သန်းခေါင်ကျော် ကွမ်းထွက်ဝယ်သည့်လူငယ် ၄ ဦး အမည်မသိလူတစ်စု၏ ရိုက်နှက်ထိုးခုတ်ခံရ

သန်းခေါင်ကျော် ကွမ်းထွက်ဝယ်သည့်လူငယ် ၄ ဦး အမည်မသိလူတစ်စု၏ ရိုက်နှက်ထိုးခုတ်ခံရ

ညဉ့်နက်သန်းခေါင်ကျော်လူခြေတိတ်ချိန် အပြင်ထွက်ဈေးဝယ်ကြတဲ့လူငယ် ၄ ဦး အမည်မသိလူတစ်စုရဲ့ရိုက်နှက်ထိုးခုတ်ခံခဲ့ရတဲ့ဖြစ်စဉ်တစ်ခု မန္တလေးမြို့မှာ ယမန်နေ့ကဖြစ် ပွားခဲ့ပါတယ်။ မန္တလေး အောင်မြေသာစံမြို့နယ် ၆၆ လမ်း(ကျုံးအရှေ့ဘက်ခြမ်း) ၁၄ လမ်းနဲ့ ၁၅ လမ်းကြား မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ယမန်နေ့(ဇွန် ၉ ရက်)မနက်၁၂ နာရီ ၄၀ မနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်စဉ်မှာ လူငယ် ၄ ဦးအားဝိုင်းရိုက်နှက်ထိုးခုတ်ကြတဲ့လူတစ်စုမှာ အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး စုစုပေါင်း ၉ ဦး ဆိုင်ကယ် ၃ စီးနဲ့ အကြမ်းဖက်ရမ်းကားခဲ့တာလို့သိရပါ တယ်။

ဖြစ်စဉ်မှာ ယမန်နေ့မနက် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က မန္တလေး ချမ်းမြသာစည်မြို့နယ် ဗိုလ်အိမ်လမ်းဆုံ အကွက်(၅၀၂)နေ အောင်ဇင်ဝိုင်း (အသက် ၂၃ နှစ်)ဟာ ၎င်းရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ အောင်ကိုလွင်(အသက် ၁၈ နှစ်၊ အောင်မြေသာစံမြို့နယ်)၊ ထွန်းသူရသန့်(ခ)ရွှေဘို (အသက် ၁၉ နှစ်၊ တမ္ပဝတီရပ်ကွက် ချမ်းမြသာစည်မြို့နယ်)၊ ထွန်းခန့်ခန့်ကျော်(ခ)ကိုခန့်(အသက် ၂၀ နှစ်၊ တမ္ပဝတီရပ် ချမ်းမြသာစည်မြို့နယ်) တို့နဲ့အတူ ဆိုင်ကယ်နှစ်စီးနဲ့ ကျုံးအနောက်ဘက်ခြမ်း လမ်း ၈၀ အတိုင်းတောင်ကနေမြောက်ဆီမောင်းနှင်ပြီး လမ်း ၈၀ နဲ့ ၁၁ လမ်းဆုံရာ မှာကွမ်းရာသွားဝယ်စားပြီး ကျုံးမြောက်ဘက်ခြမ်းအတိုင်းဆက်လက်မောင်းနှင်လာစဉ် တိရစ္ဆာန်ဥ ယျာဉ်အနီးအရောက်မှာ အမည်မသိအမျိုးသား ၈ ဦးနဲ့အမျိုးသမီးတစ်ဦးပါ ဆိုင်ကယ် ၃ စီးအဖွဲ့နဲ့ထိပ်တိုက်တွေ့ခဲ့ကြောင်း၊ ၎င်းတို့ကရှောင်ကွင်းမောင်းနှင်လာစဉ် ကျုံးအရှေ့ ဘက်ခြမ်း ၁၄ လမ်းနဲ့ ၁၅ လမ်းကြားအရောက်မှာတော့ အဆိုပါဆိုင်ကယ် ၃ စီးအဖွဲ့က ရှေ့ကနေပိတ်ရပ်ပြီး ဆိုင်ကယ်ပေါ်ကနေဆင်းလာကာ ၎င်းတို့ ၄ ဦးအား ရိုက်နှက်ထိုး ခုတ်ခဲ့ကြောင်း၊ အဲဒီနောက်မှာတော့ ဆိုင်ကယ် ၃ စီးအဖွဲ့ဟာ ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းအတိုင်း တောင်ကနေမြောက် ဆီမောင်းထွက်ပြေးသွားကြောင်း၊ ဆိုင်ကယ် ၃ စီး အဖွဲ့ရဲ့ ရိုက်နှက်ထိုးခုတ်မှုကြောင့် ထွန်းခန့်ခန့်ကျော်(ခ)ကိုခန့်မှာ ဝဲဘက်ပုခုံးညှပ် ရိုးအောက် မှာထိုးသွင်းဒဏ်ရာ ၂ ချက်၊ ထွန်းသူရသန့်(ခ)ရွှေဘိုမှာ ဝဲဘက်နောက်ကျောထိုးသွင်းဒဏ်ရာ ၁ ချက်၊ အောင်ကိုလွင်မှာ လည်ပင်းညှစ်ခံရပြီး ဝဲ/ယာမေးရိုးနာကျင်ဒဏ်ရာ နဲ့ အောင်ဇင်ဝိုင်းမှာ ညာဘက်နားအုံနာကျင်ဒဏ်ရာတို့ရရှိခဲ့ ကြောင်း တရားလိုအောင်ဇင်ဝိုင်းရဲ့တိုင်ကြားချက်အရ သိရပါတယ်။

