သြင်္ကန်ကာလမှာအပူချိန်တွေဆက်ပြီးမြှင့်တက်လာဖို့ရှိနေ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုအန္တရာယ်ကိုလည်း ဂရုပြုသတိထားသင့်ဟုဆို

သြင်္ကန်ကာလမှာအပူချိန်တွေဆက်ပြီးမြှင့်တက်လာဖို့ရှိနေ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုအန္တရာယ်ကိုလည်း ဂရုပြုသတိထားသင့်ဟုဆို

သြင်္ကန်ကာလမှာအပူချိန်တွေဆက်ပြီးမြှင့်တက်လာဖို့ရှိနေပြီး ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အန္တရာယ်ကိုလည်း ပြည်သူလူထုအနေနဲ့ ဂရုပြုသတိထားသင့်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦး ကပြောပါတယ်။“ဒီရက်ပိုင်းအတွင်း အပူချိန်တွေကတအားကြီးလည်းမများပါဘူးဆိုပေမယ့်ပူတော့ပူနေတယ်ပေါ့နော်။

အချို့ ရက်ပိုင်းတွေမှာအနည်းငယ်ပူနေတယ်ပေါ့၊မတ်လလောက်ပြန်ကြည့်ရင်တစ်လလုံးပျမ်းမျှအနေနဲ့ပြောရရင်  တော့မတ်လရဲ့ အပူချိန်လောက်ပဲရှိပါတယ်။ယခုဧပြီလမှာတော့ တချို့နေရာအထက်ပိုင်းတွေမှာပူတာ တွေရှိတယ်။ မိုးပြတ်သွားတာ နဲ့ချက်ချင်းပြန်ပြီးတော့ အပူတက်လာတယ်အဲ့လိုမျိုးတွေရှိနေတယ်။

ဒါကြောင့်အပူချိန်ကိုပိုပြီးတော့ခံစားနေရတဲ့အနေအထားမျိုးလေးတွေရှိပါတယ်။ဒီသြင်္ကန်ကာလမှာလည်း အပူချိန်တွေက ဆက်ပြီးမြှင့် တက်လာဖို့ရှိပါတယ်။နောက်အပူနဲ့ပတ်သက်ပြီးတော့ပျမ်းမျှအနေနဲ့ကြည့်ရင် တအားကြီးတော့မြင့်တက် လာတဲ့အနေအထား မျိုးမရှိပေမယ့် ဒီပျမ်းမျှအပူချိန်တွေကတရက်ချင်းစီအလိုက်ဆိုရင် တော့ပုံမှန်ထက်ပိုပြီးများနေတာတွေရှိ သလိုတချို့ရက်တွေကျတော့ လည်း ပုံမှန်အောက်လျော့သွားတဲ့အနေ အထားလေးတွေရှိခဲ့ပါတယ်၊တွေ့ရပါတယ်။”လို့ နေ့အပူချိန်နဲ့ပတ်သက်ပြီး ဒေါက်တာဦးကျော်မိုးဦး ကရှင်းပြခဲ့ပါတယ်။

ထို့အတူ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းကိစ္စရပ်နဲ့ပတ်သက်ပြီးတော့လည်း ဒေါက်တာဦးကျော်မိုးဦး က “ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းနဲ့ပတ်သက်ပြီးပြောရရင်စခန်းတိုင်းမှာတေ့ာ ဖြစ်စဉ်ကိုစောင့်ကြည့်လေ့လာ တိုင်းတာတဲ့ စက်တွေမတပ်နိုင်တော့ ဒီဟာကိုပြောဖို့ကျ နည်းနည်းလေးခက်ပါတယ်။တစ်ဖက်ကလည်း ခရမ်းလွန်ရောင်ခြည်ကြောင့်လူထုအနေနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေ ရှိနိုင်တယ်။ ခရမ်းလွန်ရောင်ခြည်ထိ ရောက်မှုများရင်နေလောင်တာတို့ အရေပြားနဲ့ဆိုင်တဲ့ပြဿနာတို့ရှိတယ်၊မျက်လုံးကို ထိခိုက်တဲ့အနေအထားရှိတယ်။

