အခြေခံအဆောက်အဦတွေကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းက ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အထောက်အကူဖြစ်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြောကြား

အခြေခံအဆောက်အဦတွေကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းက  ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အထောက်အကူဖြစ်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြောကြား

လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ် အစရှိတဲ့အခြေခံအဆောက်အဦတွေကိုပိုပြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ ရဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အထောက်ကူဖြစ်လိမ့်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဇူလိုင် ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

သတင်းထောက်တစ်ဦးရဲ့မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ရာမှာ “အခု လက်ရှိ အခြေအနေရဲ့ ပြောင်းလဲနေတဲ့ အနေအထားပေါ်မှာ ဒါဟာအားလုံးသိပါတယ်။ ဒေါ်လာဈေးဟာ ပြောင်း လဲချက်ရှိပါတယ်။ ဒါကလည်း တစ်ကမ္ဘာလုံး ရဲ့ငွေကြေး တစ်ခုဖြစ် ပါတယ်။ဒီငွေကြေးဈေးရဲ့တန်ဖိုးဟာအချိန်နဲ့ အမျှ လှုပ်ခတ်နေတာရှိပါတယ်။ဒါကလည်းကျနော်တို့ တိုက်ရိုကွပ်ကဲလို့ မရပါဘူး။ ဒါဟာ အမေရိကန် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းပြောင်းလဲမှုတွေသူရဲ့ပြုပြင်ပြေင်းလဲမှုတွေအပေါ်မှာမူတည်ပြီး ရိုက်ခတ်နေ တဲ့အခြေအ နေ တစ်ရပ်ဖြစ်ပါ တယ်။

ဒီဒဏ်ကိုကျနော်တို့နိုင်ငံတစ်ခုတည်းမဟုတ်ပါဘူး။နိုင်ငံတကာမှာ အာလုံးထဲမှာမှ နိုင်ငံ ငယ်လေးတွေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စတင်နေရ တဲ့အချိန်မှာပိုပြီးတော့ သက်ရောက်မှုရှိပါတယ်။နောက် တစ်ချက်က ရွှေနဲ့ပတ်သက်လို့ရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေး ရဲ့ပြောင်းလဲ ချက်ဟာ အလွန်အင်မတန်ကို မြင့်မား ပါတယ်။ ဒီအခြေအနေထက် တစ်ခါတစ်လေမှာ ကမ္ဘာ့ရွှေဈေးအောက်ကိုရောက်သွားရင် ကျနော်တို့ ဆီမှာ ရိုက်ခတ်မှုပိုပြီး ရှိပါတယ်။နောက်တစ်ချက်ကတော့ ကျနော်တို့က တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကြားထဲမှာရှိနေတဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ဒါကြောင့် ကျနော်တို့ရဲ့ ဈေးကွက်ကလှုပ်ခတ်မှုကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့်မို့လည်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်ကိုမြှင့်တင်ဆောင်ရွက်နိုင်ဖို့အတွက်လိုအပ်နေပြီး ယခုဆို ရင် လည်း ပို့ကုန်မြှင့်တင်ဖို့ကိုကြိုး စားနေ တဲ့အခြေအနေတစ်ရပ်ဖြစ်တယ်လို့လည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ပါတယ်။ “အခုဖြစ်နေတဲ့အခြေအနေ ဟာကျနော်တို့က ပြင်ပကနေကုန်စည်ကိုတင်သွင်းတယ်ဆိုရင် ဒေါ်လာဈေး အပြောင်းအလဲဖြစ်မယ်။ကျနော်တို့ ပြည်ပကထွက်လာတဲ့ ပစ္စည်းတွေရဲ့ဈေးနှုန်းပြောင်း လဲချက်ရှိမယ်။ ပြောရ ရင် ကမ္ဘာ့ရဲ့ စီးပွားရေး နိုင်ငံရေးအခြေအနေကြောင့် အများဆုံးဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျနော်တို့ နိုင်ငံရဲ့ပို့ကုန် ကိုမြှင့်တင်ဆောင်ရွက်နိုင်ဖို့အတွက်လိုအပ်ပါတယ်။အခုဆိုရင် ပို့ကုန်မြှင့်တင်ဖို့ကိုကြိုး စားနေတဲ့အခြေ အနေ တစ်ရပ်ဖြစ်ပါတယ်။တချို့အခြေအနေတွေက ကမ္ဘာ့ရဲ့ပြုပြင်ပြောင်းလဲမှု တွေဆောင်ရွက်နေမှု အခြေအနေမှာ နိုင်ငံငယ်လေးတွေ ဟာ လိုက်လျောညီထွေမှုဖြစ်အောင် ကျနော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုမထိခိုက်အောင် ဆောင် ရွက်နေရပါတယ်။ဒါနဲ့ပတ်သက်ရင် နောက်တစ်ခု ကတော့ပြောနေကြ တာရှိပါတယ်။

