အကျဉ်းသားများလွတ်ငြိမ်းခွင့်ပေးရေးကိစ္စ စနစ်တကျ မူချမှတ်ဆောင်ရွက် ဖို့ု FPPS အဖွဲ့မှအချက်(၄)ချက်အကြံပြုတိုက်တွန်း

အကျဉ်းသားများလွတ်ငြိမ်းခွင့်ပေးရေးကိစ္စ စနစ်တကျ မူချမှတ်ဆောင်ရွက် ဖို့ု FPPS အဖွဲ့မှအချက်(၄) ချက်အကြံပြု တိုက်တွန်း

အကျဉ်းသားများလွတ်ပေးရေးကိစ္စကိုကော်မတီဖွဲ့စည်းပြီး စနစ်တကျ မူချမှတ်ဆောင်ရွက် ဖို့ နိုင်ငံတော်သမ္မတနှင့်နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အား အချက်(၄)ချက်ပါအကြံပြုချက်များကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)မှတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

နိုင်ငံေတော်သမ္မတအမိန့်ဖြင့်လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၁၉ ခုနှစ်၊ဧပြီလ ၁၇ ရက်၊ဧပြီလ ၂၆ ရက်နှင့်မေလ ၇ ရက်နေ့များတွင်ပေး ခဲ့ပြီး ယင်းပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များကြောင့်နိုင်ငံရေးအကျဉ်းသား(၂၀)ဦး အပါအဝင်အကျဉ်းသားပေါင်း(၂၃၀၀၀)ကျော်အား ပြစ်ဒဏ်မှလွတ်မြေက်ခွင့်ရရှိခဲ့သလို ထိုသို့အကျဉ်းသား များလွတ် မြောက်ခွင့်ပေးခြင်းအပေါ်မိမိတို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အနေဖြင့်ကြိုဆိုပါကြောင်း၊ထိုသို့လွှတ်ပေးခဲ့သော်လည်းမညီမျှမှုရှိခဲ့သည်ဆိုသောအချက်နှင့်အကျဉ်းထောင်များအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်နေသည်ဆိုသောအကြောင်းပြချက်များဖြင့်အချို့သောအကျဉ်းထောင်များတွင်ဆန္ဒပြမှုများဖြစ်ပေါ်နေကြောင်းကြားသိရသည့်အတွက်အကျဉ်းသားများလွတ်ပေးရေးကိစ္စကိုကော်မတီဖွဲ့ စည်းပြီးစနစ်တကျ မူချမှတ်ဆောင်ရွက်ဖို့နှင့် ချမှတ်ဆောင်ရွက် ထားသည့်မူများကို အများပြည်သူ သိရှိနိုင်ရန် အတွက်ပွင့်လင်းမြင်သာစွာထုတ်ပြန်သွားဖို့ အပါအဝင် အချက်(၄)ချက်ကို(FPPS)မှအကြံပြုတိုက်တွန်းခဲ့တာပါ။

“မနေ့က မော်လိုက်၊ကလေး၊ဘားအံ အကျဉ်းထောင်တွေမှာဆန္ဒပြမှုတွေ ဆူပူမှုတွေဖြစ်တယ်။ အဲ့ဒါကလည်း ပထမအသုတ်၊ ဒုတိယအသုတ် လွတ်ငြိမ်းထဲကဆူပူမှုတွေအစပျိုးနေပြီလေ။ နောက်စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ကိုယ်တိုင် ဝင်ရှင်းရတာတွေရှိတယ်။ အခုနောက်ပိုင်းမှာ ဒါတွေက တော်တေ်ာလေးအရှိန်မြင့်တက်လာတယ်။အဓိက ကဘာလဲဆိုတော့ အကျဉ်းသားလွတ်ပေးတာက စနစ်တကျမူ မရှိဘူးဖြစ်နေ တယ်။စနစ်တကျမူမရှိတဲ့အတွက် အဲ့ဒီအခါကျတော့အကျိုးဆက်အနေနဲ့က ဘာာလာဖြစ်လဲဆိုတော့ မမျှတဘူးပေါ့နော်၊ အဲ့လိုဖြစ်တယ်။တန်းတူညီမျှမှုမရှိဘူးဆိုတဲ့ ဗီနိုင်းတွေကိုင်ပြီးဆန္ဒပြမှုတွေဖြစ်လာတယ်။