တစ်ဖက်အနေနဲ့ပြန်ကြည့်ရင်ခရမ်းလွန်ရောင်ခြည် အကျိုးပြုတာကရောဂါပိုးမွှားတွေ ကိုသေစေတယ်ပေါ့လေ။ ဒါကြောင့်မို့လည်း အနောက်နိုင်ငံတွေက နေပူစာလုံတာ၊နေရောင်ခံတာလုပ်ကြတယ်။ပြောရရင် အကောင်း၊အဆိုးနှစ်ခုလုံးဒွန်တွဲနေတယ်။ နေပူထဲမှာကြာကြာ အလုပ်လုပ်ရမယ့်သူဆိုရင်တော့ ခန္ဓာကိုယ်ကိုခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှု မရှိအောင်လုပ်ရမယ်။ အဲ့ဒါမျိုးတွေလုပ်ခြင်း အားဖြင့်သူရဲ့ထိရောက်မှုကို ပြန်ပြီးတော့လျော့ချရမယ်။ပြောရရင်ကျနော်တို့နိုင်ငံကလည်းအပူပိုင်းဒေသထဲမှာပါတယ်။အီကွေတာနဲ့နီးတော့  အခြားသောသမပိုင်းဒေသတွေထက်စာရင်ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကတော့ပိုပြီးတော့များတယ်။

အန္တရာယ်ဖြစ်နိုင်တဲ့အတိုင်းအတာကျတော့တစ်ဦးနဲ့တစ်ဦးကခုခံနိုင်စွမ်းအားမတူတဲ့အတွက်   အန္တရာယ်ဖြစ်နိုင်၊မဖြစ်နိုင်ဆိုတာ က တစ်ဦးချင်းစီရဲ့အပြုအမူပေါ်မှာပဲမူတည်ပါတယ်။ဒါပေမယ့်  ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အန္တရာယ်ကိုလည်း လူထုအနေန့ဲဂရုပြုသတိထား သင့်ပါတယ်။”လို့ ထပ်လောင်းပြောပြခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊မေလ ၇ ရက်နေ့က ရန်ကုန်မြို့မှာအပူချိန် ၄၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်အထိအပူချိန်မြင့်တက်ခဲ့ပြီး ရန်ကုန်မြို့သမိုင်းတစ်လျှောက်အပူဆုံးနေ့ဖြစ်ခဲ့တယ်လို့လည်း မိုးလေဝနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့မှတ်တမ်းတွေအရ သိရပါတယ်။အလားတူ ရန်ကုန်မြို့မှာ ၂၀၁၇ ခုနှစ်အတွင်း အပူချိန်အမြင့်ဆုံးအဖြစ် ဧပြီ ၄ ရက်နှင့်မေလ ၃ ရက်နေ့တို့မှာလည်းအပူချိန် ၃၉ ဒသမ ၂ စင်တီဂရိတ်အထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေအရ တစ်ပြည်လုံးမှာခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း လွန်ကဲအဆင့်မှာရှိတယ်လို့လည်း မိုး/ဇလပညာရှင် ဒေါက်တာဦးထွန်းလွင်က သူရဲ့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ထို့အတူနေ့အပူချိန်များအနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် 25°C မှ 30°C ခန့်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ရှမ်းပြည်နယ်(အ ရှေ့ပိုင်း)၊ ကယားပြည်နယ်၊ရခိုင်ပြည် နယ်၊စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တ ွင် 31°C မှ 35°C ခန့်၊ကျန်ဒေသ တွေမှာ 36°C မှ 41°C အထိရှိနိုင်မယ်လို့လည်း သိရပါတယ်။

ပြေသိမ်း  
ရန်ကုန်၊ဧပြီ ၁၀ 

(  Zawgyi  )

 ၾသကၤန္ကာလမွာအပူခ်ိန္ေတြဆက္ၿပီးျမႇင့္တက္လာဖို႔ရွိေနၿပီး ခရမ္းလြန္ေရာင္ျခည္က်ေရာက္မႈ အႏၲရာယ္ကိုလည္း ျပည္သူလူထုအေနနဲ႔ ဂ႐ုျပဳသတိထားသင့္တယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာဦးေက်ာ္မိုးဦး ကေျပာပါတယ္။“ဒီရက္ပိုင္းအတြင္း အပူခ်ိန္ေတြကတအားႀကီးလည္းမမ်ားပါဘူးဆိုေပမယ့္ပူေတာ့ပူေနတယ္ေပါ့ေနာ္။

