သူ့မူ၊ကိုယ်မူ မလျော့တမ်းဆုပ်ကိုင်ထားသည်ကိုခဏဖယ်ကာ အစုအဖွဲ့ အားလုံးက သဘာဝအတိုင်းဖြစ်သင့်ဖြစ် ထိုက်သည်ကို ဆွေးနွေးကြဖို့ တိုက်တွန်း

 သူ့မူ၊ကိုယ်မူ မလျော့တမ်းဆုပ်ကိုင်ထားသည်ကိုခဏဖယ်ကာ အစုအဖွဲ့ အားလုံးက သဘာဝအတိုင်းဖြစ်သင့်ဖြစ် ထိုက်သည်ကို ဆွေးနွေးကြဖို့ တိုက်တွန်း

ပြဿနာအရပ်ရပ်ကိုဖြေရှင်းဖို့ဟာ ငြိမ်းချမ်းရေးသည်အခရာဖြစ်ပြီး သူ့မူ၊ကိုယ်မူ မလျော့တမ်းဆုပ်ကိုင်ထားသည်ကိုခဏဖယ်ကာ အစုအဖွဲ့အားလုံးက သဘာဝအတိုင်းဖြစ်သင့်ဖြစ်ထိုက်သည်များကိုဆွေးနွေးသွားကြဖို့ PPST ယာယီအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ကြီး ယွက်စစ် ကဒီကနေ့ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ကျင်းပလျက်ရှိတဲ့ NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ စတုထ္ထကြိမ်မြောက်အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

NLD အစိုးရလက်ထက်မှာ ၂၁ ရာစုပင်လုံကို(၃)ကြိမ်ကျင်းပနိုင်ခဲ့ပေမယ့် ပြောပလောက်တဲ့အောင်မြင်မှုမရရှိသေးတာဟာ အစုအဖွဲ့အားလုံးက သူ့မူ၊ကိုယ်မူကိုမလျော့တမ်းဆုပ်ကိုင်ထားလို့ပဲဖြစ်တယ်လို့လည်း PPST ယာယီအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ကြီး ယွက်စစ် ကသူရဲ့သဘာပတိ မိန့်ခွန်း မှာ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

“ကျနော်တို့တတွေ NCA လက်မှတ်ရေးထိုးခဲ့တဲ့(၃)နှစ်ကျော်ကာလအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၄)ကြိမ်(သို့မဟုတ်)၂၁ ရာစုပင်လုံ (၃)ကြိမ်တိုင်တိုင်ကျင်းပနိုင်ခဲ့ပေမယ့်ထင်သာမြင်သာတဲ့တိုးတက်မှုတွေမရရှိသေးပါဘူး။လုပ်ထုံးလုပ်နည်း နည်းပညာပိုင်းဆိုင်ရာတွေ မှာပဲကျနော်တို့အချိန်ကုန်စေခဲ့တယ်။ဆွေးနွေးတဲ့နည်းနာတွေကိုကျနေ်ာတို့မပြင်ဆင်နိုင်ခဲ့ဘူး။ဆွေးနွေးတဲ့နေရာမှာအားလုံးလက်ခံနိုင်တဲ့အခင်းအကျင်းဖြစ်ဖို့လိုတယ်။သူ့မူ၊ကိုယ့်မူအသေဆုပ်ကိုင် ပြီးဆွေးနွေးမယ်ဆိုရင်တော့အောင်မြင်မှာမဟုတ်ပါဘူး။အားလုံးကတန်းတူရေးဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုလိုချင်တာချင်းအတူတူဆိုတော့ဖက်ဒရယ်ကိုပဲဦးတည်ဆွေးနွေးမှအားလုံးအတွက် အဆင်ပြေမှာဖြစ်ပါတယ်။

ဒါကြောင့် သူ့မူ၊ကိုယ့်မူကိုခဏဘေးဖယ်ထားပြီး သဘာဝအတိုင်းဖြစ်သင့်ဖြစ်ထိုက်တာတွေကိုဆွေးနွေးနိုင်ရင်တော့နှစ်ဖက်စလုံးအရှုံးကို မရင်ဆိုင်ရဘဲအောင်မြင်မှုကိုလည်းနှစ်ဦးနှစ်ဖက်ရရှိမှာဖြစ်ပါတယ်။NCAလက်မှတ်မရေးထိုးရသေးတဲ့ညီနောင်အဖွဲ့အစည်းအချို့နဲ့တပ်မတော်တို့ကြားတိုက်ပွဲဖြစ်နေတာဟာ  ပြည်ထောင်စုအတွက်ကြီးမားတဲ့ပြဿနာပဲဖြစ်တယ်။ပြဿနာအရပ်ရပ်ကိုဖြေရှင်းဖို့ဟာငြိမ်းချမ်းရေးက အခရာဖြစ်ပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပျက်ပြားပါက ပြဿနာအမျိုးမျိုးလည်းပေါ်လာမှာဖြစ်လို့  ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အောင်မြင်ရေး အတွက် အစိုးရ၊တပ်မတေ်ာ၊EAO များနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းကြိုးပမ်းရ မှာဖြစ်ပါတယ်။