ဒီဖြစ်စဉ်အပေါ် တရားလိုက နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းမှာသွားရောက်တိုင်ကြားတာကြောင့် ရဲစခန်းက (ပ) ၃၀၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၂၃/၁၁၄ တို့နဲ့အမှုဖွင့်ပြီး ထွက်ပြေးလွတ်မြောက်နေသူတွေ ဖမ်းဆီးရ မိဖို့ အတွက်ဆောင်ရွက်နေတယ်လို့ ရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါ တယ်။

KT
မန္တလေး ၊ ဇွန် ၁၀
 

(  Zawgyi  )

ညဥ့္နက္သန္းေခါင္ေက်ာ္လူေျခတိတ္ခ်ိန္ အျပင္ထြက္ေဈးဝယ္ၾကတဲ့လူငယ္ ၄ ဦး အမည္မသိလူတစ္စုရဲ႕႐ိုက္ႏွက္ထိုးခုတ္ခံခဲ့ရတဲ့ျဖစ္စဥ္တစ္ခု မႏၲေလးၿမိဳ႕မွာ ယမန္ေန႔ကျဖစ္ ပြားခဲ့ပါတယ္။ မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ ၆၆ လမ္း(က်ဳံးအေရွ႕ဘက္ျခမ္း) ၁၄ လမ္းနဲ႔ ၁၅ လမ္းၾကား မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ယမန္ေန႔(ဇြန္ ၉ ရက္)မနက္၁၂ နာရီ ၄၀ မနစ္အခ်ိန္ခန႔္က ျဖစ္ပြားခဲ့တာပါ။

ဒီျဖစ္စဥ္မွာ လူငယ္ ၄ ဦးအားဝိုင္း႐ိုက္ႏွက္ထိုးခုတ္ၾကတဲ့လူတစ္စုမွာ အမ်ိဳးသမီးတစ္ဦးလည္းပါဝင္ၿပီး စုစုေပါင္း ၉ ဦး ဆိုင္ကယ္ ၃ စီးနဲ႔ အၾကမ္းဖက္ရမ္းကားခဲ့တာလို႔သိရပါ တယ္။