အခ်ိဳ႕ ရက္ပိုင္းေတြမွာအနည္းငယ္ပူေနတယ္ေပါ့၊မတ္လေလာက္ျပန္ၾကည့္ရင္တစ္လလုံးပ်မ္းမွ်အေနနဲ႔ေျပာရရင္  ေတာ့မတ္လရဲ႕ အပူခ်ိန္ေလာက္ပဲရွိပါတယ္။ယခုဧၿပီလမွာေတာ့ တခ်ိဳ႕ေနရာအထက္ပိုင္းေတြမွာပူတာ ေတြရွိတယ္။ မိုးျပတ္သြားတာ နဲ႔ခ်က္ခ်င္းျပန္ၿပီးေတာ့ အပူတက္လာတယ္အဲ့လိုမ်ိဳးေတြရွိေနတယ္။

ဒါေၾကာင့္အပူခ်ိန္ကိုပိုၿပီးေတာ့ခံစားေနရတဲ့အေနအထားမ်ိဳးေလးေတြရွိပါတယ္။ဒီၾသကၤန္ကာလမွာလည္း အပူခ်ိန္ေတြက ဆက္ၿပီးျမႇင့္ တက္လာဖို႔ရွိပါတယ္။ေနာက္အပူနဲ႔ပတ္သက္ၿပီးေတာ့ပ်မ္းမွ်အေနနဲ႔ၾကည့္ရင္ တအားႀကီးေတာ့ျမင့္တက္ လာတဲ့အေနအထား မ်ိဳးမရွိေပမယ့္ ဒီပ်မ္းမွ်အပူခ်ိန္ေတြကတရက္ခ်င္းစီအလိုက္ဆိုရင္ ေတာ့ပုံမွန္ထက္ပိုၿပီးမ်ားေနတာေတြရွိ သလိုတခ်ိဳ႕ရက္ေတြက်ေတာ့ လည္း ပုံမွန္ေအာက္ေလ်ာ့သြားတဲ့အေန အထားေလးေတြရွိခဲ့ပါတယ္၊ေတြ႕ရပါတယ္။”လို႔ ေန႔အပူခ်ိန္နဲ႔ပတ္သက္ၿပီး ေဒါက္တာဦးေက်ာ္မိုးဦး ကရွင္းျပခဲ့ပါတယ္။

ထို႔အတူ ခရမ္းလြန္ေရာင္ျခည္အၫႊန္းကိန္းကိစၥရပ္နဲ႔ပတ္သက္ၿပီးေတာ့လည္း ေဒါက္တာဦးေက်ာ္မိုးဦး က “ခရမ္းလြန္ေရာင္ျခည္ အၫႊန္းကိန္းနဲ႔ပတ္သက္ၿပီးေျပာရရင္စခန္းတိုင္းမွာေတ့ာ ျဖစ္စဥ္ကိုေစာင့္ၾကည့္ေလ့လာ တိုင္းတာတဲ့ စက္ေတြမတပ္ႏိုင္ေတာ့ ဒီဟာကိုေျပာဖို႔က် နည္းနည္းေလးခက္ပါတယ္။တစ္ဖက္ကလည္း ခရမ္းလြန္ေရာင္ျခည္ေၾကာင့္လူထုအေနနဲ႔ က်န္းမာေရးဆိုင္ရာျပႆနာေတြ ရွိႏိုင္တယ္။ ခရမ္းလြန္ေရာင္ျခည္ထိ ေရာက္မႈမ်ားရင္ေနေလာင္တာတို႔ အေရျပားနဲ႔ဆိုင္တဲ့ျပႆနာတို႔ရွိတယ္၊မ်က္လုံးကို ထိခိုက္တဲ့အေနအထားရွိတယ္။

