အစိုးရက မြေအလကားပေးသည့် တိုင်အောင်အိမ်ရာများ တည်ဆောက် ရန် လုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်နေ

အစိုးရက မြေအလကားပေးသည့် တိုင်အောင်အိမ်ရာများ တည်ဆောက် ရန် လုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်နေ

တန်ဖိုးနည်းအိမ်ရာအဆောက်အအုံတွေတည်ဆောက်နိုင်ဖို့ အစိုးရဘက်က မြေအလကားပေးကာ စီစဉ်ပေမယ့် အိမ်ရာတွေဆောက်ဖို့ လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲရှိနေတယ်လို့ ယနေ့(ဇူလိုင် ၆ရက်)က ရန်ကုန်မြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှာပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှ သိရပါ တယ်။

“အခု ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ ငွေကြပ်နေတယ်၊ ဘဏ်အတိုးတွေ ပေးနေရတယ်၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုဟာ ဘဏ်ချေးငွေတွေနဲ့ မကင်းဘူး၊ သုံးလတစ်ကြိမ် အတိုး မပေးရင် တရားစွဲမယ်ဆိုတဲ့ ဖိအားတွေရှိတယ်၊ အိမ်ရာတွေဆိုရင် ယူမယ့်သူတွေ စာရင်းကောက်တော့ ယူချင်တဲ့ သူတွေက အများကြီး၊ ဒါပေမဲ့ အစိုးရက ဈေးချပေးမယ်ဆိုတဲ့ သတင်းတွေ ထွက် လာတော့ လာကြည့်ပြီး မဝယ်တော့ဘူး၊ အဲ့ဒီတော့ ငွေမလည်ပတ်တော့ဘူး၊ ဈေးချပေးမယ်ဆိုတာက ပြည်သူတွေအတွက် ကောင်းပေမယ့် ဒီလိုမျိုးခဏခဏပြောနေတာကျတော့ ဝယ်ပြီးဈေးကျမှာ စိုးရိမ်တော့ ဝယ်ဖို့လာကြည့်ပြီး မဝယ်တာများတယ်၊ မရောင်းရတော့ဘူးလေ၊ အစိုးရက မြေ အလကားပေးပြီး ဆောက်ပါဆိုတာတောင် ကျွန်တော်တို့ဘက်က လုပ်ဖို့က အဆင်မပြေတော့ဘူး”လို့ ချမ်းသာရွှေမြေ ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးနေမျိုးနိုင်က ပြောပါတယ်။

ထိုတန်ဖိုးနည်းအိမ်ရာတွေတည်ဆောက်မှုအပေါ် ရောင်းချတဲ့အပိုင်းမှာ လုပ်ငန်းရှင်တွေ ကိုယ်တိုင်ရောင်းခွင့် မပေးဘဲ အစိုးရကတာဝန်ယူကာရောင်းပေး နေကြောင်း၊ ပြည်တွင်းမှာ စီးပွားရေး ကျပ်တည်းမှုတွေလည်း ရှိသလို တစ်ချို့မှာ အရစ်ကျဖြင့်ဝယ်ယူရန် ကနဦး ၃၀ ရာခိုင်နှုန်းငွေကို ပြင်ပမှာအတိုးတွေနဲ့ယူပြီးပေးသွင်း ရာမှ နောက်ပိုင်းတွင် အရစ်ကျ အလိုက်ငွေမသွင်းနိုင် တာတွေ လည်းရှိလာကြောင်း၊ အရစ်ကျငွေမသွင်း နိုင်တာကြောင့် တရားစွဲဆိုလုပ်ကိုင်တဲ့အခါလည်း အမှု တစ်ခုပြီးပြတ်ရန် နှစ်နှစ်၊ သုံးနှစ်လောက် ကြာမြင့် တာကြောင့် ငွေမြုပ်နေတဲ့ အခြေအနေမျိုးတွေကို ကြုံနေရတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ရှင်းပြပါတယ်။

“အခုအခြေအနေတွေက ဘေးကြပ်နံကြပ်ဖြစ်နေတာ၊ ဘဏ်တွေကလည်း မယုံတော့ ထုတ်မချေးတော့ ဘူး၊ တစ်ချို့ဝယ်မယ့်သူကလည်း ဈေးချပေးမယ်လို့ အစိုးရကပြောထားတော့ ဈေးကျမယ်ဆိုပြီး မဝယ်တာလည်း ပါတယ်၊ အစိုးရက တာဝန်ယူရောင်းပေးလို့ အဆင်မပြေရင် ဘယ်လိုလုပ်မလဲ ဆို  တာတွေ၊ ငွေဆက်ပြီး မသွင်းလို့ တရားစွဲတာတွေဆိုရင် တရားစွဲတာက နောက်မှထားဦး၊ အမှု တစ်ခု ပြီးဖို့ အချိန်က နှစ်နဲ့ချီပြီးတော့ စောင့်ရတော့ ငွေပေါ်ဖု့ိဆိုတာ ဝေးရော၊ အစိုးရကနေ အရင်းအတိုင်း ရောင်းပေးတဲ့ တိုက်ခန်းတွေ တောင်မှ ငွေဆက်မသွင်းနိုင်တဲ့သူတွေ ၇ ရာခိုင်နှုန်းလောက် ရှိတယ်လေ”လို့လည်း သူက ဆက်လက်ပြောပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် ၆

(  Zawgyi  )

