - ထားဝယ် ကားလမ်းပေါ်တွင် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

သစ်တင်ဆောင်လာသည့် မော်တော်ယာဉ် ၃ စီးကို ရေး - ထားဝယ် ကားလမ်းပေါ်တွင် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

တရားမဝင်သစ် တင်ဆောင်လာသည့် မော်တော်ယာဉ် ၃ စီးအား ရေဖြူမြို့နယ်၊ ရေး - ထားဝယ် ကားလမ်းပေါ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ သတင်းအရ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများသည် ရေဖြူမြို့နယ်၊ ရေး - ထားဝယ် ကားလမ်း၊ သက္ကယ်ကွက်ကျေးရွာအနီး မိုင်တိုင် (၂၄/၁)၊ (၂၇/၇) နှင့် နှမ်းကျဲကျေးရွာအနီး (၃၂/ဝ) နေရာတို့တွင် NISSAN DIESEL ယာဉ် ၂ စီး နှင့် (HINO) (၆) ဘီးယာဉ် ၁ စီးတို့ပေါ်မှ တရားမဝင် ပိတောက်/ကဘန်း/ကဒွတ်ခွဲသား (၃၀.၀၁၂၄) တန်အား ဖမ်းဆီးရမိခဲ့ပါတယ်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်စပ်ပတ်သက်သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရေဖြူ၊ ဇူလိုင် - ၁၅

( Zawgyi )

တရားမဝင္သစ္ တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ ၃ စီးအား ေရျဖဴၿမိဳ႕နယ္၊ ေရး - ထားဝယ္ ကားလမ္းေပၚတြင္ ဇူလိုင္လ ၁၃ ရက္ေန႔က ပိုင္ရွင္မဲ့ ဖမ္းဆီးရမိခဲ့တယ္လို႔ သစ္ေတာဦးစီးဌာနမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ သတင္းအရ တနသၤာရီတိုင္းေဒသႀကီး၊ သစ္ေတာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေဆာင္ေသာ သစ္ေတာဝန္ထမ္းမ်ားသည္ ေရျဖဴၿမိဳ႕နယ္၊ ေရး - ထားဝယ္ ကားလမ္း၊ သကၠယ္ကြက္ေက်း႐ြာအနီး မိုင္တိုင္ (၂၄/၁)၊ (၂၇/၇) ႏွင့္ ႏွမ္းက်ဲေက်း႐ြာအနီး (၃၂/ဝ) ေနရာတို႔တြင္ NISSAN DIESEL ယာဥ္ ၂ စီး ႏွင့္ (HINO) (၆) ဘီးယာဥ္ ၁ စီးတို႔ေပၚမွ တရားမဝင္ ပိေတာက္/ကဘန္း/ကဒြတ္ခြဲသား (၃၀.၀၁၂၄) တန္အား ဖမ္းဆီးရမိခဲ့ပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆက္စပ္ပတ္သက္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ စုံစမ္းစစ္ေဆးလွ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေရျဖဴ၊ ဇူလိုင္ - ၁၅