ဟွာဝေးနှင့် စီးပွားရေးမလုပ်ရန် အမေရိကန် ကုမ္ပဏီများကိုသမ္မတထရမ့် တားမြစ်သည့် အမိန့်ထုတ်ပြန်

ဟွာဝေးနှင့် စီးပွားရေးမလုပ်ရန် အမေရိကန် ကုမ္ပဏီများကိုသမ္မတထရမ့် တားမြစ်သည့် အမိန့်ထုတ်ပြန်

နိုင်ငံတော်လုံခြုံရေးကိုထိခိုက်စေမည့် ပြည်ပသတင်းအချက်အလက်နည်းပညာနှင့်  ဝန်ဆောင်မှုများကို အသုံးမပြုရန် အမေရိကန် ကုမ္ပဏီများ အားတားမြစ်သည့် အမိန့်တစ်ရပ်ကိုသမ္မတဒေါ်နယ်ထရမ့်က မေ ၁၅ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ရာတရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးနှင့် လုပ်ကိုင်ခွင့် လုံး၀ ရပ်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

ယခုလုပ်ဆောင်ချက်ဟာအမေရိကန်အနေနဲ့ တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးနဲ့ လုံခြုံရေးအရပါ ဖိအားပေးမှု တွေ ဖြစ်လာပါတယ်။ဒါ့အပြင် အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပို့ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် နည်းပညာဆိုင်ရာ လက်ဝါးကြီးအုပ်မယ့် မူဝါဒကို အဆုံးသတ် နိုင်အောင် တွန်းအားပေးခဲ့ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်ကသူတို့နိုင်ငံအနေနဲ့ ၂၀၂၅ ခုနှစ် မတိုင်မီမှာ အဓိက စက်မှု အင်အားကြီးနိုင်ငံအဖြစ်နဲ့ ကွန်မြုနစ်နိုင်ငံထူထောင်မှု နှစ် ၁၀၀ ပြည့်မယ့် ၂၀၄၉ ခုနှစ်မှာအဓိကကမ္ဘာ့စေးျကွက်အဖြစ်ရောက်ရှိလာစေဖို့ ၂၀၁၅ ခုနှစ်မှာအစီအစဉ်တစ်ရပ်ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ အသစ်ပြင်ဆင်လိုက်တဲ့ အစီအစဉ်မှာတရုတ်နိုင်ငံရဲ့ စီးပွားရေးဟာယခင် သတ်မှတ်ကာလထက် ၁၅ နှစ်ပိုစောပြီး အမေရိကန်ကို ၂၀၃၅ ခုနှစ်မှာကျော်လွန်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ ထရမ့်ရဲ့ အခုနောက်ဆုံးထိုးနှက်မှုကတော့ တရုတ်နိုင်ငံရဲ့ စက်မှုဆိုင်ရာ မူဝါဒကို တိုက်ရိုက်ထိစေခဲ့ပါတယ်။ ဒီကြေညာချက်ဟာ နိုင်ငံတစ်ခုခုကိုရည်ရွယ်တာမဟုတ်ဘူးလို့ အမေရိကန် အစိုးရကပြောကြားပေးမယ့် 5G အခြေခံအဆောက်အဦပစ္စည်းတွေ ထုတ်လုပ်တဲ့ ကမ္ဘာ့ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ ဟွာဝေးကို သက်ရောက် စေခဲ့ပါတယ်။

မေ ၁၅ ရက် ညနေပိုင်းမှာတော့ ကုန်သွယ်ရေးဌာနကကန့်သတ်လိုက်တဲ့ ကုမ္ပဏီတွေစာရင်းမှာ ဟွာဝေးအပြင် သူနဲ့မိတ်ဖက် လုပ်ငန်းတွေ ပါဝင်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ စာရင်းမှာ ပါဝင်တဲ့ ကုမ္ပဏီတွေအနေနဲ့ အမေရိကန်ကနည်းပညာကို ဝယ်ယူခြင်း၊ ရယူခြင်း မလုပ်ဆောင်မီလိုင်စင်လျှောက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာရို့စ်က ဌာန၏ ဆုံးဖြတ်ချက်ကိုသမ္မတထရမ့်က ထောက်ခံသလို ယခုကန့်သတ်ချက် ဟာ အမေရိကန်နိုင်ငံတော် လုံခြုံရေးသို့မဟုတ် နိုင်ငံခြားရေးရာအကျိုးစီးပွားတွေကိုထိခိုက်စေနိုင်တဲ့ ပြည်ပလုပ်ငန်းတွေက အမေရိကန် နည်းပညာ အားအသုံးပြုခြင်းမှာကာကွယ်နိုင်စေမှာ ဖြစ်တယ် လို့ ပြောကြားပါတယ်။

၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းကအခြားတရုတ် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုအားအလားတူပိတ်ဆို့မှု ပြုလုပ်ခဲ့ ရာအဆိုပါကုမ္ပဏီ ဒေဝါလီခံလု နီးပါးဖြစ်ခဲ့ရပါတယ်။ သို့သော် ဟွာဝေးသည် ZTE ထက် ရောင်းအား ၅ ဆပိုများပြီးအမေရိကန်မှ အဆင့်မြင့် နည်းပညာ ပစ္စည်းများတင် သွင်းမှု သည် နှစ်စဉ် ဒေါ်လာ ၁၀ ဘီလျံအထိရှိရာ  ဟွာဝေးအနေဖြင့် ပိုမိုထိခိုက်မှုများ ဖြစ်လာစေနိုင်ပါတယ်။

ယခုကန့်သတ်ချက်နှင့် ပတ်သက်၍ ဟွာဝေးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ “ဟွာဝေးဟာ 5G နည်းပညာမှာ ပြိုင်ဖက် မရှိဦးဆောင်နေပါတယ်။ မိမိတို့အနေနဲ့ အမေရိကန်အစိုးရနဲ့ ပူးပေါင်းပြီးပစ္စည်းတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ အဆင်သင့်ရှိနေပါတယ်။ အမေရိကန်မှာ ဟွာဝေးကို စီးပွားရေးလုပ်ခွင့် ကန့်သတ်လိုက်ခြင်းကြောင့် အမေရိကန်ဟာ ပိုပြီး လုံခြုံအားကောင်းလာမှာမဟုတ်ဘဲဈေးနှုန်းကြီးမြင့်တဲ့ ပစ္စည်းတွေကြောင့် 5G ကွန်ရက်မှာနောက်ကျရန်ရစ်မှာ ဖြစ်သလိုအမေရိကန်ကုမ္ပဏီနဲ့ စားသုံးသူတွေကိုနောက်ဆုံးမှာထိခိုက် နစ်နာစေပါလိမ့်မယ်။ ဒါ့အပြင် ကျိုးကြောင်းမဆီလျော်နဲ့ ကန့်သတ်ချက်တွေဟာဟွာဝေးရဲ့ အခွင့်အရေးတွေ ကို ချိုးဖောက်ခံရတာဖြစ်ပြီး ပြင်းထန်တဲ့  ဥပဒေဆိုင်ရာ ပြဿနာတွေလည်းပေါ်ပေါက် လာနိုင်ပါတယ်” လို့ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရဲ့ ယခုလုပ်ဆောင်ချက်ကြောင့် ဟွာဝေးအနေနဲ့ ဂျပန်နဲ့ ဥရောပနိုင်ငံများကဲ့သို့ အခြားရောင်းချမည့် နိုင်ငံများမှာ ဝယ်ယူနိုင်ဖွယ်ရှိသော်လည်း တရုတ်ကုမ္ပဏီများဟာအမေရိကန်ရဲ့ ချစ်ပ်ပြားများနဲ့ ဆော့ဖ်ဝဲများအပေါ်မှာ များစွာမှီခိုနေရဆဲဖြစ်ပါတယ်။

Linko
Ref: Nikkei Asian Review
ဝါရှင်တန်၊မေ ၁၆

(   Zawgyi   )

 ႏိုင္ငံေတာ္လုံၿခဳံေရးကိုထိခိုက္ေစမည့္ ျပည္ပသတင္းအခ်က္အလက္နည္းပညာႏွင့္  ဝန္ေဆာင္မႈမ်ားကို အသုံးမျပဳရန္ အေမရိကန္ ကုမၸဏီမ်ား အားတားျမစ္သည့္ အမိန႔္တစ္ရပ္ကိုသမၼတေဒၚနယ္ထရမ့္က ေမ ၁၅ ရက္တြင္ လက္မွတ္ေရးထိုးထုတ္ျပန္လိုက္ရာတ႐ုတ္ဆက္သြယ္ေရးကုမၸဏီ ဟြာေဝးႏွင့္ လုပ္ကိုင္ခြင့္ လုံး၀ ရပ္ဆိုင္းရေတာ့မွာ ျဖစ္ပါတယ္။

