သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေး လက္ခဏာ အကြမ်းဖျဉ်းတူညီခြင်းကြောင့် လွဲမှားဆုံးဖြတ်မိပါက အသက်အန္တရာယ်ကြုံနိုင်

သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေး လက္ခဏာ အကြမ်းဖျဉ်းတူညီခြင်းကြောင့် လွဲမှားဆုံးဖြတ်မိပါက အသက်အန္တရာယ်ကြုံနိုင်

သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆင်တုပ်ကွေးရောဂါတွေဟာ အကြမ်းဖျဉ်းအားဖြင့် လက္ခဏာတူနေတာကြောင့် လွဲမှားဆုံးဖြတ်မိတဲ့အခါ အသက်အန္တရာယ်ကြုံလာနိုင်တဲ့အတွက် အလွန်သတိပြုလုပ်ဆောင်သွားရန် လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

“အကြမ်းဖျဉ်းကြည့်လိုက်ရင် အနီစက်ကလေးတွေ ပေါ်လာတတ်တာကြောင့်လည်း သွေးလွန်တုပ်ကွေးလား၊ ဆင်တုပ်ကွေးလားဆိုတာကို ကွဲကွဲပြားပြားသိနိုင်ဖို့ အရေးကြီးပါတယ်၊ အပြင်မှာ ပေါ့ပေါ့ဆဆနဲ့လုပ်မိရင် အရမ်းအန္တရာယ်ကြီးတယ်၊ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေနဲ့ ပြတာပဲဖြစ်ဖြစ်၊ နီးစပ်တဲ့ ကျန်းမာရေးဌာနတွေမှာ ပြသပြီးတော့ ရောဂါအတည်ပြုပြီး စနစ်တကျနဲ့ ကုသနိုင်ဖို့ အရေးကြီးပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့် က ရှင်းပြပါတယ်။

ဖျားနာကာ ကိုက်ခဲပြီး အနီစက်များထွက်တဲ့အခါ ဘယ်လိုရောဂါဖြစ်တယ်ဆိုတာကို သိရှိနိုင်ဖို့ အလျင်အမြန်လုပ်ဆောင်သင့်တဲ့အပြင် ရောဂါသက်သာ ပျောက်ကင်းချင်ဇောများကာ ပြင်ပက ဆိုင်တွေမှာ အကိုက်အခဲဆေးတွေ ဝယ်သောက်တာမျိုး မလုပ်မိဖို့ အရေးကြီးပါတယ်။

ဆင်တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးတို့ဟာ ခြင်ကျားကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေလည်းဖြစ်သလို အင်ပြင်များထွက်တာတွေ၊ အနီစက်များထွက်တာတွေ၊ အပြင်းဖျားနာတာတွေလည်း ဖြစ်တတ်တာကြောင့် ရောဂါနှစ်မျိုးစလုံးဟာ အကြမ်းဖျဉ်းအားဖြင့် တူညီသလိုဖြစ်နေတာကြောင့် အလွန်အရေးကြီးတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ သိရပါတယ်။

ဆင်တုပ်ကွေးဖြစ်ပွားသူ အများစုဟာ ပြင်ပဆေးခန်းတွေမှာသာ ပြသပြီး သက်သာပျောက်ကင်းတာတွေကြောင့် ဆေးရုံတက်ရတဲ့ အခြေအနေမျိုး သိပ်မရှိတဲ့အတွက် ဖြစ်ပွားသူဦးရေကို ကောက်ယူနိုင်တာမျိုး မရှိသော်လည်း သွေးလွန်တုပ်ကွေးရောဂါမှာတော့ ၂၀၁၉ ခုနှစ်အတွင်း ယခုအထိ ဖြစ်ပွားသူ ၁၂၀၀ ကျော်ရှိကာ သေဆုံးသူ ၁၃ ဦးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၃၀

( Zawgyi )

