သမိုင်းဆိုတာ ရမ်းလုပ်လို့ရသည့် ကိစ္စမဟုတ် မသိရင် လာမေးပါလို့ ဗကသ အတွင်းရေးမှူးဟောင်း ဦးလှရွှေ ပြောကြား

သမိုင်းဆိုတာ ရမ်းလုပ်လို့ရသည့် ကိစ္စမဟုတ် မသိရင် လာမေးပါလို့ ဗကသ အတွင်းရေးမှူးဟောင်း ဦးလှရွှေ ပြောကြား

ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ဖွဲ့စည်းတည်ဆောက်ခြင်းနေ့သည် သမီးရည်းစားချစ်တဲ့စိတ်ဖြင့်ပေးထား ခဲ့သောနာမည်မဟုတ်ကြောင်းနှင့်သမိုင်းဆိုတာရမ်းလုပ်လို့ရသည့် ကိစ္စမဟုတ်သည့် အတွက် ယနေ့ခေတ် ဗကသကျောင်းသားတွေ အနေနဲ့သမိုင်းကိုမသိရင်လာမေးပါလို့ ၁၉၆၂ ခုနှစ်၊(ဗကသ)များအဖွဲ့ချုပ်အတွင်းရေးမှူးဟောင်း ဦးလှရွှေက ဝေဖန်ပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ မေလ ၈ ရက်က ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျ စားရိပ်မြုံမှာပြုလုပ်သည့် ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား များအဖွဲ့ချုပ်(ဗကသ) ဖွဲ့စည်းတည်ထောင်ခြင်း(၈၃)နှစ်ပြည့် အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဦးလှရွှေ ကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“အစ၊အလယ်၊အဆုံးပြောရမှာပါ။မေလ ၈ရက်နေ့မှာ ဗကသဖွဲ့တယ်လို့ကျနော်အရှေ့ကဘယ် ဗကသခေါင်းဆောင်မှ ကျနော်ကို မိတ်ဆက်ပေး တာမရှိဘူး။ကျနော်လည်းမေလ ၈ရက်နေ့ ဗကသဖွဲ့တယ်လို့ ဘယ်သူ့ကိုမှပြောခဲ့တာမရှိဘူး။အဲ့ဒါကို အရင်ပြောချင်တယ်။ကျော်ကိုကိုပဲ လုပ်လုပ်၊မကျော်ကိုကိုပဲလုပ်လုပ် ရမ်းမလုပ်နဲ့ သမိုင်းဆိုတာ ရမ်းလုပ်လို့ရ တဲ့ကိစ္စမဟုတ်ဘူး။ကျနော်ခင်ဗျားတို့ကိုပြောချင်တာက ကိုယ်ဟာကိုယ်လည်းသမိုင်းစာအုပ်လေးနည်းနည်းပါးပါးလှန်ကြည့်ဖို့လိုမယ်လို့ထင်ပါတယ်။

တချို့ဟာတွေကကိုယ်ကိုယ်တိုင်မသေချာလို့ရှိရင်ဟိုလူပြော၊ဒီလူပြောနဲ့ရမ်းမထည့်ပါနဲ့ကျနော်တစ်ယောက်တည်း ဒီအတိုင်းပြောနေတာ မဟုတ်ပါဘူး။ ကျနော်ခေါင်းထဲမှာအကုန်ရှိပါတယ်။မသိရင်လာမေးပါ။ကျနော်သိသ လောက် ၁၉၃၆ ခုနှစ်၊ဖေဖော်ဝါရီ ၂၆ ရက်နေ့ကဗက သမွေးနေ့ဘဲ။ ဗကသ မွေးနေ့ဆိုတာက သမီးရည်းစားချစ်တဲ့စိတ်နဲ့ပေးထားတဲ့ နာမည်မဟုတ်ဘူး ဆိုတာပြောချင်ပါတယ်။ ခင်ဗျားတို့ကြိုက်ချင် လည်းကြိုက်၊မကြိုက်ချင်လည်းနေပါ။ဒါဟာဒီကနေ့ဗကသမျိုးဆက်တွေမှာတာဝန်ရှိပါတယ်။ကျနော်ကိုဖိတ်ရင်တော့ ကျနော်ကလာပြောမှာပဲ။ မဖိတ်ရင်လည်းမပြောဘူးပေါ့ဗျာ။”လို့ ဗကသဟောင်း ဦးလှရွှေ က(ဗကသ) ဖွဲ့စည်းတည်ထောင်ခြင်း(၈၃)နှစ်ပြည့် အခမ်းအနားစီစဉ်သူများကို ဝေဖန်ပြောကြားခဲ့တာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သည် ၁၉၃၆ ခုနှစ်၊ဒုတိယတက္ကသိုလ်ကျောင်းသား သပိတ်ကြီးအပြီးပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်အချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖြစ်သာ ရှိနေသည့်အတွက် တစ်နိုင်ငံလုံး၏ ကျောင်းသား အဖွဲ့အစည်းကြီး တစ်ခုဖြစ်ပေါ် တည်ရှိလာရေးလိုအပ်ချက်အရ ဖွဲ့စည်းခဲ့ကြောင်း၊၁၉၅၁ - ၁၉၅၂ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖြစ်မှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖြစ်အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၈

(   Zawgyi   )