ယခုလုပ္ေဆာင္ခ်က္ဟာအေမရိကန္အေနနဲ႔ တ႐ုတ္ႏိုင္ငံအေပၚ ကုန္သြယ္ေရးနဲ႔ လုံၿခဳံေရးအရပါ ဖိအားေပးမႈ ေတြ ျဖစ္လာပါတယ္။ဒါ့အျပင္ အေမရိကန္အေနနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ပို႔ကုန္မ်ားအေပၚ အခြန္တိုးျမႇင့္ေကာက္ခံျခင္းျဖင့္ နည္းပညာဆိုင္ရာ လက္ဝါးႀကီးအုပ္မယ့္ မူဝါဒကို အဆုံးသတ္ ႏိုင္ေအာင္ တြန္းအားေပးခဲ့ပါတယ္။ တ႐ုတ္သမၼတရွီက်င့္ဖ်င္ကသူတို႔ႏိုင္ငံအေနနဲ႔ ၂၀၂၅ ခုႏွစ္ မတိုင္မီမွာ အဓိက စက္မႈ အင္အားႀကီးႏိုင္ငံအျဖစ္နဲ႔ ကြန္ျမဳနစ္ႏိုင္ငံထူေထာင္မႈ ႏွစ္ ၁၀၀ ျပည့္မယ့္ ၂၀၄၉ ခုႏွစ္မွာအဓိကကမာၻ႔ေစး်ကြက္အျဖစ္ေရာက္ရွိလာေစဖို႔ ၂၀၁၅ ခုႏွစ္မွာအစီအစဥ္တစ္ရပ္ကိုထုတ္ျပန္ေၾကညာခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္မွာေတာ့ အသစ္ျပင္ဆင္လိုက္တဲ့ အစီအစဥ္မွာတ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးဟာယခင္ သတ္မွတ္ကာလထက္ ၁၅ ႏွစ္ပိုေစာၿပီး အေမရိကန္ကို ၂၀၃၅ ခုႏွစ္မွာေက်ာ္လြန္ရမယ္လို႔ သတ္မွတ္လိုက္ပါတယ္။ ထရမ့္ရဲ႕ အခုေနာက္ဆုံးထိုးႏွက္မႈကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ စက္မႈဆိုင္ရာ မူဝါဒကို တိုက္႐ိုက္ထိေစခဲ့ပါတယ္။ ဒီေၾကညာခ်က္ဟာ ႏိုင္ငံတစ္ခုခုကိုရည္႐ြယ္တာမဟုတ္ဘူးလို႔ အေမရိကန္ အစိုးရကေျပာၾကားေပးမယ့္ 5G အေျခခံအေဆာက္အဦပစၥည္းေတြ ထုတ္လုပ္တဲ့ ကမာၻ႔ကုမၸဏီေတြထဲကတစ္ခုျဖစ္တဲ့ ဟြာေဝးကို သက္ေရာက္ ေစခဲ့ပါတယ္။

ေမ ၁၅ ရက္ ညေနပိုင္းမွာေတာ့ ကုန္သြယ္ေရးဌာနကကန႔္သတ္လိုက္တဲ့ ကုမၸဏီေတြစာရင္းမွာ ဟြာေဝးအျပင္ သူနဲ႔မိတ္ဖက္ လုပ္ငန္းေတြ ပါဝင္ေၾကာင္း ေၾကညာခဲ့ပါတယ္။ အဆိုပါ စာရင္းမွာ ပါဝင္တဲ့ ကုမၸဏီေတြအေနနဲ႔ အေမရိကန္ကနည္းပညာကို ဝယ္ယူျခင္း၊ ရယူျခင္း မလုပ္ေဆာင္မီလိုင္စင္ေလွ်ာက္ထားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဝီလ္ဘာ႐ို႕စ္က ဌာန၏ ဆုံးျဖတ္ခ်က္ကိုသမၼတထရမ့္က ေထာက္ခံသလို ယခုကန႔္သတ္ခ်က္ ဟာ အေမရိကန္ႏိုင္ငံေတာ္ လုံၿခဳံေရးသို႔မဟုတ္ ႏိုင္ငံျခားေရးရာအက်ိဳးစီးပြားေတြကိုထိခိုက္ေစႏိုင္တဲ့ ျပည္ပလုပ္ငန္းေတြက အေမရိကန္ နည္းပညာ အားအသုံးျပဳျခင္းမွာကာကြယ္ႏိုင္ေစမွာ ျဖစ္တယ္ လို႔ ေျပာၾကားပါတယ္။

