အင်းစိန်အကျဉ်းထောင်မှ ၇၁ ရာခိုင်နှုန်းကျော် အောင်မြင်

အင်းစိန်အကျဉ်းထောင်မှ ၇၁ ရာခိုင်နှုန်းကျော် အောင်မြင်

ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကျဉ်းသား၊ အကျဉ်းသူတွေ ဝင်ရောက်ဖြေဆိုခဲ့ရာ ၇၁ ဒသမ ၂၃ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနမှ သိရပါတယ်။

အဆိုပါ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ အကျဉ်းသား၊ အကျဉ်းသူ ၇၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၅၂ဦး အောင်မြင်ခဲ့တာကြောင့် အောင်မြင်မှုရာခိုင်နှုန်း ၇၁ ဒသမ ၂၃ ရာခိုင်နှုန်း ရှိခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ထိုအောင်မြင်တဲ့ သူတွေထဲမှာ သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး ပေါ်ထွက်ခဲ့ကြောင်း၊ စာမေးပွဲအောင်မြင်သူတွေ အားလုံးအတွက် ဂုဏ်ပြုပွဲကိုလည်း မကြာခင်ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇွန် - ၈

( Zawgyi )

ရန္ကုန္ၿမိဳ႕ရွိ အင္းစိန္ဗဟိုအက်ဥ္းေထာင္ကေန ၂၀၁၉ ခုႏွစ္၊ တကၠသိုလ္ဝင္တန္းစာေမးပြဲကို အက်ဥ္းသား၊ အက်ဥ္းသူေတြ ဝင္ေရာက္ေျဖဆိုခဲ့ရာ ၇၁ ဒသမ ၂၃ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့တယ္လို႔ အက်ဥ္းဦးစီးဌာနမွ သိရပါတယ္။

အဆိုပါ အင္းစိန္ဗဟိုအက်ဥ္းေထာင္မွာ အက်ဥ္းသား၊ အက်ဥ္းသူ ၇၃ ဦး ဝင္ေရာက္ေျဖဆိုခဲ့ရာ ၅၂ဦး ေအာင္ျမင္ခဲ့တာေၾကာင့္ ေအာင္ျမင္မႈရာခိုင္ႏႈန္း ၇၁ ဒသမ ၂၃ ရာခိုင္ႏႈန္း ရွိခဲ့တာလည္း ျဖစ္တယ္လို႔ သိရပါတယ္။

ထိုေအာင္ျမင္တဲ့ သူေတြထဲမွာ သုံးဘာသာဂုဏ္ထူးရွင္ ေလးဦး၊ ႏွစ္ဘာသာ ဂုဏ္ထူးရွင္ ၁၃ ဦး၊ တစ္ဘာသာ ဂုဏ္ထူးရွင္ ၁၀ ဦး ေပၚထြက္ခဲ့ေၾကာင္း၊ စာေမးပြဲေအာင္ျမင္သူေတြ အားလုံးအတြက္ ဂုဏ္ျပဳပြဲကိုလည္း မၾကာခင္ျပဳလုပ္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇြန္ - ၈