သဘာဝဘေး ကူညီကယ်ဆယ်မှုများထက် ပဒူကောင် ရှင်းလင်းရသောဖြစ်စဉ် ၂၀၁၉ အတွင်း များပြားခဲ့

သဘာဝဘေး ကူညီကယ်ဆယ်မှုများထက် ပဒူကောင် ရှင်းလင်းရသောဖြစ်စဉ် ၂၀၁၉ အတွင်း များပြားခဲ့

ယခု ၂၀၁၉ ခုနှစ်ထဲမှာ သဘာဝဘေးဆိုင်ရာ ကူညီကယ်ဆယ်မှု လုပ်ငန်းတွေထက် ပဒူကောင်တွေကို ရှင်းလင်းရတဲ့ ဖြစ်ရပ်တွေဟာ များပြားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက သိရပါတယ်။

“မြောက်ဒဂုံတို့ မြောက်ဥက္ကလာဘက်တို့မှာတော့ များပါတယ်၊ မီးသတ်တပ်ဖွဲ့ဆီကို အကူအညီတောင်းလာလို့ သွားရောက်ရှင်းလင်းရတဲ့ ဖြစ်စဉ်တွေဟာ များပြားတဲ့ အခြေအနေတစ်ခုလို့ သုံးသပ်လို့ရပါတယ်” လို့ ယင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်း က ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ပဒူကောင် မျိုးစိတ်ပေါင်း ၂၀ ကျော်ရှိပေမယ့် မြန်မာနိုင်ငံမှာ မျိုးစိတ်နှစ်မျိုးကိုသာ တွေ့ရှိရကြောင်း၊ ပဒူကောင်တွေဟာ ပျားများကဲ့သို့ သူတို့ကိုမထိမချင်း အန္တရာယ်မပြုသော်လည်း ပဒူအုံတစ်အုံမှာ အကောင်ရေ သောင်းဂဏန်းလောက်အထိ ရှိတယ်လို့ သိရပါတယ်။

“လိုက်လံရှင်းလင်းပေးရတာများတယ်၊ ကျွန်တော်မှတ်မိသလောက်တော့ ဇွန်လထဲမှာ တော်တော်များခဲ့တယ်၊ အခုထိဆိုရင်တော့ ရှင်းလင်းပေးခဲ့ရတာဟာ အကြိမ်ပေါင်း ၃၅ ကြိမ်ကျော်ပြီ” လို့ သူက ဆိုပါတယ်။

ပဒူအုံတွေဟာ မြေကြီးမှာတည်ဆောက်တာတွေရှိသလို အပင်မြင့်ပိုင်းတွေမှာ အုံဖွဲ့တည်ဆောက်ထားတာတွေလည်းရှိပြီး နေအိမ်တွေရဲ့ တံစက်မြိတ်တွေနဲ့ အိမ်အနီး သစ်ပင်ခြေရင်း၊ သစ်ခေါင်း၊ သစ်ဆွေးပုံ၊ မြေတွင်းတွေမှာလည်း အုံဖွဲ့တာမျိုးကိုလည်း တွေ့ရသလို မီးသတ်မှ လိုက်လံရှင်းလင်းပေးခဲ့ရကြောင်း၊ ပဒူအုံများကို တွေ့ပါက ခဲဖြင့်ပေါက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းမျိုး မလုပ်ဘဲ ရှင်းလင်းပေးနိုင်ဖို့ မီးသတ်တပ်ဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း သိရပါတယ်။

ပဒူကောင်တွေဟာ ပျားကဲ့သို့ ဖင်မှာရှိတဲ့ အမြှီးနဲ့ ထိုးသွင်းတုပ်တတ်တာကြောင့် ပဒူကောင်တုပ်ခံရတဲ့အခါ ရှေးဦးပြုစုနည်းဖြင့် လုပ်ဆောင်နိုင်သော်လည်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြီး အဆိပ်အတောက်ပြေစေတဲ့ ဆေးဝါးတွေကို ထိုးနှံကာ ကုသမှုခံယူဖို့လည်း အရေးကြီးတယ်လို့ သိရပါတယ်။                                                          

ဇွဲမာန်
ရန်ကုန်၊ သြဂုတ် - ၁

( Zawgyi )

