သူနာပြုတက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းများတွင် အခြေခံ ကွန်ပြူတာသင်တန်းများ ပြုလုပ်သင်ကြားပေးသွားမည်ဟု ဆို

သူနာပြုတက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းများတွင် အခြေခံ ကွန်ပြူတာသင်တန်းများ ပြုလုပ်သင်ကြားပေးသွားမည်ဟု ဆို

သူနာပြုတက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းများတွင် အခြေခံ ကွန်ပြူတာသင်တန်းများ ပြုလုပ်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ုပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။

အဆိုပါပြောကြားမှုကို ဒီဇင်ဘာ ၉ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်တဲ့ ကရင်ပြည်နယ်အတွင်းရှိ အခြေခံ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယင်းအခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က “ယခု Mobile Tablet များကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်။ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်း စွမ်းဆောင်ရည်တွေ ပိုမိုတိုးတက် ထိရောက်အောင်မြင်လာခြင်း၊ ပြည်သူများရဲ့ ကျန်းမာရေးအသိပညာ မြင့်မားလာခြင်း စသည်ဖြင့် ပြည်သူတို့အတွက် များစွာအကျိုးရှိစေနိုင်မှာ ဖြစ်ပါတယ်။ကျန်းမာရေးကဏ္ဍ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် မှန်ကန်တိကျသည့် စာရင်းဇယား အချက်အလက်များ ရရှိရန် လိုအပ်ပါတယ်။Mobile Tablet များကို အသုံးချ၍ စာရင်းဇယား အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ခြင်း (electronic data transmission) နှင့် ရယူခြင်းတို့ကို ဆောင်ရွက်နိုင်တော့မည့်အပြင် အီလက်ထရောနစ် မှတ်တမ်းစနစ် (electronic database system) ကိုလည်း စတင်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ထို့အတူ စာရွက်စာတမ်းများ အသုံးပြုရန် မလိုအပ်တော့ဘဲ အီလက်ထရောနစ်စနစ်ဖြင့် သတင်းအချက်အလက် စာရင်းဇယားများ ပေးပို့နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။သူနာပြုတက္ကသိုလ်များနှင့် သူနာပြုနှင့် သားဖွား သင်တန်းကျောင်းများတွင် အခြေခံ ကွန်ပြူတာသင်တန်းများ ပြုလုပ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်မှလည်း e-Government မူဝါဒ ချမှတ်ဆောက်ရွက်လျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့်လည်း ယခုကဲ့သို့ Mobile Tablet များကို အသုံးချ၍ ကျန်းမာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ခြင်းဖြစ်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကို အသုံးချခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ကောင်းမွန်သော ကျန်းမာရေးစနစ်ကို ဖော်ဆောင်နိုင်ပြီး အရည်အသွေး ပြည့်ဝကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုပေးအပ်နိုင်မှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေး က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

 

အဆိုပါအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေး က ကရင်ပြည်နယ်အတွင်းရှိ အခြေခံ ကျန်းမာရေးဝန်ထမ်း (၈၅၇) ဦးနှင့် မြို့နယ်ဆရာဝန်နှင့် တိုက်နယ်ဆရာဝန် (၃၇) ဦးသို့ Mobile Tablet များ ဖြန့်ဝေပေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ဓါတ်ပုံ -  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
ဘားအံ၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

