အမုန်းစကားလုပ်တာ လူမျိုးရေး၊ဘာသာရေးပဋိပက္ခဖြစ်အောင်လုပ်တာကို လူ့အခွင့်အရေးနဲ့ ကာကွယ်လို့မရဟု မုံရွာဦးအောင်ရှင် ပြော

အမုန်းစကားလုပ်တာ လူမျိုးရေး၊ဘာသာရေးပဋိပက္ခဖြစ်အောင်လုပ်တာကို လူ့အခွင့်အရေးနဲ့ ကာကွယ်လို့မရဟု မုံရွာဦးအောင်ရှင် ပြော

အမုန်းစကားလုပ်တာ လူမျိုးရေး၊ဘာသာရေးပဋိပက္ခဖြစ်အောင်လုပ်တာဖန်တီးတာသည် လူ့အခွင့်အရေးနှင့်မဆိုင်သလို ဒါကိုလည်း လူ့အခွင့်အရေး အကြောင်းပြပြီးကာကွယ်လို့မရဘူးလို့ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်၊ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင် ကသုံးသပ်ပြောကြားလိုက်ပါတယ်။

လတ်တလောမှာလူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေဖြစ်ပွားအောင်ဖန်တီးသွေးထိုးလှုံ့ဆော်မှုေ တွရှိလာနေသည့်အပေါ် မုံရွာဦးအောင်ရှင်ရဲ့ သဘောထားအမြင်ကို Opinion Leaders Media ကမေးမြန်းခဲ့ရာမှာ ၎င်းကအထက်ပါအတိုင်းပြန်လည်ဖြေကြားပေးခဲ့တာပါ။
“ဒီကိစ္စကနည်းနည်းလေးတော့အသံထွက်လာတာပေါေ့လ။အသံထွက်လာတာကဘယ်လောက်အထိဖြစ်လာလဲဆိုတော့ကျတော်တို့ဘက်ကလည်း သမ္မတကြီးကသူပြောတဲ့မိန့်ခွန်းထဲမှာပါတယ်လေ။အမုန်းစကား ပြောတဲ့ကိစ္စတွေကိုမလုပ်ဆောင်ကြဖို့ ပါတယ်။ ထို့အတူ တလောကပဲ သတိထားမိလားမသိဘူး၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောခဲ့တာရှိတယ်။

ပြောတာချင်း၊အဓိပ္ပါယ်အယူအဆချင်းတော့ကျနော်မသိဘူးပေါေ့နာ်။သေချာတာကတော့ဒီဟာတွေကမလိုလားအပ်ဘူးဆိုတာကသေချာပါတယ်။နောက်အမုန်းစကားလုပ်တာတွေဘာသာရေးလူမျိုးရေးအကြောင်းပြပြီးဆူ ပူအောင်ပေါ့လေ ဒါမျိုးလုပ်တာပေါ့ကျနေ်ာလည်း မကြိုက်ပါဘူး၊ ဘယ်သူမှလည်းကြိုက်မှာမဟုတ်ပါဘူး။ နောက်ဒီဟာကိုဘယ်လိုတားဆီးမလဲဆိုတာကတော့ ဒီဟာကတော့တော်တော်လေး သိမ်မွေ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိဗျာ ဦးဝီရသူကိုလည်း ဘာမှမလုပ်နိုင်ဘူးဘာကြောင့်လဲတော့မသိဘူးလိုင်းပေါ်မှာ ရောအပြင်မှာရောလျှောက်ပြောနေတာ လျှောက်ရေးနေတာပါပဲ။ဒါပေမယ့် အခုထိ ထိထိရောက်ရောက်မလုပ်နိုင်ဘူး ဒါစဉ်းစားစရာတော့ကောင်းတယ်။”လို့ မုံရွာဦးအောင်ရှင် ကပြောကြားခဲ့တာပါ။

