အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှုမှ သေနတ်သမားအား တရားရုံးကသေဒဏ်ချမှတ်

အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှုမှ သေနတ်သမားအား တရားရုံးကသေဒဏ်ချမှတ်

မန္တလေးမြို့မှာ ယမန်နှစ်ကဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတစ်ဦးသေဆုံး ခဲ့ရတဲ့ သေနတ်ပစ်ခတ်မှုမှ သေနတ်သမားကို မန္တလေးခရိုင်တရားရုံးက ဒီနေ့မွန်းလွဲပိုင်းက သေဒဏ်ချမှတ်လိုက်ပါတယ်။

"၃၀၂-၁(ဂ) နဲ့ သေဒဏ်ချလိုက်ပါတယ်၊ နောက်တစ်ခုက ၃၉၇/၃၉၂ နဲ့က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်ပါ၊ ပြည်ထောင်စုတရား လွှတ်တော် မှာအယူခံဝင်ခွင့်ပေးပါတယ်" လို့ သေနတ်သမားရဲ့အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေကြီးဦးခင်မောင်မြင့်က တရားရုံးရဲ့အမိန့်ချမှု အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံပြောပါတယ်။

မန္တလေးမြို့မှာ ယမန်နှစ် သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှုမှ သေနတ်သမားကို တရားရုံးမှာ ၁၀ လကြာစစ်ဆေးမှုအပြီးမှာပဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်အပြင် သေဒဏ်ပါချမှတ်လိုက်တာပါ။၎င်းကို ယမန်နှစ်သြဂုတ်လ ၂၇ ရက်ကရမန်ယူစတင်စစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။

 မန္တလေး ချမါးမြသာစည်မြို့နယ် ၅၅ လမ်း နှင်းဆီလမ်းနဲ့ ရွာလယ်လမ်းကြားမှာ ယမန်နှစ်သြဂုတ်လ ၁၃ ရက် မွန်းလွဲ ၁၁ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်စီး ဇနီးမောင်နှံကို ဆိုင်ကယ်စီး သေနတ်သမားက လမ်းမပေါ် တားဆီးကာ သေနတ်နဲ့ ၂ ချက် ပစ်ခဲ့တာမှာ အမျိုးသမီးဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသားမှာ ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံတက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။

သေနတ်သမားဟာ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ ပန်းရံသမား မောင်မျိုး(ခ)ခွန်ကောလား ဖြစ်ပြီး ၎င်းကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးတာကြောင့် စပိန်နိုင်ငံလုပ် ပွိုင့် 32 ပစ္စတိုတစ်လက်၊ ပွိုင့် 32 ကျည် နဲ့ 9mm ကျည် ၂၂ တောင့်၊ ကျည်ထိပ်ဖူးတစ်ခု၊ ကျည်အိတ်နှစ်ခုတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့လည်း ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်မှုအရသိရပါတယ်။

သေနတ်သမားကို အောင်ပင်လယ်နယ်မြေစခန်းက (ပ) ၅၈၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄၊ (ပ) ၅၈၁/၂၀၁၈၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ) တို့နဲ့ အမှုဖွင့် အရေးယူခဲ့တာဖြစ်ပြီး လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ)အရလည်း ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့ပါသေးတယ်။

KT
မန္တလေး၊ ဇွန် ၂၇

(  Zawgyi  )

 မႏၲေလးၿမိဳ႕မွာ ယမန္ႏွစ္ကျဖစ္ပြားခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးေသဆုံး ခဲ့ရတဲ့ ေသနတ္ပစ္ခတ္မႈမွ ေသနတ္သမားကို မႏၲေလးခ႐ိုင္တရား႐ုံးက ဒီေန႔မြန္းလြဲပိုင္းက ေသဒဏ္ခ်မွတ္လိုက္ပါတယ္။