သူနာျပဳတကၠသိုလ္မ်ား၊ သူနာျပဳႏွင့္ သားဖြား သင္တန္းေက်ာင္းမ်ားတြင္ အေျခခံ ကြန္ျပဴတာသင္တန္းမ်ား ျပဳလုပ္သင္ၾကားေပးသြားမွာ ျဖစ္တယ္လို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ ုျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ေျပာပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီဇင္ဘာ ၉ ရက္ေန႔က ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕ရွိ ဇြဲကပင္ခန္းမတြင္ က်င္းပျပဳလုပ္တဲ့ ကရင္ျပည္နယ္အတြင္းရွိ အေျခခံ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ၿမိဳ႕နယ္/တိုက္နယ္ ဆရာဝန္မ်ားသို႔ Mobile Tablet မ်ား ျဖန႔္ေဝျခင္း အခမ္းအနားမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ယင္းအခမ္းအနားတြင္ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က “ယခု Mobile Tablet မ်ားကို အက်ိဳးရွိစြာ အသုံးခ်ျခင္းျဖင့္ ဝန္ႀကီးဌာနရဲ႕ လုပ္ငန္းေဆာင္႐ြက္မႈေတြကို ေခတ္ႏွင့္အညီ တိုးတက္ေျပာင္းလဲသြားေစမွာ ျဖစ္ပါတယ္။ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးလုပ္ငန္း စြမ္းေဆာင္ရည္ေတြ ပိုမိုတိုးတက္ ထိေရာက္ေအာင္ျမင္လာျခင္း၊ ျပည္သူမ်ားရဲ႕ က်န္းမာေရးအသိပညာ ျမင့္မားလာျခင္း စသည္ျဖင့္ ျပည္သူတို႔အတြက္ မ်ားစြာအက်ိဳးရွိေစႏိုင္မွာ ျဖစ္ပါတယ္။က်န္းမာေရးက႑ စီမံကိန္းမ်ား ေရးဆြဲေဆာင္႐ြက္ရာတြင္ မွန္ကန္တိက်သည့္ စာရင္းဇယား အခ်က္အလက္မ်ား ရရွိရန္ လိုအပ္ပါတယ္။Mobile Tablet မ်ားကို အသုံးခ်၍ စာရင္းဇယား အခ်က္အလက္မ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ေပးပို႔ျခင္း (electronic data transmission) ႏွင့္ ရယူျခင္းတို႔ကို ေဆာင္႐ြက္ႏိုင္ေတာ့မည့္အျပင္ အီလက္ထေရာနစ္ မွတ္တမ္းစနစ္ (electronic database system) ကိုလည္း စတင္ေဆာင္႐ြက္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ထို႔အတူ စာ႐ြက္စာတမ္းမ်ား အသုံးျပဳရန္ မလိုအပ္ေတာ့ဘဲ အီလက္ထေရာနစ္စနစ္ျဖင့္ သတင္းအခ်က္အလက္ စာရင္းဇယားမ်ား ေပးပို႔ႏိုင္ျခင္းတို႔ကို လုပ္ေဆာင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။သူနာျပဳတကၠသိုလ္မ်ားႏွင့္ သူနာျပဳႏွင့္ သားဖြား သင္တန္းေက်ာင္းမ်ားတြင္ အေျခခံ ကြန္ျပဴတာသင္တန္းမ်ား ျပဳလုပ္သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။” လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္မွလည္း e-Government မူဝါဒ ခ်မွတ္ေဆာက္႐ြက္လ်က္ရွိရာ ဝန္ႀကီးဌာနအေနျဖင့္လည္း ယခုကဲ့သို႔ Mobile Tablet မ်ားကို အသုံးခ်၍ က်န္းမာေရးစနစ္ ပိုမိုတိုးတက္ေကာင္းမြန္ေစေရး ေဆာင္႐ြက္ျခင္းျဖစ္ၿပီး သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရး နည္းပညာကို အသုံးခ်ျခင္းျဖင့္ ႏိုင္ငံတကာႏွင့္ ရင္ေဘာင္တန္းႏိုင္သည့္ ေကာင္းမြန္ေသာ က်န္းမာေရးစနစ္ကို ေဖာ္ေဆာင္ႏိုင္ၿပီး အရည္အေသြး ျပည့္ဝေကာင္းမြန္သည့္ က်န္းမာေရးဝန္ေဆာင္မႈမ်ားကို ပိုမိုေပးအပ္ႏိုင္မွာ ျဖစ္တယ္လို႔လည္း ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ေထြး က ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

အဆိုပါအခမ္းအနားမွာ ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ေထြး က ကရင္ျပည္နယ္အတြင္းရွိ အေျခခံ က်န္းမာေရးဝန္ထမ္း (၈၅၇) ဦးႏွင့္ ၿမိဳ႕နယ္ဆရာဝန္ႏွင့္ တိုက္နယ္ဆရာဝန္ (၃၇) ဦးသို႔ Mobile Tablet မ်ား ျဖန႔္ေဝေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ဓါတ္ပုံ -  က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန
ဘားအံ၊ ဒီဇင္ဘာ - ၁၀