သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်က တရားမျှတမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်ကို လက်မခံဟု မုံရွာဦးအောင်ရှင် ပြောကြား

သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်က တရားမျှတမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်ကို လက်မခံဟု မုံရွာဦးအောင်ရှင် ပြောကြား   

သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်က တရားမျှတမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်ကို လက်မခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ ဦးအောင်ရှင် ကပြောကြားလိုက်ပါတယ်။   အဆိုပါပြောကြားမှုကို ဒီကနေ့ မေ ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ House of Orchid မှာ "အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး" ခေါင်းစဉ်ဖြင့် ပြုလုပ်တဲ့ ဒီဗွီဘီဒီဘိတ် အစီအစဉ်မှာ ပြောကြားခဲ့တာပါ။    

 "လွတ်ငြိမ်းချမ်းသာခွင့်က တရားမျှတမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်ကို လက်မခံပါဘူး။ သမ္မတက သူ့လုပ်ပိုင်ခွင့်အရ လုပ်ပေးတာဖြစ်တယ်။ အချိန်အခါအရ ပေးသင့်ပေးထိုက်တဲ့အချိန်လည်းဖြစ်တယ်။ ခုဖြစ်နေတဲ့ကိစ္စက သမ္မတ ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့မဆိုင်ဘူး။ ဒါတွေကို စိစစ်တဲ့ယန္တရားနဲ့ပဲဆိုင် တယ်။"လို့ မုံရွာဦးအောင်ရှင် ကပြောပါတယ်။

ဒါ့အပြင်  မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က "ဆူပူမှုဖြစ်နေ တဲ့ ထောင်အားလုံးရဲ့ တောင်းဆိုချက်(၇)ချက်ကလာတူနေတယ်။ ဒါဟာရိုးသားမှု မရှိဘူးဆိုတာကို ပြလိုက်တာပါပဲ"လို့လည်း သုံးသပ်ထောက်ပြခဲ့ပါသေးတယ်။    

 ဒီကနေ့ ဒီဘိတ်ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ စာရေးဆရာအင်းစိန်အောင်စိုး ကလည်း “လက်ရှိဖြစ်နေတဲ့ကိစ္စတွေနဲ့ပက်သက်လို့ကျနော်တို့လို ထောင်အနေကြာတဲ့ အတွေ့အကြုံရှိတဲ့ သူတွေကမရိုးသားတဲ့လုပ်ရပ်ဆိုတာကို ချက်ချင်းသိတယ်။။ထောင်ထဲမှာ အကျဉ်းသားတွေအားလုံး တစ်နေရာထဲမှာစုဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဆန္ဒပြဖို့ဆိုတာမဖြစ်နိုင်ပါ ဘူး။ဒါဟာမရိုးသားတဲ့ လုပ်ရပ်ဖြစ် တယ်ဆိုတာကို အခိုင်အမာပြောချင်တယ်”လို့ ၎င်း၏ အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။

ယခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ နိုင်ငံတော်သမ္မတရဲ့ အမိန့်ဖြင့် အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား၊အကျဉ်းသူ ၂၃၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာပြုခဲ့သည့် အပေါ် တရားမျှတမှုမရှိခဲ့ဘူးလို့ ဝေဖန်မှုတွေရှိ နေခဲ့တာပါ။        

“နေရာတိုင်းမှာလူ့အခွင့်အရေးပေတံနဲ့တိုင်းတာလို့မရဘူး။ အကျဉ်းသားဖြစ်ရင် အကျဉ်း ထောင်ရဲ့ စည်းကမ်းနဲ့အညီနေရမယ်။ ဒါမှထိန်းသိမ်းရမှာလွယ်ကူမှာ အကျဉ်းထောင်ထဲမှာ မရှိသင့် မရှိထိုက်တဲ့ ဖုန်းတစ်လုံးရောက်နေတယ်။ ထိရောက်စွာအရေးယူရမှာဖြစ်တယ်။ဒါသည် အဂတိ လိုက်စားမှုဖြစ် လား မဖြစ်လားဆိုတာ သံသယတောင်ဖြစ်စရာမလိုဘူး။ထောင်အဝင် အထွက်မှာ ဘယ်လိုရှာတယ် ဆိုတာ သိကြမှာပါ။ “ရဲမှူးချုပ် ဝင်းခေါင်(ငြိမ်း) ကလည်း သုံးသပ်ပြောကြားခဲ့ပါသေးတယ်။