"၃၀၂-၁(ဂ) နဲ႔ ေသဒဏ္ခ်လိုက္ပါတယ္၊ ေနာက္တစ္ခုက ၃၉၇/၃၉၂ နဲ႔က အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၁၀ ႏွစ္ပါ၊ ျပည္ေထာင္စုတရား လႊတ္ေတာ္ မွာအယူခံဝင္ခြင့္ေပးပါတယ္" လို႔ ေသနတ္သမားရဲ႕အက်ိဳးေဆာင္ေရွ႕ေန တရားလႊတ္ေတာ္ေရွ႕ေနႀကီးဦးခင္ေမာင္ျမင့္က တရား႐ုံးရဲ႕အမိန႔္ခ်မႈ အၿပီး သတင္းေထာက္ေတြနဲ႔ေတြ႕ဆုံေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာ ယမန္ႏွစ္ ၾသဂုတ္လ ၁၃ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ရတဲ့ ေသနတ္ပစ္ခတ္မႈမွ ေသနတ္သမားကို တရား႐ုံးမွာ ၁၀ လၾကာစစ္ေဆးမႈအၿပီးမွာပဲ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၁၀ ႏွစ္အျပင္ ေသဒဏ္ပါခ်မွတ္လိုက္တာပါ။၎ကို ယမန္ႏွစ္ၾသဂုတ္လ ၂၇ ရက္ကရမန္ယူစတင္စစ္ေဆးခဲ့တာပဲျဖစ္ပါတယ္။

 မႏၲေလး ခ်မါးျမသာစည္ၿမိဳ႕နယ္ ၅၅ လမ္း ႏွင္းဆီလမ္းနဲ႔ ႐ြာလယ္လမ္းၾကားမွာ ယမန္ႏွစ္ၾသဂုတ္လ ၁၃ ရက္ မြန္းလြဲ ၁၁ နာရီခြဲအခ်ိန္ခန႔္က ဆိုင္ကယ္စီး ဇနီးေမာင္ႏွံကို ဆိုင္ကယ္စီး ေသနတ္သမားက လမ္းမေပၚ တားဆီးကာ ေသနတ္နဲ႔ ၂ ခ်က္ ပစ္ခဲ့တာမွာ အမ်ိဳးသမီးျဖစ္သူ ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး အမ်ိဳးသားမွာ ျပင္းထန္ဒဏ္ရာေတြနဲ႔ ေဆး႐ုံတက္ ေဆးကုသမႈ ခံယူခဲ့ရပါတယ္။

ေသနတ္သမားဟာ ပုသိမ္ႀကီးၿမိဳ႕နယ္၊ အုန္းေခ်ာေက်း႐ြာေန ပန္းရံသမား ေမာင္မ်ိဳး(ခ)ခြန္ေကာလား ျဖစ္ၿပီး ၎ကို ရပ္ကြက္ေနျပည္သူေတြက ဝိုင္းဝန္းဖမ္းဆီးတာေၾကာင့္ စပိန္ႏိုင္ငံလုပ္ ပြိဳင့္ 32 ပစၥတိုတစ္လက္၊ ပြိဳင့္ 32 က်ည္ နဲ႔ 9mm က်ည္ ၂၂ ေတာင့္၊ က်ည္ထိပ္ဖူးတစ္ခု၊ က်ည္အိတ္ႏွစ္ခုတို႔နဲ႔အတူ ဖမ္းဆီးရမိခဲ့တာလို႔လည္း ရဲတပ္ဖြဲ႕ရဲ႕ သတင္းထုတ္ျပန္မႈအရသိရပါတယ္။

ေသနတ္သမားကို ေအာင္ပင္လယ္နယ္ေျမစခန္းက (ပ) ၅၈၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၉၄၊ (ပ) ၅၈၁/၂၀၁၈၊ လက္နက္မ်ား အက္ဥပေဒပုဒ္မ ၁၉ (စ) တို႔နဲ႔ အမႈဖြင့္ အေရးယူခဲ့တာျဖစ္ၿပီး လက္နက္မ်ားအက္ဥပေဒပုဒ္မ ၁၉ (စ)အရလည္း ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ ခဲ့ပါေသးတယ္။

KT
မႏၲေလး၊ ဇြန္ ၂၇