စည်းလုံးခြင်းသည်အင်အားဆိုသလို ရှေ့ခရီးမှာကျနော်တို့အားလုံးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်  ဥမကွဲ သိုက်မပျက် လက်တွဲမဖြုတ်စတမ်းအတူတကွပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ကိုလည်း ပြောကြားလိုပါတယ်။”လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲကတဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ တစ်ဖက်ကကိုယ့်ဆွေးနွေးဖက်ရဲ့ အာရုံသည်ရွေးကောက်ပွဲ ကိစ္စအတွက် သာရောက်နေ ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒုတိယနေရာမှာရှိနေသည့်အတွက် ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လိုအနေအထားဖြစ်သင့်တယ်ဆိုတာကိုလည်း ကြိုတင်ဆွေးနွေးကြဖို့ သဘောတူညီချက်ရယူထားကြဖို့လိုတယ်လို့လည်း အဆိုပါမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

အဆိုပါ NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ စတုထ္ထကြိမ်မြောက်အစည်းအဝေးကို ဒီကနေ့ မေ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ(၆)ရက်ကြာကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့နှင့် NCA အကောင်အထည်ဖော်ဖက်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ အပါအဝင် ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှလည်းလေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြေသိမ်း
ချင်းမိုင်၊မေ ၁၄
ဓါတ်ပုံ - NCA-S EAO

(  Zawgyi  )

 ျပႆနာအရပ္ရပ္ကိုေျဖရွင္းဖို႔ဟာ ၿငိမ္းခ်မ္းေရးသည္အခရာျဖစ္ၿပီး သူ႔မူ၊ကိုယ္မူ မေလ်ာ့တမ္းဆုပ္ကိုင္ထားသည္ကိုခဏဖယ္ကာ အစုအဖြဲ႕အားလုံးက သဘာဝအတိုင္းျဖစ္သင့္ျဖစ္ထိုက္သည္မ်ားကိုေဆြးေႏြးသြားၾကဖို႔ PPST ယာယီအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ကဒီကေန႔ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕မွာ က်င္းပလ်က္ရွိတဲ့ NCA ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား၏ စတုထၳႀကိမ္ေျမာက္အစည္းအေဝးမွာ တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

NLD အစိုးရလက္ထက္မွာ ၂၁ ရာစုပင္လုံကို(၃)ႀကိမ္က်င္းပႏိုင္ခဲ့ေပမယ့္ ေျပာပေလာက္တဲ့ေအာင္ျမင္မႈမရရွိေသးတာဟာ အစုအဖြဲ႕အားလုံးက သူ႔မူ၊ကိုယ္မူကိုမေလ်ာ့တမ္းဆုပ္ကိုင္ထားလို႔ပဲျဖစ္တယ္လို႔လည္း PPST ယာယီအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ကသူရဲ႕သဘာပတိ မိန႔္ခြန္း မွာ ထည့္သြင္းေျပာၾကားခဲ့ပါေသးတယ္။

“က်ေနာ္တို႔တေတြ NCA လက္မွတ္ေရးထိုးခဲ့တဲ့(၃)ႏွစ္ေက်ာ္ကာလအတြင္းမွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ(၄)ႀကိမ္(သို႔မဟုတ္)၂၁ ရာစုပင္လုံ (၃)ႀကိမ္တိုင္တိုင္က်င္းပႏိုင္ခဲ့ေပမယ့္ထင္သာျမင္သာတဲ့တိုးတက္မႈေတြမရရွိေသးပါဘူး။လုပ္ထုံးလုပ္နည္း နည္းပညာပိုင္းဆိုင္ရာေတြ မွာပဲက်ေနာ္တို႔အခ်ိန္ကုန္ေစခဲ့တယ္။ေဆြးေႏြးတဲ့နည္းနာေတြကိုက်ေန္ာတို႔မျပင္ဆင္ႏိုင္ခဲ့ဘူး။ေဆြးေႏြးတဲ့ေနရာမွာအားလုံးလက္ခံႏိုင္တဲ့အခင္းအက်င္းျဖစ္ဖို႔လိုတယ္။သူ႔မူ၊ကိုယ့္မူအေသဆုပ္ကိုင္ ၿပီးေဆြးေႏြးမယ္ဆိုရင္ေတာ့ေအာင္ျမင္မွာမဟုတ္ပါဘူး။အားလုံးကတန္းတူေရးဒီမိုကေရစီႏွင့္ ဖက္ဒရယ္ကိုလိုခ်င္တာခ်င္းအတူတူဆိုေတာ့ဖက္ဒရယ္ကိုပဲဦးတည္ေဆြးေႏြးမွအားလုံးအတြက္ အဆင္ေျပမွာျဖစ္ပါတယ္။