လျှပ်စစ်ဈေးနှုန်းကြောင့် လမ်းပန်းဆက်သွယ်ရေးကြောင့် လျှပ်စစ်မီးလုံလုံလောက်လောက်ရရှိရေး အစရှိတဲ့လျှပ်စစ်မီးနဲ့ပတ်သက်ပြီး နောက်က လိုက်ပြီးတော့ အားလုံးကိုဘက်မျှအောင်လုပ်နေရပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့လျှပ်စစ်မီး ရနိုင် မယ်ဆိုရင်ကုန်ဈေးနှုန်းကို စရိတ် သက်သာစေ မှာဖြစ်ပါတယ်။ဒါကြောင့်မို့ ဒီအခြေအနေဟာ အရေးကြီးတယ် ထင်ပါတယ်။ လမ်းတွေနဲ့ပတ်သက်ရင် လည်း လမ်းပန်းဆက်သွယ်ရေး ပိုကောင်း လာမယ်။ လမ်းတွေက ချော မွေ့လာမယ်ဆိုရင် သယ်ယူစရိတ်တွေဟာသက်သာသွားပါမယ်။

ဒီအခြေအနေမျိုးတွေအတွက် ဒါတွေကိုထိန်းညှိဆောင်ရွက်ဖို့လိုမယ်လို့ထင်ပါတယ်။ဒါကြောင့် ကျနော်တို့ဟာလမ်းပန်းဆက်သွယ်ရေးတို့ လျှပ်စစ်တို့ စတဲ့အခြေခံတွေကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အထောက် ကူဖြစ်လိမ့်မယ်လို့ထင်ပါတယ်”လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့ပါတယ်။

ပြေသိမ်း  
ရန်ကုန်၊ဇူလိုင် ၂၅

(  Zawgyi  )

 လမ္းပန္းဆက္သြယ္ေရးနဲ႔ လွ်ပ္စစ္ အစရွိတဲ့အေျခခံအေဆာက္အဦေတြကိုပိုၿပီးဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ျခင္းသည္ ျမန္မာႏိုင္ငံ ရဲ႕ ကုန္ေဈးႏႈန္းတည္ၿငိမ္ေရးကို အေထာက္ကူျဖစ္လိမ့္မယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ဇူလိုင္ ၂၄ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားပါတယ္။

သတင္းေထာက္တစ္ဦးရဲ႕ေမးျမန္းမႈအေပၚ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ျပန္လည္ေျဖၾကားခဲ့ရာမွာ “အခု လက္ရွိ အေျခအေနရဲ႕ ေျပာင္းလဲေနတဲ့ အေနအထားေပၚမွာ ဒါဟာအားလုံးသိပါတယ္။ ေဒၚလာေဈးဟာ ေျပာင္း လဲခ်က္ရွိပါတယ္။ ဒါကလည္း တစ္ကမာၻလုံး ရဲ႕ေငြေၾကး တစ္ခုျဖစ္ ပါတယ္။ဒီေငြေၾကးေဈးရဲ႕တန္ဖိုးဟာအခ်ိန္နဲ႔ အမွ် လႈပ္ခတ္ေနတာရွိပါတယ္။ဒါကလည္းက်ေနာ္တို႔ တိုက္႐ိုကြပ္ကဲလို႔ မရပါဘူး။ ဒါဟာ အေမရိကန္ ဗဟိုဘဏ္ရဲ႕ အတိုးႏႈန္းေျပာင္းလဲမႈေတြသူရဲ႕ျပဳျပင္ေျပင္းလဲမႈေတြအေပၚမွာမူတည္ၿပီး ႐ိုက္ခတ္ေန တဲ့အေျခအ ေန တစ္ရပ္ျဖစ္ပါ တယ္။