အဲ့ဒါကိုဆက်ပြီးတော့ ဒီအတိုင်းလွတ်ထားရင် ကူးစက်ပြီးထိန်းရသိမ်း ရခက်သွားမယ်။ အဲ့ဒါတွေကိုပြန်ချုံ့ကြည့်လိုက် တဲ့အခါသေချာတယ်၊ ဒီဟာက  လုပ်တဲ့အခါမှာစနစ်တကျမူမရှိတဲ့အတွက်လို့မြင်လာတယ်။အဲ့ဒီအတွက် သမ္မတကြီးနဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို အချက်လေးချက်ပေါ့လေ ဒါကိုတိုက်တွန်း အကြံပြုတယ်။ အကျဉ်းသား တွေကို လွတ်တဲ့ နေရာမှာစနစ်တကျပေါ့လေမူရှိဖို့လိုမယ်။ အဲ့မူကိုထင်သာမြင်သာပြည်သူလူထုကိုချပြဖို့လိုမယ်။နောက်တစ်ချက်ကနိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့လူရိုသေ၊ရှင်ရိုသေပေါ့လေ၊အဲ့ဒီလူတွေနဲ့ဒီကော်မတီတစ်ရပ်ဖွဲ့စည်းရမယ်။လူ့အခွင့်အရေးချိုးဖောက်မှုကို အချိန်နဲ့တပြေးညီတိုင်ကြားနိုင်ရမယ်။အဲ့ဒါမှလည်းထောင်တွေမှာရော အလုပ် စခန်းတွေမှာရော ဒီလိုကိစ္စတွေမဖြစ် အောင်ကြိုတင်ပြီးတော့ကာကွယ်တားဆီးရာရောက်တယ်လို့ရှုမြင်သုံးသပ်ပါတယ်။”လို့ နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့(FPPS)မှဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ကပြောပါတယ်။

ဒါ့အပြင်ကော်မတီတွင်နိုင်ငံဝန်ထမ်းမဟုတ်သည့်အများပြည်သူလေးစားလက်ခံသောလူပုဂ္ဂိုလ်များလည်းအဖွဲ့ ဝင်အဖြစ်ပါဝင်နိုင်စေဖို့ လူ့အခွင့်အရေးချိုးဖောက်မှုများကိုအချိန်နှင့်တပြေးညီတိုင်ကြားနိုင်မည့် လွတ်လပ်သောပုဂ္ဂိုလ်အများစုပါဝင်သည့် အဖွဲ့များကို လည်း အကျဉ်းထောင်နှင့်အလုပ်စခန်းများတည်ရှိရာ  တိုင်းနှင့်ပြည်နယ်အားလုံးတွင် ဖွဲ့စည်းဆောင်ရွက်သွားဖို့ စသည့်အချက်တွေကိုလည်း (FPPS)မှအကြံပြုခဲ့ပါသေးတယ်။

“အကျဉ်းထောင်ဆူပူမှုကိစ္စတွေကိုဆက်တိုက်ရှင်းရတယ်ဆိုမသင့်တော်တော့ဘူးလေ။မနေ့ကဆိုရွှေဘိုက  အတော်အခြေအနေ ဆိုးတယ်။ အဲ့ဒါကျကိုင်ရတွယ်ရခက်တယ်လေ၊အဓိကက တတိယအသုတ် လွတ်ငြိမ်းမှာဆိုရင် မူးယစ်အမှုနဲ့ကျတဲ့မိုးအောင်ရင်လွတ်တယ်ပေါ့။ဒီအပေါ်မှာ မင်းသားမို့ အနုပညာရှင်မို့ လွတ်တာလားဆို ပြီးမေးခွန်းထုတ်စရာဖြစ် လာပါတယ်။သူတို့နဲ့ပုဒ်မတွေလည်းတူတယ်၊ အခြေအနေလည်း တူတယ်ပေါေ့လ၊အဲ့လူတွေကျလွတ်ငြိမ်းထဲမပါဘူးဆိုတော့ဒါဟာခွဲခြားမှုရှိတာလားဆိုပြီး သူတို့ဘက်ကေ မးခွန်း ထုတ်လာတာတွေ ရှိတယ်။ ဘာပဲပြောပြောလွတ်ပေးတဲ့အကျိုးခံစားခွင့်ကတပြေးညီဖြစ်ရပါမယ်။အဓိက ကမူပါပဲဒါကိုပြဌာန်းလိုက်ရင်ပြီးသွားပါပြီ။”လို့  ဦးထွန်းကြည် ကဆက်လက်ပြောပြခဲ့ပါသေးတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၉

(   Zawgyi  )

 အက်ဥ္းသားမ်ားလြတ္ေပးေရးကိစၥကိုေကာ္မတီဖြဲ႕စည္းၿပီး စနစ္တက် မူခ်မွတ္ေဆာင္႐ြက္ ဖို႔ ႏိုင္ငံေတာ္သမၼတႏွင့္ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္တို႔အား အခ်က္(၄)ခ်က္ပါအႀကံျပဳခ်က္မ်ားကို ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕(FPPS)မွတိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