 ဗမာႏိုင္ငံလုံး ဆိုင္ရာေက်ာင္းသား သမဂၢမ်ား အဖြဲ႕ခ်ဳပ္၏ ဖြဲ႕စည္းတည္ေဆာက္ျခင္းေန႔သည္ သမီးရည္းစားခ်စ္တဲ့စိတ္ျဖင့္ေပးထား ခဲ့ေသာနာမည္မဟုတ္ေၾကာင္းႏွင့္သမိုင္းဆိုတာရမ္းလုပ္လို႔ရသည့္ ကိစၥမဟုတ္သည့္ အတြက္ ယေန႔ေခတ္ ဗကသေက်ာင္းသားေတြ အေနနဲ႔သမိုင္းကိုမသိရင္လာေမးပါလို႔ ၁၉၆၂ ခုႏွစ္၊(ဗကသ)မ်ားအဖြဲ႕ခ်ဳပ္အတြင္းေရးမႉးေဟာင္း ဦးလွေ႐ႊက ေဝဖန္ေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ ေမလ ၈ ရက္က ရန္ကုန္ၿမိဳ႕၊ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ စိတ္တိုင္းက် စားရိပ္ၿမဳံမွာျပဳလုပ္သည့္ ဗမာႏိုင္ငံလုံး ဆိုင္ရာေက်ာင္းသား မ်ားအဖြဲ႕ခ်ဳပ္(ဗကသ) ဖြဲ႕စည္းတည္ေထာင္ျခင္း(၈၃)ႏွစ္ျပည့္ အခမ္းအနားမွာ မိန႔္ခြန္းေျပာၾကားစဥ္ ဗကသ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္သူ ဦးလွေ႐ႊ ကအထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“အစ၊အလယ္၊အဆုံးေျပာရမွာပါ။ေမလ ၈ရက္ေန႔မွာ ဗကသဖြဲ႕တယ္လို႔က်ေနာ္အေရွ႕ကဘယ္ ဗကသေခါင္းေဆာင္မွ က်ေနာ္ကို မိတ္ဆက္ေပး တာမရွိဘူး။က်ေနာ္လည္းေမလ ၈ရက္ေန႔ ဗကသဖြဲ႕တယ္လို႔ ဘယ္သူ႔ကိုမွေျပာခဲ့တာမရွိဘူး။အဲ့ဒါကို အရင္ေျပာခ်င္တယ္။ေက်ာ္ကိုကိုပဲ လုပ္လုပ္၊မေက်ာ္ကိုကိုပဲလုပ္လုပ္ ရမ္းမလုပ္နဲ႔ သမိုင္းဆိုတာ ရမ္းလုပ္လို႔ရ တဲ့ကိစၥမဟုတ္ဘူး။က်ေနာ္ခင္ဗ်ားတို႔ကိုေျပာခ်င္တာက ကိုယ္ဟာကိုယ္လည္းသမိုင္းစာအုပ္ေလးနည္းနည္းပါးပါးလွန္ၾကည့္ဖို႔လိုမယ္လို႔ထင္ပါတယ္။

တခ်ိဳ႕ဟာေတြကကိုယ္ကိုယ္တိုင္မေသခ်ာလို႔ရွိရင္ဟိုလူေျပာ၊ဒီလူေျပာနဲ႔ရမ္းမထည့္ပါနဲ႔က်ေနာ္တစ္ေယာက္တည္း ဒီအတိုင္းေျပာေနတာ မဟုတ္ပါဘူး။ က်ေနာ္ေခါင္းထဲမွာအကုန္ရွိပါတယ္။မသိရင္လာေမးပါ။က်ေနာ္သိသ ေလာက္ ၁၉၃၆ ခုႏွစ္၊ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ကဗက သေမြးေန႔ဘဲ။ ဗကသ ေမြးေန႔ဆိုတာက သမီးရည္းစားခ်စ္တဲ့စိတ္နဲ႔ေပးထားတဲ့ နာမည္မဟုတ္ဘူး ဆိုတာေျပာခ်င္ပါတယ္။ ခင္ဗ်ားတို႔ႀကိဳက္ခ်င္ လည္းႀကိဳက္၊မႀကိဳက္ခ်င္လည္းေနပါ။ဒါဟာဒီကေန႔ဗကသမ်ိဳးဆက္ေတြမွာတာဝန္ရွိပါတယ္။က်ေနာ္ကိုဖိတ္ရင္ေတာ့ က်ေနာ္ကလာေျပာမွာပဲ။ မဖိတ္ရင္လည္းမေျပာဘူးေပါ့ဗ်ာ။”လို႔ ဗကသေဟာင္း ဦးလွေ႐ႊ က(ဗကသ) ဖြဲ႕စည္းတည္ေထာင္ျခင္း(၈၃)ႏွစ္ျပည့္ အခမ္းအနားစီစဥ္သူမ်ားကို ေဝဖန္ေျပာၾကားခဲ့တာပါ။

ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္သည္ ၁၉၃၆ ခုႏွစ္၊ဒုတိယတကၠသိုလ္ေက်ာင္းသား သပိတ္ႀကီးအၿပီးေပၚေပါက္ခဲ့ျခင္းျဖစ္ၿပီး ထိုစဥ္အခ်ိန္က ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအျဖစ္သာ ရွိေနသည့္အတြက္ တစ္ႏိုင္ငံလုံး၏ ေက်ာင္းသား အဖြဲ႕အစည္းႀကီး တစ္ခုျဖစ္ေပၚ တည္ရွိလာေရးလိုအပ္ခ်က္အရ ဖြဲ႕စည္းခဲ့ေၾကာင္း၊၁၉၅၁ - ၁၉၅၂ ခုႏွစ္တြင္ ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ား သမဂၢအျဖစ္မွ ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္အျဖစ္အမည္ေျပာင္းလဲေခၚေဝၚခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၈