အင်ဒိုနီရှားနှင့် လစဉ်ပျမ်းမျှ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၈၀ ကျော်ရှိပြီး ကုန်သွယ်ရေးလိုငွေ သန်းလေးရာနီးပါးရှိ

အင်ဒိုနီရှားနှင့် လစဉ်ပျမ်းမျှ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၈၀ ကျော်ရှိပြီး ကုန်သွယ်ရေးလိုငွေ သန်းလေးရာနီးပါးရှိ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခုနှစ်လတာအတွင်း မြန်မာနှင့် အင်ဒိုနီးရှားကြား ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၅ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အင်ဒိုနီးရှားသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ် ခုနှစ်လတာကာလအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၁၅၂ သန်း တင်ပို့ခဲ့ကာ သွင်းကုန် အမေရိကန်ဒေါ်လာ ၅၄၁ ဒသမ ၄၃၇ သန်း တင်သွင်းခဲ့သဖြင့် ခြောက်လတာအတွင်း ကန်ဒေါ်လာ ၆၁၂ ဒသမ ၅၈၉ သန်း ကုန်သွယ်ခဲ့ကာ ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၄၇၀ ဒသမ ၂၈၅ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် နောက်ဆုံးစာရင်း အချက်အလက်များအရ သိရပါတယ်။     

ပြီးခဲ့သည့် ကာလတိုဘဏ္ဍာနှစ် ၆ လတာကာလအတွင်း မြန်မာနိုင်ငံနှင့် အင်ဒိုနီရှားကြား ကုန်သွယ်မှုပမာဏမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၈၂၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၄၆၀ ဒသမ ၃၂၅ သန်းရှိကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂၃ ဒသမ ၁၄၇ သန်းအထိ ကုန်သွယ်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၃၉၇ ဒသမ ၅၀၃ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း အင်ဒိုနီရှား-မြန်မာ ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၃၆ ဒသမ ၅၅၈ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၄၁ ဒသမ ၇၉၅ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂၇  ဒသမ ၂၀၆ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၂၅ ဒသမ ၂၇၈ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆၀ ဒသမ ၈၈၁ သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန်ဒေါ်လာ ၅၂၃ ဒသမ ၁၄၇ သန်းထိ ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၃၀

( Zawgyi )

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ခုႏွစ္လတာအတြင္း ျမန္မာႏွင့္ အင္ဒိုနီးရွားၾကား ကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ ၈၅ သန္းေက်ာ္ရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာန သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

အင္ဒိုနီးရွားသို႔ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္သစ္ ခုႏွစ္လတာကာလအတြင္း ပို႔ကုန္ အေမရိကန္ေဒၚလာ ၇၁ ဒသမ ၁၅၂ သန္း တင္ပို႔ခဲ့ကာ သြင္းကုန္ အေမရိကန္ေဒၚလာ ၅၄၁ ဒသမ ၄၃၇ သန္း တင္သြင္းခဲ့သျဖင့္ ေျခာက္လတာအတြင္း ကန္ေဒၚလာ ၆၁၂ ဒသမ ၅၈၉ သန္း ကုန္သြယ္ခဲ့ကာ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၄၇၀ ဒသမ ၂၈၅ သန္း ျဖစ္ေပၚခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ ေနာက္ဆုံးစာရင္း အခ်က္အလက္မ်ားအရ သိရပါတယ္။     

ၿပီးခဲ့သည့္ ကာလတိုဘ႑ာႏွစ္ ၆ လတာကာလအတြင္း ျမန္မာႏိုင္ငံႏွင့္ အင္ဒိုနီရွားၾကား ကုန္သြယ္မႈပမာဏမွာ ပို႔ကုန္ အေမရိကန္ေဒၚလာ ၆၂ ဒသမ ၈၂၂ သန္း၊ သြင္းကုန္ အေမရိကန္ေဒၚလာ ၄၆၀ ဒသမ ၃၂၅ သန္းရွိကာ စုစုေပါင္း အေမရိကန္ေဒၚလာ ၅၂၃ ဒသမ ၁၄၇ သန္းအထိ ကုန္သြယ္ခဲ့ၿပီး ကုန္သြယ္မႈလိုေငြ ကန္ေဒၚလာ ၃၉၇ ဒသမ ၅၀၃ သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္း အင္ဒိုနီရွား-ျမန္မာ ကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၆၃၆ ဒသမ ၅၅၈ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၇၄၁ ဒသမ ၇၉၅ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၈၂၇  ဒသမ ၂၀၆ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၀၂၅ ဒသမ ၂၇၈ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၆၀ ဒသမ ၈၈၁ သန္း၊ ၂၀၁၈ ကာလတိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ေဒၚလာ ၅၂၃ ဒသမ ၁၄၇ သန္းထိ ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇူလိုင္ - ၃၀