သဘာဝဓာတ်ငွေ့ အခက်အခဲများကြောင့် YBS ယာဉ်လိုင်းများ ခေါက်ရေပြည့် မပြေးဆွဲနိုင်သဖြင့် ခရီးသည်များ စုပုံနေ

သဘာဝဓာတ်ငွေ့ အခက်အခဲများကြောင့် YBS ယာဉ်လိုင်းများ ခေါက်ရေပြည့် မပြေးဆွဲနိုင်သဖြင့်  ခရီးသည်များ စုပုံနေ

အခုရက်ပိုင်း ဘတ်စ်ကားမှတ်တိုင်တွေမှာ ခရီးသည်တွေစုပုံနေတဲ့ အခြေအနေမျိုးကို မကြာခဏကြုံနေတာဟာ သဘာဝဓာတ်ငွေ့ဖြည့်တင်း လုပ်ဆောင်ရာတွင် အခက်အခဲတွေကြောင့် ဖြစ်တယ်လို့ ယာဉ်လိုင်းကုမ္ပဏီတွေ ဆီက သိရပါတယ်။

“မီးပျက်ပေမယ့် တစ်ချို့ဂက်စ်ဆိုင်တွေကတော့ မီးစက်နဲ့ပေးတယ်၊ မီးစက်နဲ့ထည့်ရင် Gas Pressure က သိပ်မပြည့်တော့ဘူး၊ အဲ့ဒီတော့ အရင်ကလို ခေါက်ရေအပြည့်မဆွဲနိုင်ဘဲ ဂက်စ်အနေအထားပေါ် မူတည်ပြီးတော့ ပြေးဆွဲနေရတာဖြစ်ပါတယ်”လို့ Power Eleven ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းက ဆိုပါတယ်။ သဘာဝဓာတ်ငွေ့အရောင်းဆိုင်တွေမှာလည်း လျှပ်စစ်မီးပြတ်တောက် မှုတွေ ကြုံနေရတာကြောင့် မီးပျက်ချိန်တွေမှာ မီးစက်နဲ့ပေးတဲ့ဆိုင်တွေရှိသလို ယာဉ်တစ်စီးအနေနဲ့ သတ်မှတ်တဲ့ ဓာတ်ငွေ့အနေအထားပြည့်စေဖို့ နာရီဝက်လောက် စောင့်ဆိုင်းဖြည့်သွင်းရလေ့ရှိကြောင်း၊ တစ်ခါတရံ ဂက်စ်ဖြည့်ဖို့ စောင့်တဲ့ယာဉ်အရေအတွက်ဟာ များပြားချိန်မှာ နှစ်နာရီလောက်ကြာမြင့်အောင် တန်းစီရတဲ့ အနေထားမျိုးလည်းရှိတယ်လို့ ယာဉ်လိုင်းဂိတ်တာဝန်ခံတွေဆီက သိရပါတယ်။

“အတတ်နိုင်ဆုံးတော့ ခရီးသည်စီးနင်းမှုများပြားတဲ့ ရုံးတက်ရုံးဆင်းချိန်တွေမှာ ယာဉ်တွေမရှိတာမျိုး မဖြစ်ရအောင် စီစဉ်ဆောင်ရွက်နေကြ ရပါတယ်၊ ဒီကြားထဲတစ်ခါတလေတော့ တစ်စီးနဲ့တစ်စီး အရမ်းခြား သွားတာမျိုးလည်း ဖြစ်တတ်တယ်၊ အဲ့ဒီလိုမဖြစ်အောင် မှတ်တိုင်တွေမှာ စီးနင်းမယ့် ခရီးသည်တွေ စုပုံမနေအောင်လို့ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးတော့ စီစဉ်နေကြတာဖြစ်ပါတယ်”လို့ YBS 7 လိုင်းမှ တာဝန်ခံတစ်ဦးဖြစ်သူ ဦးမျိုးနိုင်က ရှင်းပြပါတယ်။ တစ်ချို့သော YBS ယာဉ်လိုင်းတွေမှာ ညအိပ်စောင့်ဆိုင်းရင်း သဘာဝဓာတ်ငွေ့ဖြည့်သွင်း တာမျိုးတွေကို လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

ထိုသို့သော သဘာဝဓာတ်ငွေ့ဖြည့်တင်းရာတွင် ကြာမြင့်စွာလုပ်ဆောင်ရတဲ့အတွက် အရင်ကတစ်ရက်ကို ပျမ်းမျှ အစီးရေ ၂၀၀ လောက် လမ်းပေါ်မှာဝန်ဆောင်နေတဲ့အနေအထားကနေ အခု အစီးရေ ၁၅၀ လောက်တောင် မနည်းဖြစ်အောင် စီစဉ်နေရတယ်လို့ YBS 56, 20 တို့အပါအဝင် ယာဉ်လိုင်း ခြောက်လိုင်း တာဝန်ယူ ပြေးဆွဲနေတဲ့ Omini Focus ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောပြပါတယ်။ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေဟာ တစ်ရက်လျှင် ပျမ်းမျှအစီးရေ ၄၆၀၀ ကျော်ရှိနေပြီး လျှပ်စစ်မီး အလှည့်ကျစနစ်များကြောင့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွေမှာ ဖြည့်သွင်းပေးနိုင်မှုအနေအထားဟာ တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ၃၅၀၀ ကျော်သာ ရှိနေတယ်လို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငေ့ွလုပ်ငန်းမှ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၁၃

(  Zawgyi  )

