သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များသို့ သွယ်တန်းထားသော ဂက်စ်ပိုက်လိုင်းများ လဲလှယ်နေသလို ရွှေပြည်သာနှင့် ရွာမစခန်းတို့ကြားက ဂက်စ်ပိုက်လိုင်းများလည်း လဲလှယ်ရန် စီစဉ်ထား

သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များသို့ သွယ်တန်းထားသော ဂက်စ်ပိုက်လိုင်းများ လဲလှယ်နေသလို ရွှေပြည်သာနှင့် ရွာမစခန်းတို့ကြားက ဂက်စ်ပိုက်လိုင်းများလည်း လဲလှယ်ရန် စီစဉ်ထား

သဘာဝဓာတ်ငွေ့စခန်းတွေကနေ သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်တွေဆီကို သွယ်တန်းထားတဲ့ ဂက်စ်ပိုက်လိုင်းတွေဟာ နှစ်ကာလကြာမြင့်လာတာကြောင့် ဆွေးမြေ့လာခဲ့ရာ ယခုလဲလှယ်လုပ်ကိုင်နေပြီး မကြာခင်မှာလည်း ရွှေပြည်သာနဲ့ ရွာမစခန်းတို့ကြားက ဂက်စ်ပိုက်လိုင်းတွေကိုလည်း လဲလှယ်ရန်သွားဖို့ စီစဉ်ထားတယ်လို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး က ပြောပါတယ်။

“အဲ့ဒီပိုက်လိုင်းတွေက ၂၀၀၄ လောက်ကတည်းက တပ်ဆင်ထားတဲ့ ပိုက်လိုင်းတွေ ဖြစ်ပါတယ်၊ အချိန်ကာလ ကြာလာတာနဲ့ ဆွေးမြေ့လာသလို Safety ပိုင်း လုံခြုံစိတ်ချမှုရှိအောင် အခုဘတ်ဂျက်ကာလထဲမှာ လဲလှယ်ဖို့ ခွင့်ပြုချက်ကျတဲ့အတိုင်း လဲလှယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။လောလောဆယ်မှာ ၅၀ ရာခိုင်နှုန်း လဲလှယ်ပြီးပါပြီ၊ ဒါပြီးရင် ရွှေပြည်သာစခန်းနဲ့ ရွာမစခန်းကြားက ၁၄ လက်မ ဂက်စ်ပိုက်လိုင်းတွေကို လဲလှယ်သွားမှာ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

ရန်ကုန်မြို့မှာ သဘာဝဓာတ်ငွေ့ (CNG) ရောင်းချမှုပုံစံဟာ ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းချမှုပုံစံလို မဟုတ်ဘဲ ကမ်းလွန်လုပ်ကွက်များ၊ ကုန်းတွင်းရေနံမြေများမှ ထွက်ရှိလာတဲ့ သဘာဝဓာတ်ငွေ့တွေကို ပိုက်ဖြင့်သွယ်ယူကာ အခြေစိုက်စခန်းများသို့ ယူဆောင်ပြီး ယင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွေဆီကို ပိုက်ဖြင့်ပို့ဆောင်တာ ဖြစ်ပါတယ်။ထိုပို့ဆောင်ဖို့ သွယ်တန်းထားတဲ့ ပိုက်တွေဟာ ဆွေးမြေ့နေတာကြောင့်လည်း ၄ လက်မ ပိုက်အရှည်အားဖြင့် ၁၀ မိုင်စာလောက်ကို လဲလှယ်နေပြီး လတ်တလော ၅၀ ရာခိုင်နှုန်း ပြီးစီးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ယခုလုပ်ငန်းများ ပြီးစီးတဲ့အခါ ရွှေပြည်သာစခန်းနဲ့ ရွာမစခန်းကြားက ၁၄ လက်မ ဂက်စ်ပိုက်လိုင်းတွေကို လဲလှယ်သွားမှာဖြစ်ပြီး အရှည် ၄ ဒသမ ၀၆ မိုင် အကွာအဝေး လဲလှယ်ဖို့ ဘတ်ဂျက်ခွင့်ပြုချက် ရရှိထားတယ်လို့ သိရပါတယ်။

“ဂက်စ်ယိုစိမ့်မှု ကြုံတဲ့အခါ ချက်ချင်းပြင်လို့မရတဲ့ အခြေအနေမျိုးဆိုရင် ကျွန်တော်တို့ဆီကသူတွေရယ်၊ မီးသတ်ရယ်၊ ဒေသဆိုင်ရာ ထွေအုပ်နဲ့ ဒေသတာဝန်ရှိသူတွေရယ် ပူူးပေါင်းပြီး ကြပ်မတ်လုပ်ဆောင်ခဲ့တာတွေရှိသလို ယခုအချိန်အထိတော့ ထူးထူးခြားခြားပြဿနာမျိုး ကြုံတာတွေတော့ မရှိသေးပါဘူး၊ ဆွေးမြေ့တဲ့ ပိုက်တွေကိုတော့ ဘတ်ဂျက်ခွင့်ပြုချက်ပေါ် မူတည်ပြီး တဖြေးဖြေးချင်း လဲလှယ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၂၉

( Zawgyi )