ျဖစ္စဥ္မွာ ယမန္ေန႔မနက္ ၁၂ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္က မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ဗိုလ္အိမ္လမ္းဆုံ အကြက္(၅၀၂)ေန ေအာင္ဇင္ဝိုင္း (အသက္ ၂၃ ႏွစ္)ဟာ ၎ရဲ႕သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ ေအာင္ကိုလြင္(အသက္ ၁၈ ႏွစ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္)၊ ထြန္းသူရသန႔္(ခ)ေ႐ႊဘို (အသက္ ၁၉ ႏွစ္၊ တမၸဝတီရပ္ကြက္ ခ်မ္းျမသာစည္ၿမိဳ႕နယ္)၊ ထြန္းခန႔္ခန႔္ေက်ာ္(ခ)ကိုခန႔္(အသက္ ၂၀ ႏွစ္၊ တမၸဝတီရပ္ ခ်မ္းျမသာစည္ၿမိဳ႕နယ္) တို႔နဲ႔အတူ ဆိုင္ကယ္ႏွစ္စီးနဲ႔ က်ဳံးအေနာက္ဘက္ျခမ္း လမ္း ၈၀ အတိုင္းေတာင္ကေနေျမာက္ဆီေမာင္းႏွင္ၿပီး လမ္း ၈၀ နဲ႔ ၁၁ လမ္းဆုံရာ မွာကြမ္းရာသြားဝယ္စားၿပီး က်ဳံးေျမာက္ဘက္ျခမ္းအတိုင္းဆက္လက္ေမာင္းႏွင္လာစဥ္ တိရစာၦန္ဥ ယ်ာဥ္အနီးအေရာက္မွာ အမည္မသိအမ်ိဳးသား ၈ ဦးနဲ႔အမ်ိဳးသမီးတစ္ဦးပါ ဆိုင္ကယ္ ၃ စီးအဖြဲ႕နဲ႔ထိပ္တိုက္ေတြ႕ခဲ့ေၾကာင္း၊ ၎တို႔ကေရွာင္ကြင္းေမာင္းႏွင္လာစဥ္ က်ဳံးအေရွ႕ ဘက္ျခမ္း ၁၄ လမ္းနဲ႔ ၁၅ လမ္းၾကားအေရာက္မွာေတာ့ အဆိုပါဆိုင္ကယ္ ၃ စီးအဖြဲ႕က ေရွ႕ကေနပိတ္ရပ္ၿပီး ဆိုင္ကယ္ေပၚကေနဆင္းလာကာ ၎တို႔ ၄ ဦးအား ႐ိုက္ႏွက္ထိုး ခုတ္ခဲ့ေၾကာင္း၊ အဲဒီေနာက္မွာေတာ့ ဆိုင္ကယ္ ၃ စီးအဖြဲ႕ဟာ က်ဳံးအေရွ႕ဘက္ျခမ္း ၆၆ လမ္းအတိုင္း ေတာင္ကေနေျမာက္ ဆီေမာင္းထြက္ေျပးသြားေၾကာင္း၊ ဆိုင္ကယ္ ၃ စီး အဖြဲ႕ရဲ႕ ႐ိုက္ႏွက္ထိုးခုတ္မႈေၾကာင့္ ထြန္းခန႔္ခန႔္ေက်ာ္(ခ)ကိုခန႔္မွာ ဝဲဘက္ပုခုံးညႇပ္ ႐ိုးေအာက္ မွာထိုးသြင္းဒဏ္ရာ ၂ ခ်က္၊ ထြန္းသူရသန႔္(ခ)ေ႐ႊဘိုမွာ ဝဲဘက္ေနာက္ေက်ာထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ေအာင္ကိုလြင္မွာ လည္ပင္းညႇစ္ခံရၿပီး ဝဲ/ယာေမး႐ိုးနာက်င္ဒဏ္ရာ နဲ႔ ေအာင္ဇင္ဝိုင္းမွာ ညာဘက္နားအုံနာက်င္ဒဏ္ရာတို႔ရရွိခဲ့ ေၾကာင္း တရားလိုေအာင္ဇင္ဝိုင္းရဲ႕တိုင္ၾကားခ်က္အရ သိရပါတယ္။

ဒီျဖစ္စဥ္အေပၚ တရားလိုက နယ္ေျမအပိုင္ရဲစခန္းျဖစ္တဲ့ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၁)နယ္ေျမရဲစခန္းမွာသြားေရာက္တိုင္ၾကားတာေၾကာင့္ ရဲစခန္းက (ပ) ၃၀၇/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆/၃၂၃/၁၁၄ တို႔နဲ႔အမႈဖြင့္ၿပီး ထြက္ေျပးလြတ္ေျမာက္ေနသူေတြ ဖမ္းဆီးရ မိဖို႔ အတြက္ေဆာင္႐ြက္ေနတယ္လို႔ ရဲစခန္းတာဝန္ရွိသူတစ္ဦးကေျပာပါ တယ္။

KT
မႏၲေလး ၊ ဇြန္ ၁၀