ေသြးလြန္တုပ္ေကြးေရာဂါနဲ႔ ဆင္တုပ္ေကြးေရာဂါေတြဟာ အၾကမ္းဖ်ဥ္းအားျဖင့္ လကၡဏာတူေနတာေၾကာင့္ လြဲမွားဆုံးျဖတ္မိတဲ့အခါ အသက္အႏၲရာယ္ႀကဳံလာႏိုင္တဲ့အတြက္ အလြန္သတိျပဳလုပ္ေဆာင္သြားရန္ လိုအပ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရပါတယ္။

“အၾကမ္းဖ်ဥ္းၾကည့္လိုက္ရင္ အနီစက္ကေလးေတြ ေပၚလာတတ္တာေၾကာင့္လည္း ေသြးလြန္တုပ္ေကြးလား၊ ဆင္တုပ္ေကြးလားဆိုတာကို ကြဲကြဲျပားျပားသိႏိုင္ဖို႔ အေရးႀကီးပါတယ္၊ အျပင္မွာ ေပါ့ေပါ့ဆဆနဲ႔လုပ္မိရင္ အရမ္းအႏၲရာယ္ႀကီးတယ္၊ နားလည္တတ္ကြၽမ္းတဲ့ ဆရာဝန္ႀကီးေတြနဲ႔ ျပတာပဲျဖစ္ျဖစ္၊ နီးစပ္တဲ့ က်န္းမာေရးဌာနေတြမွာ ျပသၿပီးေတာ့ ေရာဂါအတည္ျပဳၿပီး စနစ္တက်နဲ႔ ကုသႏိုင္ဖို႔ အေရးႀကီးပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာထြန္းျမင့္ က ရွင္းျပပါတယ္။

ဖ်ားနာကာ ကိုက္ခဲၿပီး အနီစက္မ်ားထြက္တဲ့အခါ ဘယ္လိုေရာဂါျဖစ္တယ္ဆိုတာကို သိရွိႏိုင္ဖို႔ အလ်င္အျမန္လုပ္ေဆာင္သင့္တဲ့အျပင္ ေရာဂါသက္သာ ေပ်ာက္ကင္းခ်င္ေဇာမ်ားကာ ျပင္ပက ဆိုင္ေတြမွာ အကိုက္အခဲေဆးေတြ ဝယ္ေသာက္တာမ်ိဳး မလုပ္မိဖို႔ အေရးႀကီးပါတယ္။

ဆင္တုပ္ေကြးနဲ႔ ေသြးလြန္တုပ္ေကြးတို႔ဟာ ျခင္က်ားကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါေတြလည္းျဖစ္သလို အင္ျပင္မ်ားထြက္တာေတြ၊ အနီစက္မ်ားထြက္တာေတြ၊ အျပင္းဖ်ားနာတာေတြလည္း ျဖစ္တတ္တာေၾကာင့္ ေရာဂါႏွစ္မ်ိဳးစလုံးဟာ အၾကမ္းဖ်ဥ္းအားျဖင့္ တူညီသလိုျဖစ္ေနတာေၾကာင့္ အလြန္အေရးႀကီးတဲ့ အေျခအေနမ်ိဳး ျဖစ္တယ္လို႔ သိရပါတယ္။

ဆင္တုပ္ေကြးျဖစ္ပြားသူ အမ်ားစုဟာ ျပင္ပေဆးခန္းေတြမွာသာ ျပသၿပီး သက္သာေပ်ာက္ကင္းတာေတြေၾကာင့္ ေဆး႐ုံတက္ရတဲ့ အေျခအေနမ်ိဳး သိပ္မရွိတဲ့အတြက္ ျဖစ္ပြားသူဦးေရကို ေကာက္ယူႏိုင္တာမ်ိဳး မရွိေသာ္လည္း ေသြးလြန္တုပ္ေကြးေရာဂါမွာေတာ့ ၂၀၁၉ ခုႏွစ္အတြင္း ယခုအထိ ျဖစ္ပြားသူ ၁၂၀၀ ေက်ာ္ရွိကာ ေသဆုံးသူ ၁၃ ဦးအထိ ရွိလာခဲ့တယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၃၀