အခြေခံပညာ ကျောင်းကြိုပို့ယာဉ်များ မူဝါဒ ၁၂ ချက် ကိုက်ညီကြောင်း ယာဉ်ပိုင်ရှင်ဘက် မှ အာမခံရန် ကြပ်မတ်ထား

အခြေခံပညာ ကျောင်းကြိုပို့ယာဉ်များ မူဝါဒ ၁၂ ချက် ကိုက်ညီကြောင်း ယာဉ်ပိုင်ရှင်ဘက် မှ အာမခံရန် ကြပ်မတ်ထား

အခြေခံပညာ ကျောင်းတွေမှာ ကြိုပို့ယာဉ်တွေအဖြစ် ပြေးဆွဲလုပ်ကိုင်မယ့် ယာဉ်ပိုင်ရှင်တွေအနေနဲ့ ကျောင်းကားနဲ့ပတ်သက်လို့ သတ်မှတ်ထားတဲ့ မူဝါဒ ၁၂ ချက်နဲ့ကိုက်ညီကြောင်းကို အာမခံကာ ဝန်ခံလက်မှတ် ရေးထိုးဖို့ ကြပ်မတ်လာကြတယ်လို့ ကျောင်းကြိုပို့ လုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

လာမယ့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ ကျောင်းဖွင့်ကာလမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ မူဝါဒ ၁၂ ချက် နဲ့ပြည့်စုံတဲ့ ကျောင်းကြိုပို့ယာဉ်တွေသာ လုပ်ကိုင်ခွင့်ပေးရန်အတွက် ရန်ကုန်မြို့တွင်းက အခြေခံပညာကျောင်းအချို့မှာ ကြပ်မတ်လုပ်ဆောင် လာကြတာ ဖြစ်ပါတယ်။ “ကျောင်းကြိုပို့ ပြေးဆွဲဖို့အတွက် ကျွန်တော်တို့ ပြေးဆွဲနေတဲ့ သက်ဆိုင်ရာ ကျောင်းတွေက ကျောင်းအုပ်ကြီးတွေဆီ လိပ်မူပြီးတော့ လျှောက်ထားတာတွေကို ပြန်လည်လုပ်ဆောင်ရပါတယ်၊ အဲ့ဒီထဲမှာဆိုရင် မူဝါဒ ၁၂ ချက်နဲ့ ကိုက်ညီပါတယ်ဆိုတဲ့ အကြောင်းကို ပိုင်ရှင်က ကတိခံဝန်ရေးထိုးပြီး လျှောက်ထားရပါတယ်”လို့ ကျောင်းကြိုပို့ လုပ်ငန်းကို ဆယ်စုနှစ်တစ်ခုကျော်လောက် လုပ်ကိုင်ခဲ့ဖူးတဲ့ ကိုအောင်မင်းက ပြောပါတယ်။

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က ကျောင်းတစ်ချို့မှာလည်း ကျောင်းကြိုပို့လုပ်ကိုင်သူတွေဘက်မှ ပြန်လည် လျှောက်ထားတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေကို လုပ်ကိုင်ဖို့အတွက် မေလ ၄ရက်မှာ ဖိတ်ကြားထားတာတွေ ရှိသလို ဧပြီလကုန်ပိုင်းထဲမှာလည်း ကျောင်းတစ်ချို့မှာ ကျောင်းကြိုပို့လုပ်ကိုင်သူတွေနဲ့ သက်ဆိုင်ရာ ကျောင်းမှ ကျောင်းအုပ်ကြီးတွေ ဆွေးနွေးတိုင်ပင်တာတွေကိုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်က ဗိုလ်တထောင် မြို့နယ်ထဲက ကျောင်းမှာ ပြေးဆွဲတာပါ၊ မနက်ဖြန်မှာတော့ ပြန်ပြီးစာချုပ်ချုပ်ဖို့တွေ မူဝါဒ ၁၂ ချက်နဲ့ ကိုက်ညီတဲ့အကြောင်းကို ကတိခံဝန်ချက် ရေးထိုးဖို့ တွေကို ကျောင်းတွေက ဖိတ်ထားတာတွေ ရှိပါတယ်”လို့ ကျောင်းကြိုပို့လုပ်ကိုင်နေတဲ့ ကိုစိုးဝင်းထွန်းက ပြောပါတယ်။

