ဟိုတယ်နဲ့ တည်းခိုရိပ်သာအတွက် ကျပ် ၁၁၉၆၂၄ သန်းနဲ့ အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၂၉ သန်း ရန်ကုန်၌ ရင်းနှီးမြှုပ်နှံထား

ဟိုတယ်နဲ့ တည်းခိုရိပ်သာအတွက် ကျပ် ၁၁၉၆၂၄ သန်းနဲ့ အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၂၉ သန်း ရန်ကုန်၌ ရင်းနှီးမြှုပ်နှံထား

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေအတွက် ရင်းနှီးမြှုပ်နှံခွင့်ပြုတာတွေကို တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း ယခုအထိ ဟိုတယ်နဲ့ တည်းခိုရိပ်သာအတွက် ကျပ် ၁၁၉၆၂၄ သန်းနဲ့ အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၂၉ သန်းကို ရင်းနှီးမြှုပ်နှံခွင့်ပြုထားတယ်လို့ ယင်းကော်မတီမှ သိရပါတယ်။

“ဒီငွေပမာဏဟာ ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုတဲ့ ပမာဏဖြစ်ပါတယ်၊ မြေကိုငှားရမ်းတာတွေ၊ ဝယ်ယူတာတွေလည်း ပါဝင်ပါတယ်၊ ဒီစာရင်းတွေဟာ နှစ်ပတ်တစ်ကြိမ်လုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မတီက ထုတ်ပြန်တဲ့စာရင်းနဲ့ မတူပါဘူး ခွဲထုတ်ပြီးတော့ ပြုစုထားတဲ့ စာရင်းလည်း ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ရှင်းပြပါတယ်။

အဆိုပါ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေနဲ့ ပတ်သက်လို့ ခွင့်ပြုချက်ပါမစ်တွေကို ယခင်က ပြည်ထောင်စုအစိုးရအဆင့်ကနေ ခွင့်ပြုပေးခဲ့ပေမယ့် ယခုနောက်ပိုင်းမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက တာဝန်ယူ ခွင့်ပြုခဲ့တာဖြစ်သလို မေလမှစတင်ကာ တစ်လျှင် တစ်ကြိမ် ကော်မတီအစည်းအဝေးတွေ ကျင်းပပြီး ခွင့်ပြုချက်ချပေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

သြဂုတ် ၃၀ ရက်မှ (၄) ကြိမ်မြောက် ကော်မတီအစည်းအဝေး ကျင်းပခဲ့ကာ ဟိုတယ်လုပ်ငန်း လိုင်စင်သုံးခု၊ တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်နှစ်ခု၊ စုစုပေါင်းအခန်း ၁၃၃ ခန်း၊ ဟိုတယ်တည်ဆောက်ခွင့် လေးလုံး၊ တည်းခိုရိပ်သာ တည်ဆောက်ခွင့် တစ်လုံး၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင် (ပြည်တွင်း/ပြည်ဝင်) ၅၆ ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင် (ပြည်ပ) ၁၉ ခု၊ ဧည့်လမ်းညွှန်လိုင်စင် ၃၀ ခု တို့ကို အတည်ပြုခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၂၆၆၇၄ သန်းဖိုး ရှိခဲ့သလို ယင်းကဲ့သို့ အတည်ပြုပေးခဲ့သော လုပ်ငန်းလိုင်စင်များမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃၅ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိကာလတွင် အစည်းအဝေး အမှတ်စဉ် ၁ မှ ၄ အထိ စုစုပေါင်း ဟိုတယ်လုပ်ငန်း လိုင်စင် ၃၃ ခု၊ ဟိုတယ်ယာယီလုပ်ငန်း လိုင်စင်တစ်ခု၊ တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်ရှစ်ခု၊ စုစုပေါင်းအခန်း ၂၁၃၆ ခန်း၊ ဟိုတယ်တည်ဆောက်ခွင့် ၁၈ လုံး၊ တည်းခိုရိပ်သာ တည်ဆောက်ခွင့် သုံးလုံး၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင် (ပြည်တွင်း/ပြည်ဝင်) ၂၇၆ ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင် (ပြည်ပ) ၁၂၁ ခု၊ ဧည့်လမ်းညွှန်လိုင်စင် ၂၁၈ ခု တို့ကို အတည်ပြု ခွင့်ပြုပေးခဲ့ကြောင်း၊ အဆိုပါ ဟိုတယ်နှင့် တည်းခိုရိပ်သာတို့အတွက် မတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ် ၁၁၉၆၂၄ သန်းနှင့် အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၂၉ သန်း ဖြစ်ခဲ့ပြီး အတည်ပြုပေးခဲ့သော လုပ်ငန်းလိုင်စင် အားလုံးမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၉၁ ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့တယ်လို့ ယင်းကော်မတီမှ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဩဂုတ် - ၃၁

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီးထဲမွာ ဟိုတယ္နဲ႔ တည္းခိုရိပ္သာေတြအတြက္ ရင္းႏွီးျမႇဳပ္ႏွံခြင့္ျပဳတာေတြကို တိုင္းေဒသႀကီးေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီက ခြင့္ျပဳေပးလ်က္ရွိရာ ၂၀၁၉ ခုႏွစ္အတြင္း ယခုအထိ ဟိုတယ္နဲ႔ တည္းခိုရိပ္သာအတြက္ က်ပ္ ၁၁၉၆၂၄ သန္းနဲ႔ အေမရိကန္ေဒၚလာ ၂၃၈ ဒသမ ၂၉ သန္းကို ရင္းႏွီးျမႇဳပ္ႏွံခြင့္ျပဳထားတယ္လို႔ ယင္းေကာ္မတီမွ သိရပါတယ္။

“ဒီေငြပမာဏဟာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ အဆိုျပဳတဲ့ ပမာဏျဖစ္ပါတယ္၊ ေျမကိုငွားရမ္းတာေတြ၊ ဝယ္ယူတာေတြလည္း ပါဝင္ပါတယ္၊ ဒီစာရင္းေတြဟာ ႏွစ္ပတ္တစ္ႀကိမ္လုပ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက ထုတ္ျပန္တဲ့စာရင္းနဲ႔ မတူပါဘူး ခြဲထုတ္ၿပီးေတာ့ ျပဳစုထားတဲ့ စာရင္းလည္း ျဖစ္ပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီမွ ကရင္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳး က ရွင္းျပပါတယ္။

အဆိုပါ ဟိုတယ္နဲ႔ တည္းခိုရိပ္သာေတြနဲ႔ ပတ္သက္လို႔ ခြင့္ျပဳခ်က္ပါမစ္ေတြကို ယခင္က ျပည္ေထာင္စုအစိုးရအဆင့္ကေန ခြင့္ျပဳေပးခဲ့ေပမယ့္ ယခုေနာက္ပိုင္းမွာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ေတြက တာဝန္ယူ ခြင့္ျပဳခဲ့တာျဖစ္သလို ေမလမွစတင္ကာ တစ္လွ်င္ တစ္ႀကိမ္ ေကာ္မတီအစည္းအေဝးေတြ က်င္းပၿပီး ခြင့္ျပဳခ်က္ခ်ေပးတာေတြကို လုပ္ေဆာင္ခဲ့ပါတယ္။

ၾသဂုတ္ ၃၀ ရက္မွ (၄) ႀကိမ္ေျမာက္ ေကာ္မတီအစည္းအေဝး က်င္းပခဲ့ကာ ဟိုတယ္လုပ္ငန္း လိုင္စင္သုံးခု၊ တည္းခိုရိပ္သာလုပ္ငန္း လိုင္စင္ႏွစ္ခု၊ စုစုေပါင္းအခန္း ၁၃၃ ခန္း၊ ဟိုတယ္တည္ေဆာက္ခြင့္ ေလးလုံး၊ တည္းခိုရိပ္သာ တည္ေဆာက္ခြင့္ တစ္လုံး၊ ခရီးလွည့္လည္ေရးလုပ္ငန္း လိုင္စင္ (ျပည္တြင္း/ျပည္ဝင္) ၅၆ ခု၊ ခရီးလွည့္လည္ေရးလုပ္ငန္း လိုင္စင္ (ျပည္ပ) ၁၉ ခု၊ ဧည့္လမ္းၫႊန္လိုင္စင္ ၃၀ ခု တို႔ကို အတည္ျပဳခြင့္ျပဳေပးခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ က်ပ္ ၂၆၆၇၄ သန္းဖိုး ရွိခဲ့သလို ယင္းကဲ့သို႔ အတည္ျပဳေပးခဲ့ေသာ လုပ္ငန္းလိုင္စင္မ်ားမွ အလုပ္အကိုင္ အခြင့္အလမ္းေပါင္း ၃၃၅ ဦးအတြက္ ဖန္တီးေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိကာလတြင္ အစည္းအေဝး အမွတ္စဥ္ ၁ မွ ၄ အထိ စုစုေပါင္း ဟိုတယ္လုပ္ငန္း လိုင္စင္ ၃၃ ခု၊ ဟိုတယ္ယာယီလုပ္ငန္း လိုင္စင္တစ္ခု၊ တည္းခိုရိပ္သာလုပ္ငန္း လိုင္စင္ရွစ္ခု၊ စုစုေပါင္းအခန္း ၂၁၃၆ ခန္း၊ ဟိုတယ္တည္ေဆာက္ခြင့္ ၁၈ လုံး၊ တည္းခိုရိပ္သာ တည္ေဆာက္ခြင့္ သုံးလုံး၊ ခရီးလွည့္လည္ေရးလုပ္ငန္း လိုင္စင္ (ျပည္တြင္း/ျပည္ဝင္) ၂၇၆ ခု၊ ခရီးလွည့္လည္ေရးလုပ္ငန္း လိုင္စင္ (ျပည္ပ) ၁၂၁ ခု၊ ဧည့္လမ္းၫႊန္လိုင္စင္ ၂၁၈ ခု တို႔ကို အတည္ျပဳ ခြင့္ျပဳေပးခဲ့ေၾကာင္း၊ အဆိုပါ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာတို႔အတြက္ မတည္ေငြႏွင့္ ရင္းႏွီးေငြပမာဏ စုစုေပါင္းမွာ က်ပ္ ၁၁၉၆၂၄ သန္းႏွင့္ အေမရိကန္ေဒၚလာ ၂၃၈ ဒသမ ၂၉ သန္း ျဖစ္ခဲ့ၿပီး အတည္ျပဳေပးခဲ့ေသာ လုပ္ငန္းလိုင္စင္ အားလုံးမွ ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္းေပါင္း ၂၆၉၁ ဦးအတြက္ အလုပ္အကိုင္ ဖန္တီးေပးႏိုင္ခဲ့တယ္လို႔ ယင္းေကာ္မတီမွ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဩဂုတ္ - ၃၁