ဒါ့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးနီးလာပါက အမုန်းစကားလုပ်ဆောင်တာတွေ လူမျိုးရေး၊ဘာသာရေးတွေဖြစ်အောင်ေ သွးထိုး၊ လှုံ့ဆော်တာတွေရှိလာနိုင်သည့်အတွက် ဒါကိုလည်းကြိုတင်ပြီးတော့ သတိထားကာကွယ်ရမှာဖြစ်တယ်လို့ ၎င်းကဆက်လက်ပြောပြခဲ့ပါတယ်။“ဒါတွေဟာဘယ်မှာသွားပြီးတော့ ထပ်ပြီး ပြဿနာဖြစ်လဲဆိုရင်ရွေးကောက်ပွဲမှာ ပေါ့လေ။ ရွေးကောက်ပွဲနီးလာရင်တော့ ပိုဆိုးမယ် လို့တော့အောက်မေ့တယ်။နောက်တစ်ချက်က ဒါကိုကြိုတင်ပြီးမထိန်းချုပ်နိုင်ရင်တော့ဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်။

တချို့ကလည်းဘာကိုပြလဲဆိုတော့ဒါကိုလွတ်လပ်စွာပေါ့ဗျာ လူ့အခွင့်အရေးနဲ့ပြတယ်။  တကယ်တမ်းတော့ သူက အမုန်းစကားလုပ်တာ လူမျိုးရေး၊ဘာသာရေးဖြစ်အောင်လုပ်တာဟာ လူ့အခွင့်အရေးနဲ့မဆိုင်ပါဘူး။လူ့အခွင့်အရေးနဲ့ကာကွယ်လို့မရဘူးလို့ကျနော်ထင်ပါ တယ်။ဒါကိုအခုတည်းကစတင်ပြီးကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ဖို့လိုပါတယ်။”လို့ မုံရွာဦးအောင်ရှင် ကပြောကြားခဲ့ပါသေးတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၂၂
ဓာတ်ပုံ - NLD(Page)

(  Zawgyi   )

 အမုန္းစကားလုပ္တာ လူမ်ိဳးေရး၊ဘာသာေရးပဋိပကၡျဖစ္ေအာင္လုပ္တာဖန္တီးတာသည္ လူ႔အခြင့္အေရးႏွင့္မဆိုင္သလို ဒါကိုလည္း လူ႔အခြင့္အေရး အေၾကာင္းျပၿပီးကာကြယ္လို႔မရဘူးလို႔ အမ်ိဳးသားဒီမိုကေရစိအဖြဲ႕ခ်ဳပ္၊ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ ကသုံးသပ္ေျပာၾကားလိုက္ပါတယ္။

လတ္တေလာမွာလူမ်ိဳးေရး၊ဘာသာေရးပဋိပကၡေတြျဖစ္ပြားေအာင္ဖန္တီးေသြးထိုးလႈံ႕ေဆာ္မႈေ တြရွိလာေနသည့္အေပၚ မုံ႐ြာဦးေအာင္ရွင္ရဲ႕ သေဘာထားအျမင္ကို Opinion Leaders Media ကေမးျမန္းခဲ့ရာမွာ ၎ကအထက္ပါအတိုင္းျပန္လည္ေျဖၾကားေပးခဲ့တာပါ။
“ဒီကိစၥကနည္းနည္းေလးေတာ့အသံထြက္လာတာေပါေ့လ။အသံထြက္လာတာကဘယ္ေလာက္အထိျဖစ္လာလဲဆိုေတာ့က်ေတာ္တို႔ဘက္ကလည္း သမၼတႀကီးကသူေျပာတဲ့မိန႔္ခြန္းထဲမွာပါတယ္ေလ။အမုန္းစကား ေျပာတဲ့ကိစၥေတြကိုမလုပ္ေဆာင္ၾကဖို႔ ပါတယ္။ ထို႔အတူ တေလာကပဲ သတိထားမိလားမသိဘူး၊ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေျပာခဲ့တာရွိတယ္။