ဒီကနေ့ "အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး" ခေါင်းစဉ်ဖြင့်ပြုလုပ်တဲ့ ဒီဗွီဘီဒီဘိတ်ဆွေးနွေးမှု အစီအစဉ်မှာတော့  (NLD)ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ၊အတွင်းရေးမှူး မုံရွာအောင်ရှင်၊မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်၊ရဲမှူးချုပ် ဝင်းခေါင် (ငြိမ်း)၊မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်(၁)၊လွှတ်တော်ကိုယ်စားလှယ်၊ဦးလှဌေး တို့က အဓိကပါဝင် ဆွေးနွေးခဲ့တာဖြစ်ပြီး အထူးဧည့်သည်တော် များအဖြစ် ဦးတင်မောင်ဦး (ဦးဆောင်ကော်မတီဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့၊ FPPS)အင်းစိန်အောင်စိုး (စာရေးဆရာ) ကိုဘိုကြည် (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ AAPP-B) တို့က ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။  

ပြေသိမ်း
ရန်ကုန်၊မေ ၁၁
ဓာတ်ပုံ - ဒီဗွီဘီ ဒီဘိတ်

(  Zawgyi  )

 သမၼတရဲ႕လြတ္ၿငိမ္းခ်မ္းသာခြင့္က တရားမွ်တမႈ မရွိဘူးဆိုတဲ့ စြပ္စြဲခ်က္ကို လက္မခံေၾကာင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ၏ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာ ဦးေအာင္ရွင္ ကေျပာၾကားလိုက္ပါတယ္။   အဆိုပါေျပာၾကားမႈကို ဒီကေန႔ ေမ ၁၁ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ House of Orchid မွာ "အက်ဥ္းေထာင္စနစ္ျပဳျပင္ေျပာင္းလဲေရး" ေခါင္းစဥ္ျဖင့္ ျပဳလုပ္တဲ့ ဒီဗြီဘီဒီဘိတ္ အစီအစဥ္မွာ ေျပာၾကားခဲ့တာပါ။    

 "လြတ္ၿငိမ္းခ်မ္းသာခြင့္က တရားမွ်တမႈ မရွိဘူးဆိုတဲ့ စြပ္စြဲခ်က္ကို လက္မခံပါဘူး။ သမၼတက သူ႔လုပ္ပိုင္ခြင့္အရ လုပ္ေပးတာျဖစ္တယ္။ အခ်ိန္အခါအရ ေပးသင့္ေပးထိုက္တဲ့အခ်ိန္လည္းျဖစ္တယ္။ ခုျဖစ္ေနတဲ့ကိစၥက သမၼတ ရဲ႕လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔မဆိုင္ဘူး။ ဒါေတြကို စိစစ္တဲ့ယႏၲရားနဲ႔ပဲဆိုင္ တယ္။"လို႔ မုံ႐ြာဦးေအာင္ရွင္ ကေျပာပါတယ္။

ဒါ့အျပင္  မဂၤလာေတာင္ၫြန႔္မဲဆႏၵနယ္(၁)၊ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌး က "ဆူပူမႈျဖစ္ေန တဲ့ ေထာင္အားလုံးရဲ႕ ေတာင္းဆိုခ်က္(၇)ခ်က္ကလာတူေနတယ္။ ဒါဟာ႐ိုးသားမႈ မရွိဘူးဆိုတာကို ျပလိုက္တာပါပဲ"လို႔လည္း သုံးသပ္ေထာက္ျပခဲ့ပါေသးတယ္။    