၂၀၁၈ ခုႏွစ္၊ ဧၿပီလအတြင္းကအျခားတ႐ုတ္ ဆက္သြယ္ေရးကုမၸဏီတစ္ခုအားအလားတူပိတ္ဆို႔မႈ ျပဳလုပ္ခဲ့ ရာအဆိုပါကုမၸဏီ ေဒဝါလီခံလု နီးပါးျဖစ္ခဲ့ရပါတယ္။ သို႔ေသာ္ ဟြာေဝးသည္ ZTE ထက္ ေရာင္းအား ၅ ဆပိုမ်ားၿပီးအေမရိကန္မွ အဆင့္ျမင့္ နည္းပညာ ပစၥည္းမ်ားတင္ သြင္းမႈ သည္ ႏွစ္စဥ္ ေဒၚလာ ၁၀ ဘီလ်ံအထိရွိရာ  ဟြာေဝးအေနျဖင့္ ပိုမိုထိခိုက္မႈမ်ား ျဖစ္လာေစႏိုင္ပါတယ္။

ယခုကန႔္သတ္ခ်က္ႏွင့္ ပတ္သက္၍ ဟြာေဝးက ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ရာမွာ “ဟြာေဝးဟာ 5G နည္းပညာမွာ ၿပိဳင္ဖက္ မရွိဦးေဆာင္ေနပါတယ္။ မိမိတို႔အေနနဲ႔ အေမရိကန္အစိုးရနဲ႔ ပူးေပါင္းၿပီးပစၥည္းေတြရဲ႕ လုံၿခဳံေရးနဲ႔ ပတ္သက္လို႔ ထိေရာက္တဲ့ ေဆာင္႐ြက္မႈေတြ ျပဳလုပ္သြားဖို႔ အဆင္သင့္ရွိေနပါတယ္။ အေမရိကန္မွာ ဟြာေဝးကို စီးပြားေရးလုပ္ခြင့္ ကန႔္သတ္လိုက္ျခင္းေၾကာင့္ အေမရိကန္ဟာ ပိုၿပီး လုံၿခဳံအားေကာင္းလာမွာမဟုတ္ဘဲေဈးႏႈန္းႀကီးျမင့္တဲ့ ပစၥည္းေတြေၾကာင့္ 5G ကြန္ရက္မွာေနာက္က်ရန္ရစ္မွာ ျဖစ္သလိုအေမရိကန္ကုမၸဏီနဲ႔ စားသုံးသူေတြကိုေနာက္ဆုံးမွာထိခိုက္ နစ္နာေစပါလိမ့္မယ္။ ဒါ့အျပင္ က်ိဳးေၾကာင္းမဆီေလ်ာ္နဲ႔ ကန႔္သတ္ခ်က္ေတြဟာဟြာေဝးရဲ႕ အခြင့္အေရးေတြ ကို ခ်ိဳးေဖာက္ခံရတာျဖစ္ၿပီး ျပင္းထန္တဲ့  ဥပေဒဆိုင္ရာ ျပႆနာေတြလည္းေပၚေပါက္ လာႏိုင္ပါတယ္” လို႔ ေဖာ္ျပထားပါတယ္။

အေမရိကန္အစိုးရဲ႕ ယခုလုပ္ေဆာင္ခ်က္ေၾကာင့္ ဟြာေဝးအေနနဲ႔ ဂ်ပန္နဲ႔ ဥေရာပႏိုင္ငံမ်ားကဲ့သို႔ အျခားေရာင္းခ်မည့္ ႏိုင္ငံမ်ားမွာ ဝယ္ယူႏိုင္ဖြယ္ရွိေသာ္လည္း တ႐ုတ္ကုမၸဏီမ်ားဟာအေမရိကန္ရဲ႕ ခ်စ္ပ္ျပားမ်ားနဲ႔ ေဆာ့ဖ္ဝဲမ်ားအေပၚမွာ မ်ားစြာမွီခိုေနရဆဲျဖစ္ပါတယ္။

Linko
Ref: Nikkei Asian Review
ဝါရွင္တန္၊ေမ ၁၆