ေျပာတာခ်င္း၊အဓိပၸါယ္အယူအဆခ်င္းေတာ့က်ေနာ္မသိဘူးေပါေ့နာ္။ေသခ်ာတာကေတာ့ဒီဟာေတြကမလိုလားအပ္ဘူးဆိုတာကေသခ်ာပါတယ္။ေနာက္အမုန္းစကားလုပ္တာေတြဘာသာေရးလူမ်ိဳးေရးအေၾကာင္းျပၿပီးဆူ ပူေအာင္ေပါ့ေလ ဒါမ်ိဳးလုပ္တာေပါ့က်ေန္ာလည္း မႀကိဳက္ပါဘူး၊ ဘယ္သူမွလည္းႀကိဳက္မွာမဟုတ္ပါဘူး။ ေနာက္ဒီဟာကိုဘယ္လိုတားဆီးမလဲဆိုတာကေတာ့ ဒီဟာကေတာ့ေတာ္ေတာ္ေလး သိမ္ေမြ႕ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုလက္ရွိဗ်ာ ဦးဝီရသူကိုလည္း ဘာမွမလုပ္ႏိုင္ဘူးဘာေၾကာင့္လဲေတာ့မသိဘူးလိုင္းေပၚမွာ ေရာအျပင္မွာေရာေလွ်ာက္ေျပာေနတာ ေလွ်ာက္ေရးေနတာပါပဲ။ဒါေပမယ့္ အခုထိ ထိထိေရာက္ေရာက္မလုပ္ႏိုင္ဘူး ဒါစဥ္းစားစရာေတာ့ေကာင္းတယ္။”လို႔ မုံ႐ြာဦးေအာင္ရွင္ ကေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႀကီးနီးလာပါက အမုန္းစကားလုပ္ေဆာင္တာေတြ လူမ်ိဳးေရး၊ဘာသာေရးေတြျဖစ္ေအာင္ေ သြးထိုး၊ လႈံ႕ေဆာ္တာေတြရွိလာႏိုင္သည့္အတြက္ ဒါကိုလည္းႀကိဳတင္ၿပီးေတာ့ သတိထားကာကြယ္ရမွာျဖစ္တယ္လို႔ ၎ကဆက္လက္ေျပာျပခဲ့ပါတယ္။“ဒါေတြဟာဘယ္မွာသြားၿပီးေတာ့ ထပ္ၿပီး ျပႆနာျဖစ္လဲဆိုရင္ေ႐ြးေကာက္ပြဲမွာ ေပါ့ေလ။ ေ႐ြးေကာက္ပြဲနီးလာရင္ေတာ့ ပိုဆိုးမယ္ လို႔ေတာ့ေအာက္ေမ့တယ္။ေနာက္တစ္ခ်က္က ဒါကိုႀကိဳတင္ၿပီးမထိန္းခ်ဳပ္ႏိုင္ရင္ေတာ့ျဖစ္လာလိမ့္မယ္လို႔ထင္ပါတယ္။

တခ်ိဳ႕ကလည္းဘာကိုျပလဲဆိုေတာ့ဒါကိုလြတ္လပ္စြာေပါ့ဗ်ာ လူ႔အခြင့္အေရးနဲ႔ျပတယ္။  တကယ္တမ္းေတာ့ သူက အမုန္းစကားလုပ္တာ လူမ်ိဳးေရး၊ဘာသာေရးျဖစ္ေအာင္လုပ္တာဟာ လူ႔အခြင့္အေရးနဲ႔မဆိုင္ပါဘူး။လူ႔အခြင့္အေရးနဲ႔ကာကြယ္လို႔မရဘူးလို႔က်ေနာ္ထင္ပါ တယ္။ဒါကိုအခုတည္းကစတင္ၿပီးႀကိဳတင္ကာကြယ္မႈေတြလုပ္ေဆာင္ဖို႔လိုပါတယ္။”လို႔ မုံ႐ြာဦးေအာင္ရွင္ ကေျပာၾကားခဲ့ပါေသးတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၂၂
ဓာတ္ပုံ - NLD(Page)