သဘာဝဓာတ္ေငြ႕စခန္းေတြကေန သဘာဝဓာတ္ေငြ႕(CNG) အေရာင္းဆိုင္ေတြဆီကို သြယ္တန္းထားတဲ့ ဂက္စ္ပိုက္လိုင္းေတြဟာ ႏွစ္ကာလၾကာျမင့္လာတာေၾကာင့္ ေဆြးေျမ့လာခဲ့ရာ ယခုလဲလွယ္လုပ္ကိုင္ေနၿပီး မၾကာခင္မွာလည္း ေ႐ႊျပည္သာနဲ႔ ႐ြာမစခန္းတို႔ၾကားက ဂက္စ္ပိုက္လိုင္းေတြကိုလည္း လဲလွယ္ရန္သြားဖို႔ စီစဥ္ထားတယ္လို႔ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ လုပ္ငန္းမွ အေထြေထြမန္ေနဂ်ာ ဦးလွဝင္းေဌး က ေျပာပါတယ္။

“အဲ့ဒီပိုက္လိုင္းေတြက ၂၀၀၄ ေလာက္ကတည္းက တပ္ဆင္ထားတဲ့ ပိုက္လိုင္းေတြ ျဖစ္ပါတယ္၊ အခ်ိန္ကာလ ၾကာလာတာနဲ႔ ေဆြးေျမ့လာသလို Safety ပိုင္း လုံၿခဳံစိတ္ခ်မႈရွိေအာင္ အခုဘတ္ဂ်က္ကာလထဲမွာ လဲလွယ္ဖို႔ ခြင့္ျပဳခ်က္က်တဲ့အတိုင္း လဲလွယ္လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ေလာေလာဆယ္မွာ ၅၀ ရာခိုင္ႏႈန္း လဲလွယ္ၿပီးပါၿပီ၊ ဒါၿပီးရင္ ေ႐ႊျပည္သာစခန္းနဲ႔ ႐ြာမစခန္းၾကားက ၁၄ လက္မ ဂက္စ္ပိုက္လိုင္းေတြကို လဲလွယ္သြားမွာ ျဖစ္ပါတယ္” လို႔ သူက ရွင္းျပပါတယ္။

ရန္ကုန္ၿမိဳ႕မွာ သဘာဝဓာတ္ေငြ႕ (CNG) ေရာင္းခ်မႈပုံစံဟာ ဓာတ္ဆီ၊ ဒီဇယ္ဆီ ေရာင္းခ်မႈပုံစံလို မဟုတ္ဘဲ ကမ္းလြန္လုပ္ကြက္မ်ား၊ ကုန္းတြင္းေရနံေျမမ်ားမွ ထြက္ရွိလာတဲ့ သဘာဝဓာတ္ေငြ႕ေတြကို ပိုက္ျဖင့္သြယ္ယူကာ အေျခစိုက္စခန္းမ်ားသို႔ ယူေဆာင္ၿပီး ယင္းမွတစ္ဆင့္ သဘာဝဓာတ္ေငြ႕ အေရာင္းဆိုင္ေတြဆီကို ပိုက္ျဖင့္ပို႔ေဆာင္တာ ျဖစ္ပါတယ္။ထိုပို႔ေဆာင္ဖို႔ သြယ္တန္းထားတဲ့ ပိုက္ေတြဟာ ေဆြးေျမ့ေနတာေၾကာင့္လည္း ၄ လက္မ ပိုက္အရွည္အားျဖင့္ ၁၀ မိုင္စာေလာက္ကို လဲလွယ္ေနၿပီး လတ္တေလာ ၅၀ ရာခိုင္ႏႈန္း ၿပီးစီးတဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။

ယခုလုပ္ငန္းမ်ား ၿပီးစီးတဲ့အခါ ေ႐ႊျပည္သာစခန္းနဲ႔ ႐ြာမစခန္းၾကားက ၁၄ လက္မ ဂက္စ္ပိုက္လိုင္းေတြကို လဲလွယ္သြားမွာျဖစ္ၿပီး အရွည္ ၄ ဒသမ ၀၆ မိုင္ အကြာအေဝး လဲလွယ္ဖို႔ ဘတ္ဂ်က္ခြင့္ျပဳခ်က္ ရရွိထားတယ္လို႔ သိရပါတယ္။

“ဂက္စ္ယိုစိမ့္မႈ ႀကဳံတဲ့အခါ ခ်က္ခ်င္းျပင္လို႔မရတဲ့ အေျခအေနမ်ိဳးဆိုရင္ ကြၽန္ေတာ္တို႔ဆီကသူေတြရယ္၊ မီးသတ္ရယ္၊ ေဒသဆိုင္ရာ ေထြအုပ္နဲ႔ ေဒသတာဝန္ရွိသူေတြရယ္ ပူူးေပါင္းၿပီး ၾကပ္မတ္လုပ္ေဆာင္ခဲ့တာေတြရွိသလို ယခုအခ်ိန္အထိေတာ့ ထူးထူးျခားျခားျပႆနာမ်ိဳး ႀကဳံတာေတြေတာ့ မရွိေသးပါဘူး၊ ေဆြးေျမ့တဲ့ ပိုက္ေတြကိုေတာ့ ဘတ္ဂ်က္ခြင့္ျပဳခ်က္ေပၚ မူတည္ၿပီး တေျဖးေျဖးခ်င္း လဲလွယ္လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၂၉