 အခုရက္ပိုင္း ဘတ္စ္ကားမွတ္တိုင္ေတြမွာ ခရီးသည္ေတြစုပုံေနတဲ့ အေျခအေနမ်ိဳးကို မၾကာခဏႀကဳံေနတာဟာ သဘာဝဓာတ္ေငြ႕ျဖည့္တင္း လုပ္ေဆာင္ရာတြင္ အခက္အခဲေတြေၾကာင့္ ျဖစ္တယ္လို႔ ယာဥ္လိုင္းကုမၸဏီေတြ ဆီက သိရပါတယ္။

“မီးပ်က္ေပမယ့္ တစ္ခ်ိဳ႕ဂက္စ္ဆိုင္ေတြကေတာ့ မီးစက္နဲ႔ေပးတယ္၊ မီးစက္နဲ႔ထည့္ရင္ Gas Pressure က သိပ္မျပည့္ေတာ့ဘူး၊ အဲ့ဒီေတာ့ အရင္ကလို ေခါက္ေရအျပည့္မဆြဲႏိုင္ဘဲ ဂက္စ္အေနအထားေပၚ မူတည္ၿပီးေတာ့ ေျပးဆြဲေနရတာျဖစ္ပါတယ္”လို႔ Power Eleven ကုမၸဏီလီမိတက္မွ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးသက္တင္ဝင္းက ဆိုပါတယ္။ သဘာဝဓာတ္ေငြ႕အေရာင္းဆိုင္ေတြမွာလည္း လွ်ပ္စစ္မီးျပတ္ေတာက္ မႈေတြ ႀကဳံေနရတာေၾကာင့္ မီးပ်က္ခ်ိန္ေတြမွာ မီးစက္နဲ႔ေပးတဲ့ဆိုင္ေတြရွိသလို ယာဥ္တစ္စီးအေနနဲ႔ သတ္မွတ္တဲ့ ဓာတ္ေငြ႕အေနအထားျပည့္ေစဖို႔ နာရီဝက္ေလာက္ ေစာင့္ဆိုင္းျဖည့္သြင္းရေလ့ရွိေၾကာင္း၊ တစ္ခါတရံ ဂက္စ္ျဖည့္ဖို႔ ေစာင့္တဲ့ယာဥ္အေရအတြက္ဟာ မ်ားျပားခ်ိန္မွာ ႏွစ္နာရီေလာက္ၾကာျမင့္ေအာင္ တန္းစီရတဲ့ အေနထားမ်ိဳးလည္းရွိတယ္လို႔ ယာဥ္လိုင္းဂိတ္တာဝန္ခံေတြဆီက သိရပါတယ္။

“အတတ္ႏိုင္ဆုံးေတာ့ ခရီးသည္စီးနင္းမႈမ်ားျပားတဲ့ ႐ုံးတက္႐ုံးဆင္းခ်ိန္ေတြမွာ ယာဥ္ေတြမရွိတာမ်ိဳး မျဖစ္ရေအာင္ စီစဥ္ေဆာင္႐ြက္ေနၾက ရပါတယ္၊ ဒီၾကားထဲတစ္ခါတေလေတာ့ တစ္စီးနဲ႔တစ္စီး အရမ္းျခား သြားတာမ်ိဳးလည္း ျဖစ္တတ္တယ္၊ အဲ့ဒီလိုမျဖစ္ေအာင္ မွတ္တိုင္ေတြမွာ စီးနင္းမယ့္ ခရီးသည္ေတြ စုပုံမေနေအာင္လို႔ ကြၽန္ေတာ္တို႔ဘက္က အတတ္ႏိုင္ဆုံးေတာ့ စီစဥ္ေနၾကတာျဖစ္ပါတယ္”လို႔ YBS 7 လိုင္းမွ တာဝန္ခံတစ္ဦးျဖစ္သူ ဦးမ်ိဳးႏိုင္က ရွင္းျပပါတယ္။ တစ္ခ်ိဳ႕ေသာ YBS ယာဥ္လိုင္းေတြမွာ ညအိပ္ေစာင့္ဆိုင္းရင္း သဘာဝဓာတ္ေငြ႕ျဖည့္သြင္း တာမ်ိဳးေတြကို လုပ္ေဆာင္ေနရတယ္လို႔ သိရပါတယ္။

ထိုသို႔ေသာ သဘာဝဓာတ္ေငြ႕ျဖည့္တင္းရာတြင္ ၾကာျမင့္စြာလုပ္ေဆာင္ရတဲ့အတြက္ အရင္ကတစ္ရက္ကို ပ်မ္းမွ် အစီးေရ ၂၀၀ ေလာက္ လမ္းေပၚမွာဝန္ေဆာင္ေနတဲ့အေနအထားကေန အခု အစီးေရ ၁၅၀ ေလာက္ေတာင္ မနည္းျဖစ္ေအာင္ စီစဥ္ေနရတယ္လို႔ YBS 56, 20 တို႔အပါအဝင္ ယာဥ္လိုင္း ေျခာက္လိုင္း တာဝန္ယူ ေျပးဆြဲေနတဲ့ Omini Focus ကုမၸဏီအုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးထြန္းေတာက္ဝင္းက ေျပာျပပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ေျပးဆြဲေနတဲ့ ခရီးသည္တင္ယာဥ္ေတြဟာ တစ္ရက္လွ်င္ ပ်မ္းမွ်အစီးေရ ၄၆၀၀ ေက်ာ္ရွိေနၿပီး လွ်ပ္စစ္မီး အလွည့္က်စနစ္မ်ားေၾကာင့္ သဘာဝဓာတ္ေငြ႕ အေရာင္းဆိုင္ေတြမွာ ျဖည့္သြင္းေပးႏိုင္မႈအေနအထားဟာ တစ္ရက္လွ်င္ ပ်မ္းမွ် အစီးေရ ၃၅၀၀ ေက်ာ္သာ ရွိေနတယ္လို႔ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေင့ြလုပ္ငန္းမွ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၁၃