အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(မန္တလေးရုံးခွဲ)ဖွင့်လှစ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(မန္တလေးရုံးခွဲ)ဖွင့်လှစ်

မန္တလေးနဲ့အထက်မြန်မာပြည်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(မန္တလေးရုံးခွဲ)ကိုမန္တလေး ချမ်းမြသာစည်မြို့နယ်၊တမ္ပဝတီရပ်ကွက်၊ဗာဂျီးနီးယား ဆေးလုပ်ငန်းစက်ရုံဝန်း အတွင်းမှာဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်ကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။

"အဂတိကိစ္စတွေတိုင်ကြားနိုင်ဖို့ မန္တလေးနဲ့ဆက်စပ်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကနေ ဒီရုံးမှာ လာရောက်တိုင်ကြားလို့ရအောင်လို့ ဖွင့်ပေးတာပါ၊ နေပြည်တော်မှာဖွင့်ထားတာကို လိုအပ်ချက်အရ ဒီမှာရုံးခွဲဖွင့်တာပါ" လို့ကော်မရှင်အဖွဲ့ဝင်ဦး အောင်သန်းမြင့်ကပြောပါတယ်။

အဂတိလိုက်စားမှုလျော့နည်းပပျောက်စေဖို့အတွက် ပြည်သူတွေပူးပေါင်းမှုမြင့်တက်လစေဖို့ ဖွင့်လှစ်ပေးခဲ့တာလို့လည်းသိရပြီး ကော်မရှင်အဖွဲ့ဝင်တစ်ဦးကရုံးထိုင်ကာ ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။

"ကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရဖွဲ့စည်းပေးတဲ့အဖွဲ့အစည်းပါ၊ အဖွဲ့ဝင်တစ်ဦးရုံးထိုင်ပြီးတော့ ဆောင်ရွက်သွားမှာပါ ဆုံးဖြတ်တဲ့ကိစ္စမှာတော့ နေပြည်တော်မှာပဲ တင်ပြပြီးဆုံးဖြတ်သွားမှာပါ" လို့ လုပ်ငန်းလုပ်ဆောင် သွားမှာနဲ့ပတ်သက်လို့လည်း ၎င်းကပြောပါတယ်။

အဂတိတိုက်ဖျက်ရေးရုံးခွဲတွေကို ရန်ကုန်နဲ့ မန္တလေးတို့မှာ ဖွင့်လှစ်ပြီးတဲ့နောက်မှာတော့ အခြားသောတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာဆက်လက်ဖွင့်လှစ်သွားဖို့ရှိတယိလို့သိရပါတယ်။မန္တလေးရုံးခွဲ အနေနဲ့ တိုင်ကြားစာတွေလက်ခံတာ၊ အကြံပြုပေးတာနဲ့ ပညာပေးလုပ်ငန်းတွေဆောင်ရွက်တာတွေလုပ်ဆောင်သွားရမှာဖြစ်တယ်လို့သိရပါတယ်။

KT
မန္တလေး မေ ၁၁ 

(  Zawgyi  )

 မႏၲေလးနဲ႔အထက္ျမန္မာျပည္အတြက္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္(မႏၲေလး႐ုံးခြဲ)ကိုမႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္၊တမၸဝတီရပ္ကြက္၊ဗာဂ်ီးနီးယား ေဆးလုပ္ငန္းစက္႐ုံဝန္း အတြင္းမွာဖြင့္လွစ္ေပးလိုက္ၿပီျဖစ္ပါတယ္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ဥကၠ႒ဦးေအာင္ၾကည္ကိုယ္တိုင္လာေရာက္ဖြင့္လွစ္ေပးခဲ့တာျဖစ္ၿပီး ဖြင့္ပြဲအခမ္းအနားကို ဒီေန႔မနက္ပိုင္းကျပဳလုပ္ခဲ့ပါတယ္။

"အဂတိကိစၥေတြတိုင္ၾကားႏိုင္ဖို႔ မႏၲေလးနဲ႔ဆက္စပ္တိုင္းေဒသႀကီးနဲ႔ျပည္နယ္ေတြကေန ဒီ႐ုံးမွာ လာေရာက္တိုင္ၾကားလို႔ရေအာင္လို႔ ဖြင့္ေပးတာပါ၊ ေနျပည္ေတာ္မွာဖြင့္ထားတာကို လိုအပ္ခ်က္အရ ဒီမွာ႐ုံးခြဲဖြင့္တာပါ" လို႔ေကာ္မရွင္အဖြဲ႕ဝင္ဦး ေအာင္သန္းျမင့္ကေျပာပါတယ္။

အဂတိလိုက္စားမႈေလ်ာ့နည္းပေပ်ာက္ေစဖို႔အတြက္ ျပည္သူေတြပူးေပါင္းမႈျမင့္တက္လေစဖို႔ ဖြင့္လွစ္ေပးခဲ့တာလို႔လည္းသိရၿပီး ေကာ္မရွင္အဖြဲ႕ဝင္တစ္ဦးက႐ုံးထိုင္ကာ ေဆာင္႐ြက္ေပးသြား မွာျဖစ္ပါတယ္။

"ေကာ္မရွင္က အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒအရဖြဲ႕စည္းေပးတဲ့အဖြဲ႕အစည္းပါ၊ အဖြဲ႕ဝင္တစ္ဦး႐ုံးထိုင္ၿပီးေတာ့ ေဆာင္႐ြက္သြားမွာပါ ဆုံးျဖတ္တဲ့ကိစၥမွာေတာ့ ေနျပည္ေတာ္မွာပဲ တင္ျပၿပီးဆုံးျဖတ္သြားမွာပါ" လို႔ လုပ္ငန္းလုပ္ေဆာင္ သြားမွာနဲ႔ပတ္သက္လို႔လည္း ၎ကေျပာပါတယ္။

အဂတိတိုက္ဖ်က္ေရး႐ုံးခြဲေတြကို ရန္ကုန္နဲ႔ မႏၲေလးတို႔မွာ ဖြင့္လွစ္ၿပီးတဲ့ေနာက္မွာေတာ့ အျခားေသာတိုင္းေဒသႀကီးနဲ႔ျပည္နယ္ေတြမွာဆက္လက္ဖြင့္လွစ္သြားဖို႔ရွိတယိလို႔သိရပါတယ္။မႏၲေလး႐ုံးခြဲ အေနနဲ႔ တိုင္ၾကားစာေတြလက္ခံတာ၊ အႀကံျပဳေပးတာနဲ႔ ပညာေပးလုပ္ငန္းေတြေဆာင္႐ြက္တာေတြလုပ္ေဆာင္သြားရမွာျဖစ္တယ္လို႔သိရပါတယ္။

KT
မႏၲေလး ေမ ၁၁