ႏိုင္ငံေေတာ္သမၼတအမိန႔္ျဖင့္လြတ္ၿငိမ္းခ်မ္းသာခြင့္ကို ၂၀၁၉ ခုႏွစ္၊ဧၿပီလ ၁၇ ရက္၊ဧၿပီလ ၂၆ ရက္ႏွင့္ေမလ ၇ ရက္ေန႔မ်ားတြင္ေပး ခဲ့ၿပီး ယင္းျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္အမိန႔္မ်ားေၾကာင့္ႏိုင္ငံေရးအက်ဥ္းသား(၂၀)ဦး အပါအဝင္အက်ဥ္းသားေပါင္း(၂၃၀၀၀)ေက်ာ္အား ျပစ္ဒဏ္မွလြတ္ေျမက္ခြင့္ရရွိခဲ့သလို ထိုသို႔အက်ဥ္းသား မ်ားလြတ္ ေျမာက္ခြင့္ေပးျခင္းအေပၚမိမိတို႔ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕အေနျဖင့္ႀကိဳဆိုပါေၾကာင္း၊ထိုသို႔လႊတ္ေပးခဲ့ေသာ္လည္းမညီမွ်မႈရွိခဲ့သည္ဆိုေသာအခ်က္ႏွင့္အက်ဥ္းေထာင္မ်ားအတြင္းလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားျဖစ္ေပၚေနသည္ဆိုေသာအေၾကာင္းျပခ်က္မ်ားျဖင့္အခ်ိဳ႕ေသာအက်ဥ္းေထာင္မ်ားတြင္ဆႏၵျပမႈမ်ားျဖစ္ေပၚေနေၾကာင္းၾကားသိရသည့္အတြက္အက်ဥ္းသားမ်ားလြတ္ေပးေရးကိစၥကိုေကာ္မတီဖြဲ႕ စည္းၿပီးစနစ္တက် မူခ်မွတ္ေဆာင္႐ြက္ဖို႔ႏွင့္ ခ်မွတ္ေဆာင္႐ြက္ ထားသည့္မူမ်ားကို အမ်ားျပည္သူ သိရွိႏိုင္ရန္ အတြက္ပြင့္လင္းျမင္သာစြာထုတ္ျပန္သြားဖို႔ အပါအဝင္ အခ်က္(၄)ခ်က္ကို(FPPS)မွအႀကံျပဳတိုက္တြန္းခဲ့တာပါ။

“မေန႔က ေမာ္လိုက္၊ကေလး၊ဘားအံ အက်ဥ္းေထာင္ေတြမွာဆႏၵျပမႈေတြ ဆူပူမႈေတြျဖစ္တယ္။ အဲ့ဒါကလည္း ပထမအသုတ္၊ ဒုတိယအသုတ္ လြတ္ၿငိမ္းထဲကဆူပူမႈေတြအစပ်ိဳးေနၿပီေလ။ ေနာက္စစ္ကိုင္းတိုင္းေဒသႀကီး၊ ဝန္ႀကီးခ်ဳပ္ ကိုယ္တိုင္ ဝင္ရွင္းရတာေတြရွိတယ္။ အခုေနာက္ပိုင္းမွာ ဒါေတြက ေတာ္ေတ္ာေလးအရွိန္ျမင့္တက္လာတယ္။အဓိက ကဘာလဲဆိုေတာ့ အက်ဥ္းသားလြတ္ေပးတာက စနစ္တက်မူ မရွိဘူးျဖစ္ေန တယ္။စနစ္တက်မူမရွိတဲ့အတြက္ အဲ့ဒီအခါက်ေတာ့အက်ိဳးဆက္အေနနဲ႔က ဘာာလာျဖစ္လဲဆိုေတာ့ မမွ်တဘူးေပါ့ေနာ္၊ အဲ့လိုျဖစ္တယ္။တန္းတူညီမွ်မႈမရွိဘူးဆိုတဲ့ ဗီႏိုင္းေတြကိုင္ၿပီးဆႏၵျပမႈေတြျဖစ္လာတယ္။

