သတင်းမီဒီယာဝန်ထမ်းစာရင်းကောက်ယူ၍ အသိအမှတ်ပြုကဒ်ပြားများထုတ်ပေးမည် ။

 
သတင်းမီဒီယာဝန်ထမ်းစာရင်းကောက်ယူ၍ အသိအမှတ်ပြုကဒ်ပြားများထုတ်ပေးမည် ။

သတင်းမီဒီယာဝန်ထမ်းစာရင်းကောက်ယူ၍အသိအမှတ်ပြုကဒ်ပြားများထုတ်ပေးရန်သတင်းမီဒီယာကောင်စီနှင့်သဘောတူထားကြောင်းပြန်ကြားရေးဒုတိယဝန်ကြီးဦးအောင်လှထွန်းမှပြောပါတယ်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ကျင်းပပြုလုပ်သော တတိယအကြိမ် မဏ္ဍိုင်၄ရပ်တွေ့ဆုံပွဲ တွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်း မှအဖွင့်အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြား့ခဲခြင်းဖြစ်ပါတယ်။

 

"ကျွန်တော်တို့ မီဒီယာ cencessလို့ပဲသုံးထားပါတယ်။ မီဒီယာလုပ်ငန်း အရေအတွက်တွေ သတင်းမီဒီယာ လုပ်သားတွေ သတင်းမီဒီယာ ဝန်ထမ်းတွေကို ကျွန်တော်တို့စာရင်းကောက်ယူမယ် ။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ focal point အနေနဲ့ တာဝန်ယူဆောင်ရွက် မယ်။ ကျွန်တော်တို့ကတော့ပူးပေါင်းကူညီမယ်လို့ သဘောတူထားပါတယ်၊သတင်းသမားတွေကို ဒီလို စနစ်တကျ အသိအမှတ်ပြု ကဒ်ပြားတွေ ထုတ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ ဒီနေ့ ကြုံတွေ့နေရတဲ့ သတင်းသမားနဲ့ သတင်းဖြေကြားတဲ့ ပုဂ္ဂိုလ် တွေကြားမှာ မယုံကြည်မှုတွေ သံသယစိတ်တွေ ပပျောက်စေမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါ့အပြင် သတင်းမီဒီယာ လုပ်ငန်းတွေကို ထိုက်သင့် တဲ့အကူအညီ တွေပံ့ပိုးပေးဖို့အတွက် စဉ်းစားသုံးသပ်တဲ့အခါမှာလည်း အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။

 နိုင်ငံတကာမှာလည်း အတိအကျစာရင်းဇယားနဲ့မှတ်ထားတာရှိပါတယ်။ သတင်းမီဒီယာဥပဒေကိုပြန်လည်သုံးသပ်ဖို့ဟာလည်း သဘော တူထားပါတယ်။ Right to information law ကိုလည်း ဆက်လက်ပြီးတော့အကောင်အထည်ဖော်ဖို့ သဘောတူထားပါတယ် "ဟုဒုတိယဝန်ကြီး ဦးအောင်လှထွန်းမှပြောကြားခဲ့ပါတယ်။

PTG
 နေပြည်တော်၊ဧပြီ-၃၀။ 

(  Zawgyi  )

သတင္းမီဒီယာဝန္ထမ္းစာရင္းေကာက္ယူ၍အသိအမွတ္ျပဳကဒ္ျပားမ်ားထုတ္ေပးရန္သတင္းမီဒီယာေကာင္စီႏွင့္သေဘာတူထားေၾကာင္းျပန္ၾကားေရးဒုတိယဝန္ႀကီးဦးေအာင္လွထြန္းမွေျပာပါတယ္။

ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမတြင္ ယေန႔က်င္းပျပဳလုပ္ေသာ တတိယအႀကိမ္ မ႑ိဳင္၄ရပ္ေတြ႕ဆုံပြဲ တြင္ ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္း မွအဖြင့္အမွာစကားေျပာၾကားရာတြင္ထည့္သြင္းေျပာၾကား့ခဲျခင္းျဖစ္ပါတယ္။

"ကြၽန္ေတာ္တို႔ မီဒီယာ cencessလို႔ပဲသုံးထားပါတယ္။ မီဒီယာလုပ္ငန္း အေရအတြက္ေတြ သတင္းမီဒီယာ လုပ္သားေတြ သတင္းမီဒီယာ ဝန္ထမ္းေတြကို ကြၽန္ေတာ္တို႔စာရင္းေကာက္ယူမယ္ ။ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီကေန focal point အေနနဲ႔ တာဝန္ယူေဆာင္႐ြက္ မယ္။ ကြၽန္ေတာ္တို႔ကေတာ့ပူးေပါင္းကူညီမယ္လို႔ သေဘာတူထားပါတယ္၊သတင္းသမားေတြကို ဒီလို စနစ္တက် အသိအမွတ္ျပဳ ကဒ္ျပားေတြ ထုတ္ေပးျခင္းအားျဖင့္ ကြၽန္ေတာ္တို႔ ဒီေန႔ ႀကဳံေတြ႕ေနရတဲ့ သတင္းသမားနဲ႔ သတင္းေျဖၾကားတဲ့ ပုဂၢိဳလ္ ေတြၾကားမွာ မယုံၾကည္မႈေတြ သံသယစိတ္ေတြ ပေပ်ာက္ေစမယ္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။ ဒါ့အျပင္ သတင္းမီဒီယာ လုပ္ငန္းေတြကို ထိုက္သင့္ တဲ့အကူအညီ ေတြပံ့ပိုးေပးဖို႔အတြက္ စဥ္းစားသုံးသပ္တဲ့အခါမွာလည္း အေထာက္အကူျပဳမယ္လို႔ ယုံၾကည္ပါတယ္။

 ႏိုင္ငံတကာမွာလည္း အတိအက်စာရင္းဇယားနဲ႔မွတ္ထားတာရွိပါတယ္။ သတင္းမီဒီယာဥပေဒကိုျပန္လည္သုံးသပ္ဖို႔ဟာလည္း သေဘာ တူထားပါတယ္။ Right to information law ကိုလည္း ဆက္လက္ၿပီးေတာ့အေကာင္အထည္ေဖာ္ဖို႔ သေဘာတူထားပါတယ္ "ဟုဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းမွေျပာၾကားခဲ့ပါတယ္။

PTG
 ေနျပည္ေတာ္၊ဧၿပီ-၃၀။