 တန္ဖိုးနည္းအိမ္ရာအေဆာက္အအုံေတြတည္ေဆာက္ႏိုင္ဖို႔ အစိုးရဘက္က ေျမအလကားေပးကာ စီစဥ္ေပမယ့္ အိမ္ရာေတြေဆာက္ဖို႔ လုပ္ငန္းရွင္ေတြအေနနဲ႔ အခက္အခဲရွိေနတယ္လို႔ ယေန႔(ဇူလိုင္ ၆ရက္)က ရန္ကုန္ၿမိဳ႕ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနမွာျပဳလုပ္တဲ့ အလုပ္႐ုံေဆြးေႏြးပြဲမွ သိရပါ တယ္။

“အခု ေဆာက္လုပ္ေရးလုပ္ငန္းေတြအေနနဲ႔ ေငြၾကပ္ေနတယ္၊ ဘဏ္အတိုးေတြ ေပးေနရတယ္၊ ေဆာက္လုပ္ေရး လုပ္ငန္းရွင္အမ်ားစုဟာ ဘဏ္ေခ်းေငြေတြနဲ႔ မကင္းဘူး၊ သုံးလတစ္ႀကိမ္ အတိုး မေပးရင္ တရားစြဲမယ္ဆိုတဲ့ ဖိအားေတြရွိတယ္၊ အိမ္ရာေတြဆိုရင္ ယူမယ့္သူေတြ စာရင္းေကာက္ေတာ့ ယူခ်င္တဲ့ သူေတြက အမ်ားႀကီး၊ ဒါေပမဲ့ အစိုးရက ေဈးခ်ေပးမယ္ဆိုတဲ့ သတင္းေတြ ထြက္ လာေတာ့ လာၾကည့္ၿပီး မဝယ္ေတာ့ဘူး၊ အဲ့ဒီေတာ့ ေငြမလည္ပတ္ေတာ့ဘူး၊ ေဈးခ်ေပးမယ္ဆိုတာက ျပည္သူေတြအတြက္ ေကာင္းေပမယ့္ ဒီလိုမ်ိဳးခဏခဏေျပာေနတာက်ေတာ့ ဝယ္ၿပီးေဈးက်မွာ စိုးရိမ္ေတာ့ ဝယ္ဖို႔လာၾကည့္ၿပီး မဝယ္တာမ်ားတယ္၊ မေရာင္းရေတာ့ဘူးေလ၊ အစိုးရက ေျမ အလကားေပးၿပီး ေဆာက္ပါဆိုတာေတာင္ ကြၽန္ေတာ္တို႔ဘက္က လုပ္ဖို႔က အဆင္မေျပေတာ့ဘူး”လို႔ ခ်မ္းသာေ႐ႊေျမ ေဆာက္လုပ္ေရးကုမၸဏီ ဥကၠ႒ ဦးေနမ်ိဳးႏိုင္က ေျပာပါတယ္။

ထိုတန္ဖိုးနည္းအိမ္ရာေတြတည္ေဆာက္မႈအေပၚ ေရာင္းခ်တဲ့အပိုင္းမွာ လုပ္ငန္းရွင္ေတြ ကိုယ္တိုင္ေရာင္းခြင့္ မေပးဘဲ အစိုးရကတာဝန္ယူကာေရာင္းေပး ေနေၾကာင္း၊ ျပည္တြင္းမွာ စီးပြားေရး က်ပ္တည္းမႈေတြလည္း ရွိသလို တစ္ခ်ိဳ႕မွာ အရစ္က်ျဖင့္ဝယ္ယူရန္ ကနဦး ၃၀ ရာခိုင္ႏႈန္းေငြကို ျပင္ပမွာအတိုးေတြနဲ႔ယူၿပီးေပးသြင္း ရာမွ ေနာက္ပိုင္းတြင္ အရစ္က် အလိုက္ေငြမသြင္းႏိုင္ တာေတြ လည္းရွိလာေၾကာင္း၊ အရစ္က်ေငြမသြင္း ႏိုင္တာေၾကာင့္ တရားစြဲဆိုလုပ္ကိုင္တဲ့အခါလည္း အမႈ တစ္ခုၿပီးျပတ္ရန္ ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ ၾကာျမင့္ တာေၾကာင့္ ေငြျမဳပ္ေနတဲ့ အေျခအေနမ်ိဳးေတြကို ႀကဳံေနရတယ္လို႔ ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမႉး ဦးမ်ိဳးျမင့္က ရွင္းျပပါတယ္။

“အခုအေျခအေနေတြက ေဘးၾကပ္နံၾကပ္ျဖစ္ေနတာ၊ ဘဏ္ေတြကလည္း မယုံေတာ့ ထုတ္မေခ်းေတာ့ ဘူး၊ တစ္ခ်ိဳ႕ဝယ္မယ့္သူကလည္း ေဈးခ်ေပးမယ္လို႔ အစိုးရကေျပာထားေတာ့ ေဈးက်မယ္ဆိုၿပီး မဝယ္တာလည္း ပါတယ္၊ အစိုးရက တာဝန္ယူေရာင္းေပးလို႔ အဆင္မေျပရင္ ဘယ္လိုလုပ္မလဲ ဆို  တာေတြ၊ ေငြဆက္ၿပီး မသြင္းလို႔ တရားစြဲတာေတြဆိုရင္ တရားစြဲတာက ေနာက္မွထားဦး၊ အမႈ တစ္ခု ၿပီးဖို႔ အခ်ိန္က ႏွစ္နဲ႔ခ်ီၿပီးေတာ့ ေစာင့္ရေတာ့ ေငြေပၚဖု႔ိဆိုတာ ေဝးေရာ၊ အစိုးရကေန အရင္းအတိုင္း ေရာင္းေပးတဲ့ တိုက္ခန္းေတြ ေတာင္မွ ေငြဆက္မသြင္းႏိုင္တဲ့သူေတြ ၇ ရာခိုင္ႏႈန္းေလာက္ ရွိတယ္ေလ”လို႔လည္း သူက ဆက္လက္ေျပာပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ ၆