တစ္ဖက္အေနနဲ႔ျပန္ၾကည့္ရင္ခရမ္းလြန္ေရာင္ျခည္ အက်ိဳးျပဳတာကေရာဂါပိုးမႊားေတြ ကိုေသေစတယ္ေပါ့ေလ။ ဒါေၾကာင့္မို႔လည္း အေနာက္ႏိုင္ငံေတြက ေနပူစာလုံတာ၊ေနေရာင္ခံတာလုပ္ၾကတယ္။ေျပာရရင္ အေကာင္း၊အဆိုးႏွစ္ခုလုံးဒြန္တြဲေနတယ္။ ေနပူထဲမွာၾကာၾကာ အလုပ္လုပ္ရမယ့္သူဆိုရင္ေတာ့ ခႏၶာကိုယ္ကိုခရမ္းလြန္ေရာင္ျခည္ တိုက္႐ိုက္ထိေတြ႕မႈ မရွိေအာင္လုပ္ရမယ္။ အဲ့ဒါမ်ိဳးေတြလုပ္ျခင္း အားျဖင့္သူရဲ႕ထိေရာက္မႈကို ျပန္ၿပီးေတာ့ေလ်ာ့ခ်ရမယ္။ေျပာရရင္က်ေနာ္တို႔ႏိုင္ငံကလည္းအပူပိုင္းေဒသထဲမွာပါတယ္။အီေကြတာနဲ႔နီးေတာ့  အျခားေသာသမပိုင္းေဒသေတြထက္စာရင္ခရမ္းလြန္ေရာင္ျခည္က်ေရာက္မႈကေတာ့ပိုၿပီးေတာ့မ်ားတယ္။

အႏၲရာယ္ျဖစ္ႏိုင္တဲ့အတိုင္းအတာက်ေတာ့တစ္ဦးနဲ႔တစ္ဦးကခုခံႏိုင္စြမ္းအားမတူတဲ့အတြက္   အႏၲရာယ္ျဖစ္ႏိုင္၊မျဖစ္ႏိုင္ဆိုတာ က တစ္ဦးခ်င္းစီရဲ႕အျပဳအမူေပၚမွာပဲမူတည္ပါတယ္။ဒါေပမယ့္  ခရမ္းလြန္ေရာင္ျခည္က်ေရာက္မႈ အႏၲရာယ္ကိုလည္း လူထုအေနန႔ဲဂ႐ုျပဳသတိထား သင့္ပါတယ္။”လို႔ ထပ္ေလာင္းေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္၊ေမလ ၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာအပူခ်ိန္ ၄၁ ဒသမ ၃ ဒီဂရီစင္တီဂရိတ္အထိအပူခ်ိန္ျမင့္တက္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕သမိုင္းတစ္ေလွ်ာက္အပူဆုံးေန႔ျဖစ္ခဲ့တယ္လို႔လည္း မိုးေလဝႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနရဲ႕မွတ္တမ္းေတြအရ သိရပါတယ္။အလားတူ ရန္ကုန္ၿမိဳ႕မွာ ၂၀၁၇ ခုႏွစ္အတြင္း အပူခ်ိန္အျမင့္ဆုံးအျဖစ္ ဧၿပီ ၄ ရက္ႏွင့္ေမလ ၃ ရက္ေန႔တို႔မွာလည္းအပူခ်ိန္ ၃၉ ဒသမ ၂ စင္တီဂရိတ္အထိ ရွိခဲ့တယ္လို႔လည္း ဆိုပါတယ္။

ခရမ္းလြန္ေရာင္ျခည္အၫႊန္းကိန္းမ်ားအေျခအေနအရ တစ္ျပည္လုံးမွာခရမ္းလြန္ေရာင္ျခည္အၫႊန္းကိန္း လြန္ကဲအဆင့္မွာရွိတယ္လို႔လည္း မိုး/ဇလပညာရွင္ ေဒါက္တာဦးထြန္းလြင္က သူရဲ႕ လူမႈကြန္ရက္မွာေရးသားထားပါတယ္။ ထို႔အတူေန႔အပူခ်ိန္မ်ားအေနျဖင့္ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ရွမ္းျပည္နယ္(ေတာင္ပိုင္း)တို႔တြင္ 25°C မွ 30°C ခန႔္၊ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ရွမ္းျပည္နယ္(အ ေရွ႕ပိုင္း)၊ ကယားျပည္နယ္၊ရခိုင္ျပည္ နယ္၊စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း)ႏွင့္တနသၤာရီတိုင္းေဒသႀကီးတို႔တ ြင္ 31°C မွ 35°C ခန႔္၊က်န္ေဒသ ေတြမွာ 36°C မွ 41°C အထိရွိႏိုင္မယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း  
ရန္ကုန္၊ဧၿပီ ၁၀