ထိုသတ်မှတ်ချက် ၁၂ ချက်မှာ ယာဉ်ရဲ့အရောင်ဟာ အဝါရောင်ဖြစ်ဖို့လိုတယ်လို့ သတ်မှတ်ထားတာလည်း ပါဝင်တာကြောင့် Oringinal အရောင်ကို မပြောင်းလိုတဲ့အတွက် စတစ်ကာကပ်ကာ “ဃ”လိုင်စင်အဖြစ် လိုင်စင်ဝင်ရန်  လုပ်ဆောင်သော်လည်း ခွင့်ပြုခြင်းမရှိကြောင်း၊ ယာဉ်၏ဘော်ဒီတစ်ခုလုံးကို ဆေးအရောင် ပြန်လည်မှုတ်မှသာ လိုင်စင်လျှောက်ထားခြင်းကိုလည်း ခွင့်ပြုပေးတယ်လို့ ကျောင်းကြိုပို့လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။ “စတစ်ကာကပ်ရင် ငွေကျပ် ၃၀၀၀၀ လောက်ပဲကုန်ပါတယ်၊ ပြန်ရောင်းရင်လည်း Oringinal ဆေးရောင်ဆိုတော့ ရောင်းရတာအဆင်ပြေတယ်၊ အခုက တစ်စီးလုံးပြန်ပြီး ဆေးမှုတ်ရရင် အခုခေတ်မှာအနည်းဆုံးငွေကျပ် ၁၀ သိန်းလောက်ရှိတယ်”လို့ သူက ဆက်လက်ပြောကြား ပါတယ်။

အခြေခံပညာကျောင်းတွေမှာ ယခုနောက်ပိုင်း မြို့နယ်ကျော်ကာကျောင်းအပ်လက်ခံတာမျိုးမပြုဖို့ သတ်မှတ်ထားတာကြောင့် ကျောင်းကြိုပို့ လုပ်ငန်းတွေအနေနဲ့ နောက်နှစ်နှစ်၊ သုံးနှစ်လောက် အတွင်းမှာ ကွယ်ပျောက်နိုင်တဲ့ အခြေအနေမျိုးရှိတယ်လို့ သုံးသပ်လာကြပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၃

(  Zawgyi  )

 အေျခခံပညာ ေက်ာင္းေတြမွာ ႀကိဳပို႔ယာဥ္ေတြအျဖစ္ ေျပးဆြဲလုပ္ကိုင္မယ့္ ယာဥ္ပိုင္ရွင္ေတြအေနနဲ႔ ေက်ာင္းကားနဲ႔ပတ္သက္လို႔ သတ္မွတ္ထားတဲ့ မူဝါဒ ၁၂ ခ်က္နဲ႔ကိုက္ညီေၾကာင္းကို အာမခံကာ ဝန္ခံလက္မွတ္ ေရးထိုးဖို႔ ၾကပ္မတ္လာၾကတယ္လို႔ ေက်ာင္းႀကိဳပို႔ လုပ္ငန္းလုပ္ကိုင္သူေတြဆီက သိရပါတယ္။