အဲ့ဒါကိုဆက္ၿပီးေတာ့ ဒီအတိုင္းလြတ္ထားရင္ ကူးစက္ၿပီးထိန္းရသိမ္း ရခက္သြားမယ္။ အဲ့ဒါေတြကိုျပန္ခ်ဳံ႔ၾကည့္လိုက္ တဲ့အခါေသခ်ာတယ္၊ ဒီဟာက  လုပ္တဲ့အခါမွာစနစ္တက်မူမရွိတဲ့အတြက္လို႔ျမင္လာတယ္။အဲ့ဒီအတြက္ သမၼတႀကီးနဲ႔ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကို အခ်က္ေလးခ်က္ေပါ့ေလ ဒါကိုတိုက္တြန္း အႀကံျပဳတယ္။ အက်ဥ္းသား ေတြကို လြတ္တဲ့ ေနရာမွာစနစ္တက်ေပါ့ေလမူရွိဖို႔လိုမယ္။ အဲ့မူကိုထင္သာျမင္သာျပည္သူလူထုကိုခ်ျပဖို႔လိုမယ္။ေနာက္တစ္ခ်က္ကႏိုင္ငံ့ဝန္ထမ္းမဟုတ္တဲ့လူ႐ိုေသ၊ရွင္႐ိုေသေပါ့ေလ၊အဲ့ဒီလူေတြနဲ႔ဒီေကာ္မတီတစ္ရပ္ဖြဲ႕စည္းရမယ္။လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈကို အခ်ိန္နဲ႔တေျပးညီတိုင္ၾကားႏိုင္ရမယ္။အဲ့ဒါမွလည္းေထာင္ေတြမွာေရာ အလုပ္ စခန္းေတြမွာေရာ ဒီလိုကိစၥေတြမျဖစ္ ေအာင္ႀကိဳတင္ၿပီးေတာ့ကာကြယ္တားဆီးရာေရာက္တယ္လို႔ရႈျမင္သုံးသပ္ပါတယ္။”လို႔ ႏိုင္ငံေရး အက်ဥ္း သားေဟာင္းမ်ားအဖြဲ႕(FPPS)မွဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းၾကည္ ကေျပာပါတယ္။

ဒါ့အျပင္ေကာ္မတီတြင္ႏိုင္ငံဝန္ထမ္းမဟုတ္သည့္အမ်ားျပည္သူေလးစားလက္ခံေသာလူပုဂၢိဳလ္မ်ားလည္းအဖြဲ႕ ဝင္အျဖစ္ပါဝင္ႏိုင္ေစဖို႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကိုအခ်ိန္ႏွင့္တေျပးညီတိုင္ၾကားႏိုင္မည့္ လြတ္လပ္ေသာပုဂၢိဳလ္အမ်ားစုပါဝင္သည့္ အဖြဲ႕မ်ားကို လည္း အက်ဥ္းေထာင္ႏွင့္အလုပ္စခန္းမ်ားတည္ရွိရာ  တိုင္းႏွင့္ျပည္နယ္အားလုံးတြင္ ဖြဲ႕စည္းေဆာင္႐ြက္သြားဖို႔ စသည့္အခ်က္ေတြကိုလည္း (FPPS)မွအႀကံျပဳခဲ့ပါေသးတယ္။

“အက်ဥ္းေထာင္ဆူပူမႈကိစၥေတြကိုဆက္တိုက္ရွင္းရတယ္ဆိုမသင့္ေတာ္ေတာ့ဘူးေလ။မေန႔ကဆိုေ႐ႊဘိုက  အေတာ္အေျခအေန ဆိုးတယ္။ အဲ့ဒါက်ကိုင္ရတြယ္ရခက္တယ္ေလ၊အဓိကက တတိယအသုတ္ လြတ္ၿငိမ္းမွာဆိုရင္ မူးယစ္အမႈနဲ႔က်တဲ့မိုးေအာင္ရင္လြတ္တယ္ေပါ့။ဒီအေပၚမွာ မင္းသားမို႔ အႏုပညာရွင္မို႔ လြတ္တာလားဆို ၿပီးေမးခြန္းထုတ္စရာျဖစ္ လာပါတယ္။သူတို႔နဲ႔ပုဒ္မေတြလည္းတူတယ္၊ အေျခအေနလည္း တူတယ္ေပါေ့လ၊အဲ့လူေတြက်လြတ္ၿငိမ္းထဲမပါဘူးဆိုေတာ့ဒါဟာခြဲျခားမႈရွိတာလားဆိုၿပီး သူတို႔ဘက္ေက မးခြန္း ထုတ္လာတာေတြ ရွိတယ္။ ဘာပဲေျပာေျပာလြတ္ေပးတဲ့အက်ိဳးခံစားခြင့္ကတေျပးညီျဖစ္ရပါမယ္။အဓိက ကမူပါပဲဒါကိုျပဌာန္းလိုက္ရင္ၿပီးသြားပါၿပီ။”လို႔  ဦးထြန္းၾကည္ ကဆက္လက္ေျပာျပခဲ့ပါေသးတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၉