ယခု ၂၀၁၉ ခုႏွစ္ထဲမွာ သဘာဝေဘးဆိုင္ရာ ကူညီကယ္ဆယ္မႈ လုပ္ငန္းေတြထက္ ပဒူေကာင္ေတြကို ရွင္းလင္းရတဲ့ ျဖစ္ရပ္ေတြဟာ မ်ားျပားခဲ့တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနက သိရပါတယ္။

“ေျမာက္ဒဂုံတို႔ ေျမာက္ဥကၠလာဘက္တို႔မွာေတာ့ မ်ားပါတယ္၊ မီးသတ္တပ္ဖြဲ႕ဆီကို အကူအညီေတာင္းလာလို႔ သြားေရာက္ရွင္းလင္းရတဲ့ ျဖစ္စဥ္ေတြဟာ မ်ားျပားတဲ့ အေျခအေနတစ္ခုလို႔ သုံးသပ္လို႔ရပါတယ္” လို႔ ယင္းဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေဌးဝင္း က ဆိုပါတယ္။

ကမာၻေပၚမွာ ပဒူေကာင္ မ်ိဳးစိတ္ေပါင္း ၂၀ ေက်ာ္ရွိေပမယ့္ ျမန္မာႏိုင္ငံမွာ မ်ိဳးစိတ္ႏွစ္မ်ိဳးကိုသာ ေတြ႕ရွိရေၾကာင္း၊ ပဒူေကာင္ေတြဟာ ပ်ားမ်ားကဲ့သို႔ သူတို႔ကိုမထိမခ်င္း အႏၲရာယ္မျပဳေသာ္လည္း ပဒူအုံတစ္အုံမွာ အေကာင္ေရ ေသာင္းဂဏန္းေလာက္အထိ ရွိတယ္လို႔ သိရပါတယ္။

“လိုက္လံရွင္းလင္းေပးရတာမ်ားတယ္၊ ကြၽန္ေတာ္မွတ္မိသေလာက္ေတာ့ ဇြန္လထဲမွာ ေတာ္ေတာ္မ်ားခဲ့တယ္၊ အခုထိဆိုရင္ေတာ့ ရွင္းလင္းေပးခဲ့ရတာဟာ အႀကိမ္ေပါင္း ၃၅ ႀကိမ္ေက်ာ္ၿပီ” လို႔ သူက ဆိုပါတယ္။

ပဒူအုံေတြဟာ ေျမႀကီးမွာတည္ေဆာက္တာေတြရွိသလို အပင္ျမင့္ပိုင္းေတြမွာ အုံဖြဲ႕တည္ေဆာက္ထားတာေတြလည္းရွိၿပီး ေနအိမ္ေတြရဲ႕ တံစက္ၿမိတ္ေတြနဲ႔ အိမ္အနီး သစ္ပင္ေျခရင္း၊ သစ္ေခါင္း၊ သစ္ေဆြးပုံ၊ ေျမတြင္းေတြမွာလည္း အုံဖြဲ႕တာမ်ိဳးကိုလည္း ေတြ႕ရသလို မီးသတ္မွ လိုက္လံရွင္းလင္းေပးခဲ့ရေၾကာင္း၊ ပဒူအုံမ်ားကို ေတြ႕ပါက ခဲျဖင့္ေပါက္ျခင္း၊ တုတ္ျဖင့္႐ိုက္ျခင္းမ်ိဳး မလုပ္ဘဲ ရွင္းလင္းေပးႏိုင္ဖို႔ မီးသတ္တပ္ဖြဲ႕ထံ ဆက္သြယ္အကူအညီေတာင္းႏိုင္ေၾကာင္း သိရပါတယ္။

ပဒူေကာင္ေတြဟာ ပ်ားကဲ့သို႔ ဖင္မွာရွိတဲ့ အျမႇီးနဲ႔ ထိုးသြင္းတုပ္တတ္တာေၾကာင့္ ပဒူေကာင္တုပ္ခံရတဲ့အခါ ေရွးဦးျပဳစုနည္းျဖင့္ လုပ္ေဆာင္ႏိုင္ေသာ္လည္း နီးစပ္ရာ က်န္းမာေရးဌာနသို႔ သြားေရာက္ၿပီး အဆိပ္အေတာက္ေျပေစတဲ့ ေဆးဝါးေတြကို ထိုးႏွံကာ ကုသမႈခံယူဖို႔လည္း အေရးႀကီးတယ္လို႔ သိရပါတယ္။                                                          

ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ - ၁