သိန်း ၄၀၀၀ ပျောက်ဆုံးသည့်အတွက် ကျိုက်ထို မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်သော့ကိုင်အား အမှုဖွင့်အရေးယူ

သိန်း ၄၀၀၀ ပျောက်ဆုံးသည့်အတွက် ကျိုက်ထို မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်သော့ကိုင်အား အမှုဖွင့် အရေးယူ                                                             

ကျိုက်ထို မြန်မာ့စီးပွားရေးဘဏ် တွင် ငွေကျပ်သိန်း ၄၀၀၀ ပျောက်ဆုံးနေသည့်အတွက် ငွေတိုက်သော့ကိုင် အား အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မေလ ၁၄ရက် နံနက်၈ နာရီခွဲ အချိန်ခန့် တွင်ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ မြန်မာ့စီးပွားရေး ဘဏ်ငွေတိုက် မှ ငွေထုတ်ယူရန် ဆောင်ရွက်စဉ် မြန်မာ့စီးပွားရေးဘဏ် (ကျိုက်ထို) ငွေကိုင်(၃) ငွေတိုက် သော့ကိုင် ကျော်မိုးဝင်း ရောက်မလာသဖြင့် ၎င်း၏ နေအိမ်သို့ သွားရောက်ခေါ်ဆောင်ရာ နေအိမ်၌မတွေ့ရှိဘဲ ငွေတိုက်သော့အား အိပ်ခန်းအတွင်းရှိ အိပ်ယာပေါ်မှ တွေ့ရှိသဖြင့် ဘဏ်ငွေတိုက်အားဖွင့်လှစ် စစ်ဆေးရာ ငွေကျပ် သိန်း ၄၀၀၀ ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန် နေဂျာ ဒေါ်ရှင်မြင့်ထွေး(၄၀)နှစ် မှ ကျိုက်ထို မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ရာ ကျော်မိုးဝင်း အား ကျိုက်ထိုမြို့မ ရဲစခန်းက (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၄၀၉ ပြည်သူ့ ဝန်ထမ်း အား ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ဖြင့် အမှုဖွင့်စုံစမ်းလျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ကျိုက်ထို၊ မေ ၁၅

(  Zawgyi  )

 က်ိဳက္ထို ျမန္မာ့စီးပြားေရးဘဏ္ တြင္ ေငြက်ပ္သိန္း ၄၀၀၀ ေပ်ာက္ဆုံးေနသည့္အတြက္ ေငြတိုက္ေသာ့ကိုင္ အား အမႈဖြင့္အေရးယူထားတယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ေမလ ၁၄ရက္ နံနက္၈ နာရီခြဲ အခ်ိန္ခန႔္ တြင္က်ိဳက္ထိုၿမိဳ႕၊ ေတာင္သူစုရပ္ကြက္ရွိ ျမန္မာ့စီးပြားေရး ဘဏ္ေငြတိုက္ မွ ေငြထုတ္ယူရန္ ေဆာင္႐ြက္စဥ္ ျမန္မာ့စီးပြားေရးဘဏ္ (က်ိဳက္ထို) ေငြကိုင္(၃) ေငြတိုက္ ေသာ့ကိုင္ ေက်ာ္မိုးဝင္း ေရာက္မလာသျဖင့္ ၎၏ ေနအိမ္သို႔ သြားေရာက္ေခၚေဆာင္ရာ ေနအိမ္၌မေတြ႕ရွိဘဲ ေငြတိုက္ေသာ့အား အိပ္ခန္းအတြင္းရွိ အိပ္ယာေပၚမွ ေတြ႕ရွိသျဖင့္ ဘဏ္ေငြတိုက္အားဖြင့္လွစ္ စစ္ေဆးရာ ေငြက်ပ္ သိန္း ၄၀၀၀ ေပ်ာက္ဆုံးေနေၾကာင္း စိစစ္ေတြ႕ရွိခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျမန္မာ့စီးပြားေရးဘဏ္ ခ႐ိုင္မန္ ေနဂ်ာ ေဒၚရွင္ျမင့္ေထြး(၄၀)ႏွစ္ မွ က်ိဳက္ထို ၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္တိုင္တန္းခဲ့ရာ ေက်ာ္မိုးဝင္း အား က်ိဳက္ထိုၿမိဳ႕မ ရဲစခန္းက (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ္ ႀကီးပုဒ္မ ၄၀၉ ျပည္သူ႔ ဝန္ထမ္း အား ယုံၾကည္အပ္ႏွံေရး ေဖာက္ဖ်က္မႈ ျဖင့္ အမႈဖြင့္စုံစမ္းလွ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
က်ိဳက္ထို၊ ေမ ၁၅