 ဒီကေန႔ ဒီဘိတ္ေဆြးေႏြးပြဲကိုတက္ေရာက္လာတဲ့ စာေရးဆရာအင္းစိန္ေအာင္စိုး ကလည္း “လက္ရွိျဖစ္ေနတဲ့ကိစၥေတြနဲ႔ပက္သက္လို႔က်ေနာ္တို႔လို ေထာင္အေနၾကာတဲ့ အေတြ႕အႀကဳံရွိတဲ့ သူေတြကမ႐ိုးသားတဲ့လုပ္ရပ္ဆိုတာကို ခ်က္ခ်င္းသိတယ္။။ေထာင္ထဲမွာ အက်ဥ္းသားေတြအားလုံး တစ္ေနရာထဲမွာစုဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။ဆႏၵျပဖို႔ဆိုတာမျဖစ္ႏိုင္ပါ ဘူး။ဒါဟာမ႐ိုးသားတဲ့ လုပ္ရပ္ျဖစ္ တယ္ဆိုတာကို အခိုင္အမာေျပာခ်င္တယ္”လို႔ ၎၏ အျမင္ကို သုံးသပ္ေျပာျပခဲ့ပါတယ္။

ယခုႏွစ္ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔မွစတင္၍ ယေန႔အခ်ိန္အထိ ႏိုင္ငံေတာ္သမၼတရဲ႕ အမိန႔္ျဖင့္ အက်ဥ္းေထာင္အသီးသီးရွိ အက်ဥ္းသား၊အက်ဥ္းသူ ၂၃၀၀၀ ေက်ာ္ လြတ္ၿငိမ္းခ်မ္းသာျပဳခဲ့သည့္ အေပၚ တရားမွ်တမႈမရွိခဲ့ဘူးလို႔ ေဝဖန္မႈေတြရွိ ေနခဲ့တာပါ။        

“ေနရာတိုင္းမွာလူ႔အခြင့္အေရးေပတံနဲ႔တိုင္းတာလို႔မရဘူး။ အက်ဥ္းသားျဖစ္ရင္ အက်ဥ္း ေထာင္ရဲ႕ စည္းကမ္းနဲ႔အညီေနရမယ္။ ဒါမွထိန္းသိမ္းရမွာလြယ္ကူမွာ အက်ဥ္းေထာင္ထဲမွာ မရွိသင့္ မရွိထိုက္တဲ့ ဖုန္းတစ္လုံးေရာက္ေနတယ္။ ထိေရာက္စြာအေရးယူရမွာျဖစ္တယ္။ဒါသည္ အဂတိ လိုက္စားမႈျဖစ္ လား မျဖစ္လားဆိုတာ သံသယေတာင္ျဖစ္စရာမလိုဘူး။ေထာင္အဝင္ အထြက္မွာ ဘယ္လိုရွာတယ္ ဆိုတာ သိၾကမွာပါ။ “ရဲမႉးခ်ဳပ္ ဝင္းေခါင္(ၿငိမ္း) ကလည္း သုံးသပ္ေျပာၾကားခဲ့ပါေသးတယ္။

ဒီကေန႔ "အက်ဥ္းေထာင္စနစ္ျပဳျပင္ေျပာင္းလဲေရး" ေခါင္းစဥ္ျဖင့္ျပဳလုပ္တဲ့ ဒီဗြီဘီဒီဘိတ္ေဆြးေႏြးမႈ အစီအစဥ္မွာေတာ့  (NLD)ပါတီ၊ ဗဟိုျပန္ၾကားေရးေကာ္မတီ၊အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္၊ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ အဖြဲ႕ဝင္ ဦးယုလြင္ေအာင္၊ရဲမႉးခ်ဳပ္ ဝင္းေခါင္ (ၿငိမ္း)၊မဂၤလာေတာင္ၫြန႔္မဲဆႏၵနယ္(၁)၊လႊတ္ေတာ္ကိုယ္စားလွယ္၊ဦးလွေဌး တို႔က အဓိကပါဝင္ ေဆြးေႏြးခဲ့တာျဖစ္ၿပီး အထူးဧည့္သည္ေတာ္ မ်ားအျဖစ္ ဦးတင္ေမာင္ဦး (ဦးေဆာင္ေကာ္မတီဝင္၊ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း မ်ားအဖြဲ႕၊ FPPS)အင္းစိန္ေအာင္စိုး (စာေရးဆရာ) ကိုဘိုၾကည္ (တြဲဖက္အေထြေထြအတြင္းေရးမႉး၊ AAPP-B) တို႔က ပါဝင္ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။  

ေျပသိမ္း
ရန္ကုန္၊ေမ ၁၁
ဓာတ္ပုံ - ဒီဗြီဘီ ဒီဘိတ္