လာမယ့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ရဲ႕ ေက်ာင္းဖြင့္ကာလမွာ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ မူဝါဒ ၁၂ ခ်က္ နဲ႔ျပည့္စုံတဲ့ ေက်ာင္းႀကိဳပို႔ယာဥ္ေတြသာ လုပ္ကိုင္ခြင့္ေပးရန္အတြက္ ရန္ကုန္ၿမိဳ႕တြင္းက အေျခခံပညာေက်ာင္းအခ်ိဳ႕မွာ ၾကပ္မတ္လုပ္ေဆာင္ လာၾကတာ ျဖစ္ပါတယ္။ “ေက်ာင္းႀကိဳပို႔ ေျပးဆြဲဖို႔အတြက္ ကြၽန္ေတာ္တို႔ ေျပးဆြဲေနတဲ့ သက္ဆိုင္ရာ ေက်ာင္းေတြက ေက်ာင္းအုပ္ႀကီးေတြဆီ လိပ္မူၿပီးေတာ့ ေလွ်ာက္ထားတာေတြကို ျပန္လည္လုပ္ေဆာင္ရပါတယ္၊ အဲ့ဒီထဲမွာဆိုရင္ မူဝါဒ ၁၂ ခ်က္နဲ႔ ကိုက္ညီပါတယ္ဆိုတဲ့ အေၾကာင္းကို ပိုင္ရွင္က ကတိခံဝန္ေရးထိုးၿပီး ေလွ်ာက္ထားရပါတယ္”လို႔ ေက်ာင္းႀကိဳပို႔ လုပ္ငန္းကို ဆယ္စုႏွစ္တစ္ခုေက်ာ္ေလာက္ လုပ္ကိုင္ခဲ့ဖူးတဲ့ ကိုေအာင္မင္းက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ၿမိဳ႕နယ္က ေက်ာင္းတစ္ခ်ိဳ႕မွာလည္း ေက်ာင္းႀကိဳပို႔လုပ္ကိုင္သူေတြဘက္မွ ျပန္လည္ ေလွ်ာက္ထားတာေတြ၊ စာခ်ဳပ္ခ်ဳပ္ဆိုတာေတြကို လုပ္ကိုင္ဖို႔အတြက္ ေမလ ၄ရက္မွာ ဖိတ္ၾကားထားတာေတြ ရွိသလို ဧၿပီလကုန္ပိုင္းထဲမွာလည္း ေက်ာင္းတစ္ခ်ိဳ႕မွာ ေက်ာင္းႀကိဳပို႔လုပ္ကိုင္သူေတြနဲ႔ သက္ဆိုင္ရာ ေက်ာင္းမွ ေက်ာင္းအုပ္ႀကီးေတြ ေဆြးေႏြးတိုင္ပင္တာေတြကိုလုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္က ဗိုလ္တေထာင္ ၿမိဳ႕နယ္ထဲက ေက်ာင္းမွာ ေျပးဆြဲတာပါ၊ မနက္ျဖန္မွာေတာ့ ျပန္ၿပီးစာခ်ဳပ္ခ်ဳပ္ဖို႔ေတြ မူဝါဒ ၁၂ ခ်က္နဲ႔ ကိုက္ညီတဲ့အေၾကာင္းကို ကတိခံဝန္ခ်က္ ေရးထိုးဖို႔ ေတြကို ေက်ာင္းေတြက ဖိတ္ထားတာေတြ ရွိပါတယ္”လို႔ ေက်ာင္းႀကိဳပို႔လုပ္ကိုင္ေနတဲ့ ကိုစိုးဝင္းထြန္းက ေျပာပါတယ္။

ထိုသတ္မွတ္ခ်က္ ၁၂ ခ်က္မွာ ယာဥ္ရဲ႕အေရာင္ဟာ အဝါေရာင္ျဖစ္ဖို႔လိုတယ္လို႔ သတ္မွတ္ထားတာလည္း ပါဝင္တာေၾကာင့္ Oringinal အေရာင္ကို မေျပာင္းလိုတဲ့အတြက္ စတစ္ကာကပ္ကာ “ဃ”လိုင္စင္အျဖစ္ လိုင္စင္ဝင္ရန္  လုပ္ေဆာင္ေသာ္လည္း ခြင့္ျပဳျခင္းမရွိေၾကာင္း၊ ယာဥ္၏ေဘာ္ဒီတစ္ခုလုံးကို ေဆးအေရာင္ ျပန္လည္မႈတ္မွသာ လိုင္စင္ေလွ်ာက္ထားျခင္းကိုလည္း ခြင့္ျပဳေပးတယ္လို႔ ေက်ာင္းႀကိဳပို႔လုပ္ငန္း လုပ္ကိုင္သူေတြဆီက သိရပါတယ္။ “စတစ္ကာကပ္ရင္ ေငြက်ပ္ ၃၀၀၀၀ ေလာက္ပဲကုန္ပါတယ္၊ ျပန္ေရာင္းရင္လည္း Oringinal ေဆးေရာင္ဆိုေတာ့ ေရာင္းရတာအဆင္ေျပတယ္၊ အခုက တစ္စီးလုံးျပန္ၿပီး ေဆးမႈတ္ရရင္ အခုေခတ္မွာအနည္းဆုံးေငြက်ပ္ ၁၀ သိန္းေလာက္ရွိတယ္”လို႔ သူက ဆက္လက္ေျပာၾကား ပါတယ္။

အေျခခံပညာေက်ာင္းေတြမွာ ယခုေနာက္ပိုင္း ၿမိဳ႕နယ္ေက်ာ္ကာေက်ာင္းအပ္လက္ခံတာမ်ိဳးမျပဳဖို႔ သတ္မွတ္ထားတာေၾကာင့္ ေက်ာင္းႀကိဳပို႔ လုပ္ငန္းေတြအေနနဲ႔ ေနာက္ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ အတြင္းမွာ ကြယ္ေပ်ာက္ႏိုင္တဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ သုံးသပ္လာၾကပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၃