ဒီဒဏ္ကိုက်ေနာ္တို႔ႏိုင္ငံတစ္ခုတည္းမဟုတ္ပါဘူး။ႏိုင္ငံတကာမွာ အာလုံးထဲမွာမွ ႏိုင္ငံ ငယ္ေလးေတြအေနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈကို စတင္ေနရ တဲ့အခ်ိန္မွာပိုၿပီးေတာ့ သက္ေရာက္မႈရွိပါတယ္။ေနာက္ တစ္ခ်က္က ေ႐ႊနဲ႔ပတ္သက္လို႔ေ႐ႊေဈးႏႈန္းက ကမာၻ႔ေ႐ႊေဈး ရဲ႕ေျပာင္းလဲ ခ်က္ဟာ အလြန္အင္မတန္ကို ျမင့္မား ပါတယ္။ ဒီအေျခအေနထက္ တစ္ခါတစ္ေလမွာ ကမာၻ႔ေ႐ႊေဈးေအာက္ကိုေရာက္သြားရင္ က်ေနာ္တို႔ ဆီမွာ ႐ိုက္ခတ္မႈပိုၿပီး ရွိပါတယ္။ေနာက္တစ္ခ်က္ကေတာ့ က်ေနာ္တို႔က တ႐ုတ္ႏိုင္ငံနဲ႔အိႏၵိယႏိုင္ငံၾကားထဲမွာရွိေနတဲ့ ႏိုင္ငံငယ္ေလးျဖစ္ပါတယ္။ဒါေၾကာင့္ က်ေနာ္တို႔ရဲ႕ ေဈးကြက္ကလႈပ္ခတ္မႈႀကီးပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္မို႔လည္း ျမန္မာႏိုင္ငံအေနျဖင့္ ပို႔ကုန္ကိုျမႇင့္တင္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္လိုအပ္ေနၿပီး ယခုဆို ရင္ လည္း ပို႔ကုန္ျမႇင့္တင္ဖို႔ကိုႀကိဳး စားေန တဲ့အေျခအေနတစ္ရပ္ျဖစ္တယ္လို႔လည္း ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ “အခုျဖစ္ေနတဲ့အေျခအေန ဟာက်ေနာ္တို႔က ျပင္ပကေနကုန္စည္ကိုတင္သြင္းတယ္ဆိုရင္ ေဒၚလာေဈး အေျပာင္းအလဲျဖစ္မယ္။က်ေနာ္တို႔ ျပည္ပကထြက္လာတဲ့ ပစၥည္းေတြရဲ႕ေဈးႏႈန္းေျပာင္း လဲခ်က္ရွိမယ္။ ေျပာရ ရင္ ကမာၻ႔ရဲ႕ စီးပြားေရး ႏိုင္ငံေရးအေျခအေနေၾကာင့္ အမ်ားဆုံးျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ က်ေနာ္တို႔ ႏိုင္ငံရဲ႕ပို႔ကုန္ ကိုျမႇင့္တင္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္လိုအပ္ပါတယ္။အခုဆိုရင္ ပို႔ကုန္ျမႇင့္တင္ဖို႔ကိုႀကိဳး စားေနတဲ့အေျခ အေန တစ္ရပ္ျဖစ္ပါတယ္။တခ်ိဳ႕အေျခအေနေတြက ကမာၻ႔ရဲ႕ျပဳျပင္ေျပာင္းလဲမႈ ေတြေဆာင္႐ြက္ေနမႈ အေျခအေနမွာ ႏိုင္ငံငယ္ေလးေတြ ဟာ လိုက္ေလ်ာညီေထြမႈျဖစ္ေအာင္ က်ေနာ္တို႔ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကိုမထိခိုက္ေအာင္ ေဆာင္ ႐ြက္ေနရပါတယ္။ဒါနဲ႔ပတ္သက္ရင္ ေနာက္တစ္ခု ကေတာ့ေျပာေနၾက တာရွိပါတယ္။

လွ်ပ္စစ္ေဈးႏႈန္းေၾကာင့္ လမ္းပန္းဆက္သြယ္ေရးေၾကာင့္ လွ်ပ္စစ္မီးလုံလုံေလာက္ေလာက္ရရွိေရး အစရွိတဲ့လွ်ပ္စစ္မီးနဲ႔ပတ္သက္ၿပီး ေနာက္က လိုက္ၿပီးေတာ့ အားလုံးကိုဘက္မွ်ေအာင္လုပ္ေနရပါတယ္။ တည္တည္ၿငိမ္ၿငိမ္နဲ႔လွ်ပ္စစ္မီး ရႏိုင္ မယ္ဆိုရင္ကုန္ေဈးႏႈန္းကို စရိတ္ သက္သာေစ မွာျဖစ္ပါတယ္။ဒါေၾကာင့္မို႔ ဒီအေျခအေနဟာ အေရးႀကီးတယ္ ထင္ပါတယ္။ လမ္းေတြနဲ႔ပတ္သက္ရင္ လည္း လမ္းပန္းဆက္သြယ္ေရး ပိုေကာင္း လာမယ္။ လမ္းေတြက ေခ်ာ ေမြ႕လာမယ္ဆိုရင္ သယ္ယူစရိတ္ေတြဟာသက္သာသြားပါမယ္။

ဒီအေျခအေနမ်ိဳးေတြအတြက္ ဒါေတြကိုထိန္းညႇိေဆာင္႐ြက္ဖို႔လိုမယ္လို႔ထင္ပါတယ္။ဒါေၾကာင့္ က်ေနာ္တို႔ဟာလမ္းပန္းဆက္သြယ္ေရးတို႔ လွ်ပ္စစ္တို႔ စတဲ့အေျခခံေတြကို ပိုၿပီးဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ ကုန္ေဈးႏႈန္းတည္ၿငိမ္ေရးကို အေထာက္ ကူျဖစ္လိမ့္မယ္လို႔ထင္ပါတယ္”လို႔ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း  
ရန္ကုန္၊ဇူလိုင္ ၂၅