ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အား အဂတိလိုက်စားမှုဖြင့် တိုင်ကြားမှုအပေါ် စစ်ဆေးဆောင်ရွက်ချက်များအား ရှင်းလင်းချက် ထုတ်ပြန်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အား အဂတိလိုက်စားမှုဖြင့် တိုင်ကြားမှုအပေါ် စစ်ဆေးဆောင်ရွက်ချက်များအား ရှင်းလင်းချက် ထုတ်ပြန်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်အား အဂတိလိုက်စားမှုဖြင့် တိုင်ကြားမှု အပေါ် စစ်ဆေးဆောင်ရွက် ချက်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဧပြီလ ၉ ရက်နေ့တွင် ရှင်းလင်းချက်ထုတ်ပြန်ခဲ့ပါတယ်။

ထိုသို့ထုတ်ပြန်ရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်အပေါ် ဦးဌေးအောင်၏ စွပ်စွဲတိုင်ကြား ချက်(၂)ချက်နှင့် စပ်လျဉ်း၍ ဖော်ပြခဲ့ရာမှာ ကော်မရှင်က တိုင်ကြားစာအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ- ဦးရည်မွန်သည် တင်သွင်းခွင့်လိုင်စင်မရှိသော မော်တော်ယာဉ်အား အသွင်သဏ္ဍာန်ပြောင်း၍ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)သို့ လျှောက်ထားခဲ့ရာ ယင်းဌာ နမှ အခြားဌာနဆိုင်ရာ ယာဉ်(၁၆)စီး နှင့်အတူ ခွင့်ပြုခဲ့သဖြင့် ဒဏ်ကြေးငွေ ပေးဆောင်၍ မှတ်ပုံတင်ပြီး ဌာန ပိုင် မော်တော်ယာဉ်အဖြစ် အသုံးပြု ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသော်လည်း ဦးဌေးအောင်ထံမှ ငွေကျပ်သိန်း (၁၀၀) ရယူကြောင်း၊ ထိုငွေထဲမှ ငွေကျပ်သိန်း(၆၀)ဖြင့် အဆိုပါယာဉ်အား ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ခိုင်လုံ သောအထောက်အထား ပြသနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိ ရခြင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ USD(၁)သိန်းလက်ခံရယူ၍ နေပြည်တော် ကမ္ဘောဇဘဏ်ခွဲ(၃)တွင် ဘဏ်စာရင်းဖွင့်လှစ်၍ သုံးစွဲကြောင်း စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ယင်းသို့ ဘဏ်စာရင်း ဖွင့်လှစ်သည့် ငွေမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် သုံးစွဲရန် ယာယီအပ်နှံသည့် ငွေဖြစ်ခြင်း၊ အပ်နှံငွေမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ပိုင် ငွေဖြစ်ခြင်း၊ အဆိုပါ အပ်နှံငွေကို ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးရေးကိစ္စအတွက်သာ သုံးစွဲခဲ့ခြင်း၊ ယင်းကိစ္စအတွက် အခွင့်အရေးတစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်ခြင်း၊ တိုင်ကြားစာတွင် မပါဝင်သော်လည်း စုံစမ်းစစ်ဆေးစဉ် ထပ်မံတိုင်ကြားမှုအရ စထရင်း ဟိုတယ်နှင့် သမ္မတ ဟိုတယ်တို့အား အဆင့်မြှင့်တင်ပြုပြင်မွမ်းမံခြင်း၊ အင်လျားလိတ် ဟိုတယ်ဝန်းအတွင်း Convention Centre ဆောက်လုပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟောင် ကောင် အခြေစိုက် Strand Hotel International Limited တို့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၁၅.၅.၁၉၉၀ ရက်စွဲပါ ခွင့်ပြုမိန့် ဖြင့် Myanmar Hotel International Limited ဖက်စပ်ကုမ္ပဏီ ထူထောင်ပြီး ပဋိညာဉ် စာချုပ် ချုပ်ဆို၍ ၎င်းပဋိညာဉ်စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အထက်ပါ လုပ်ငန်းများအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့ စစ်ဆေးတွေ့ရှိချက်များအပေါ် ၂၀၁၈ ခုနှစ်သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပသော ကော်မရှင် အစည်းအဝေး ၌ မူဝါဒနှင့်အညီ အလေးအနက်ထား စဉ်းစားဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်အပြည့် အစုံဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ သုံးပုံနှစ်ပုံအထက် သာလွန်သောမဲဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်း ကြောင်း ခိုင်လုံသော အထောက်အထားမရှိဟု ဆုံးဖြတ်ခဲ့သည့်အတွက် အရေးယူမှုမပြုခဲ့ခြင်း သာ ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဧပြီ ၁၀
ACC Myanmar 

(  Zawgyi  )

 ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးရည္မြန္အား အဂတိလိုက္စားမႈျဖင့္ တိုင္ၾကားမႈ အေပၚ စစ္ေဆးေဆာင္႐ြက္ ခ်က္မ်ားအား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ ဧၿပီလ ၉ ရက္ေန႔တြင္ ရွင္းလင္းခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ထိုသို႔ထုတ္ျပန္ရာတြင္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးရည္မြန္အေပၚ ဦးေဌးေအာင္၏ စြပ္စြဲတိုင္ၾကား ခ်က္(၂)ခ်က္ႏွင့္ စပ္လ်ဥ္း၍ ေဖာ္ျပခဲ့ရာမွာ ေကာ္မရွင္က တိုင္ၾကားစာအေပၚ စုံစမ္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးခဲ့ရာ- ဦးရည္မြန္သည္ တင္သြင္းခြင့္လိုင္စင္မရွိေသာ ေမာ္ေတာ္ယာဥ္အား အသြင္သ႑ာန္ေျပာင္း၍ ကုန္းလမ္းပို႔ ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန(႐ုံးခ်ဳပ္)သို႔ ေလွ်ာက္ထားခဲ့ရာ ယင္းဌာ နမွ အျခားဌာနဆိုင္ရာ ယာဥ္(၁၆)စီး ႏွင့္အတူ ခြင့္ျပဳခဲ့သျဖင့္ ဒဏ္ေၾကးေငြ ေပးေဆာင္၍ မွတ္ပုံတင္ၿပီး ဌာန ပိုင္ ေမာ္ေတာ္ယာဥ္အျဖစ္ အသုံးျပဳ ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိ ရေသာ္လည္း ဦးေဌးေအာင္ထံမွ ေငြက်ပ္သိန္း (၁၀၀) ရယူေၾကာင္း၊ ထိုေငြထဲမွ ေငြက်ပ္သိန္း(၆၀)ျဖင့္ အဆိုပါယာဥ္အား ဝယ္ယူခဲ့ျခင္း ျဖစ္ေၾကာင္း၊ ခိုင္လုံ ေသာအေထာက္အထား ျပသႏိုင္ျခင္းမရွိသည္ကို စစ္ေဆးေတြ႕ရွိ ရျခင္း၊ ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီး ဌာနအေနျဖင့္ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီထံမွ USD(၁)သိန္းလက္ခံရယူ၍ ေနျပည္ေတာ္ ကေမာၻဇဘဏ္ခြဲ(၃)တြင္ ဘဏ္စာရင္းဖြင့္လွစ္၍ သုံးစြဲေၾကာင္း စြပ္စြဲခ်က္ႏွင့္စပ္လ်ဥ္း၍ ယင္းသို႔ ဘဏ္စာရင္း ဖြင့္လွစ္သည့္ ေငြမွာ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးေရးအတြက္ သုံးစြဲရန္ ယာယီအပ္ႏွံသည့္ ေငြျဖစ္ျခင္း၊ အပ္ႏွံေငြမွာ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီအဖြဲ႕ပိုင္ ေငြျဖစ္ျခင္း၊ အဆိုပါ အပ္ႏွံေငြကို ခရီးသြားလာေရးလုပ္ငန္း ဖြံ႕ၿဖိဳးေရးကိစၥအတြက္သာ သုံးစြဲခဲ့ျခင္း၊ ယင္းကိစၥအတြက္ အခြင့္အေရးတစ္စုံတစ္ရာ ေပးခဲ့ျခင္းမရွိေၾကာင္း စစ္ေဆးေပၚေပါက္ျခင္း၊ တိုင္ၾကားစာတြင္ မပါဝင္ေသာ္လည္း စုံစမ္းစစ္ေဆးစဥ္ ထပ္မံတိုင္ၾကားမႈအရ စထရင္း ဟိုတယ္ႏွင့္ သမၼတ ဟိုတယ္တို႔အား အဆင့္ျမႇင့္တင္ျပဳျပင္မြမ္းမံျခင္း၊ အင္လ်ားလိတ္ ဟိုတယ္ဝန္းအတြင္း Convention Centre ေဆာက္လုပ္ျခင္းတို႔ႏွင့္ စပ္လ်ဥ္း၍ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနႏွင့္ ေဟာင္ ေကာင္ အေျခစိုက္ Strand Hotel International Limited တို႔သည္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ ၁၅.၅.၁၉၉၀ ရက္စြဲပါ ခြင့္ျပဳမိန႔္ ျဖင့္ Myanmar Hotel International Limited ဖက္စပ္ကုမၸဏီ ထူေထာင္ၿပီး ပဋိညာဥ္ စာခ်ဳပ္ ခ်ဳပ္ဆို၍ ၎ပဋိညာဥ္စာခ်ဳပ္ပါ စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ အထက္ပါ လုပ္ငန္းမ်ားအား ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တယ္လို႔ ဆိုပါတယ္။

ထိုသို႔ စစ္ေဆးေတြ႕ရွိခ်က္မ်ားအေပၚ ၂၀၁၈ ခုႏွစ္ၾသဂုတ္လ ၂၃ ရက္ေန႔တြင္ က်င္းပေသာ ေကာ္မရွင္ အစည္းအေဝး ၌ မူဝါဒႏွင့္အညီ အေလးအနက္ထား စဥ္းစားေဆြးေႏြးခဲ့ၿပီး ေကာ္မရွင္အဖြဲ႕ဝင္အျပည့္ အစုံျဖင့္ မဲခြဲဆုံးျဖတ္ခဲ့ရာ သုံးပုံႏွစ္ပုံအထက္ သာလြန္ေသာမဲျဖင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒႏွင့္ ၿငိစြန္း ေၾကာင္း ခိုင္လုံေသာ အေထာက္အထားမရွိဟု ဆုံးျဖတ္ခဲ့သည့္အတြက္ အေရးယူမႈမျပဳခဲ့ျခင္း သာ ျဖစ္တယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဧၿပီ ၁၀
ACC Myanmar