ဒါေၾကာင့္ သူ႔မူ၊ကိုယ့္မူကိုခဏေဘးဖယ္ထားၿပီး သဘာဝအတိုင္းျဖစ္သင့္ျဖစ္ထိုက္တာေတြကိုေဆြးေႏြးႏိုင္ရင္ေတာ့ႏွစ္ဖက္စလုံးအရႈံးကို မရင္ဆိုင္ရဘဲေအာင္ျမင္မႈကိုလည္းႏွစ္ဦးႏွစ္ဖက္ရရွိမွာျဖစ္ပါတယ္။NCAလက္မွတ္မေရးထိုးရေသးတဲ့ညီေနာင္အဖြဲ႕အစည္းအခ်ိဳ႕နဲ႔တပ္မေတာ္တို႔ၾကားတိုက္ပြဲျဖစ္ေနတာဟာ  ျပည္ေထာင္စုအတြက္ႀကီးမားတဲ့ျပႆနာပဲျဖစ္တယ္။ျပႆနာအရပ္ရပ္ကိုေျဖရွင္းဖို႔ဟာၿငိမ္းခ်မ္းေရးက အခရာျဖစ္ပါတယ္။ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ပ်က္ျပားပါက ျပႆနာအမ်ိဳးမ်ိဳးလည္းေပၚလာမွာျဖစ္လို႔  ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ေအာင္ျမင္ေရး အတြက္ အစိုးရ၊တပ္မေတ္ာ၊EAO မ်ားနဲ႔သက္ဆိုင္တဲ့ အဖြဲ႕အစည္းမ်ားအားလုံးက ဝိုင္းဝန္းႀကိဳးပမ္းရ မွာျဖစ္ပါတယ္။

စည္းလုံးျခင္းသည္အင္အားဆိုသလို ေရွ႕ခရီးမွာက်ေနာ္တို႔အားလုံးဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္  ဥမကြဲ သိုက္မပ်က္ လက္တြဲမျဖဳတ္စတမ္းအတူတကြပူးေပါင္းႀကိဳးပမ္းေဆာင္႐ြက္သြားၾကဖို႔ကိုလည္း ေျပာၾကားလိုပါတယ္။”လို႔ ဆိုပါတယ္။ ဒါ့အျပင္ ၂၀၂၀ ေ႐ြးေကာက္ပြဲကတျဖည္းျဖည္းနီးကပ္လာသည္ႏွင့္အမွ် တစ္ဖက္ကကိုယ့္ေဆြးေႏြးဖက္ရဲ႕ အာ႐ုံသည္ေ႐ြးေကာက္ပြဲ ကိစၥအတြက္ သာေရာက္ေန ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္က ဒုတိယေနရာမွာရွိေနသည့္အတြက္ ၂၀၂၀ မတိုင္မီႏွင့္ ၂၀၂၀ အလြန္မွာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဘယ္လိုအေနအထားျဖစ္သင့္တယ္ဆိုတာကိုလည္း ႀကိဳတင္ေဆြးေႏြးၾကဖို႔ သေဘာတူညီခ်က္ရယူထားၾကဖို႔လိုတယ္လို႔လည္း အဆိုပါမိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါေသးတယ္။

အဆိုပါ NCA ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား၏ စတုထၳႀကိမ္ေျမာက္အစည္းအေဝးကို ဒီကေန႔ ေမ ၁၄ ရက္မွ ၁၉ ရက္ေန႔အထိ ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕မွာ(၆)ရက္ၾကာက်င္းပမည္ျဖစ္ၿပီး ယင္းအစည္းအေဝးသို႔ NCA ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း(၈)ဖြဲ႕ႏွင့္ NCA အေကာင္အထည္ေဖာ္ဖက္မ်ားျဖစ္ၾကသည့္ မြန္ျပည္သစ္ပါတီ (NMSP)ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး(LDU)တို႔ အပါအဝင္ ညီေနာင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွလည္းေလ့လာသူမ်ားအျဖစ္ တက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ေျပသိမ္း
ခ်င္းမိုင္၊ေမ ၁၄
ဓါတ္ပုံ - NCA-S EAO