အမျိုးသမီးများနည်းပညာဆိုင်ရာလေ့လာနိုင်မှု အခွင့်အလမ်း တိုးရန် စီမံနေဟုဆို

အမျိုးသမီးများနည်းပညာဆိုင်ရာလေ့လာနိုင်မှု အခွင့်အလမ်း တိုးရန် စီမံနေဟုဆို

နည်းပညာဆိုင်ရာကဏ္ဍတွေမှာ အမျိုးသမီးတွေအနေနဲ့ လေ့လာနိုင်မှုအခွင့်အလမ်းတွေ တိုးပွားစေဖို့အတွက် လိုအပ်သော စီမံဆောင်ရွက်မှုတွေကို လုပ်ဆောင်နေတယ်လို့ မြန်မာစာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်း စောင့်ရှောက်မှု ပရဟိတအဖွဲ့ (MBAPF) မှ ဒါရိုက်တာဖြစ်သူ ဒေါက်တာသန့်သော်ကောင်းက ပြောပါတယ်။

“အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင် လေ့လာနိုင်မှုတွေ အားနည်းနေသေးတယ်၊ အဲ့ဒီလို လေ့လာနိုင်မှု အားကောင်းဖို့ဆိုတာ သူတို့လေ့လာနိုင်မယ့် အခွင့်အရေးတွေလည်း ရှိဖို့လိုအပ်ပါတယ်၊ ဒါကြောင့်လည်း ခေတ်မီစာကြည့်တိုက်တွေအဖြစ် ဖွဲ့စည်းပြီး နည်းပညာဆိုင်ရာလေ့လာမှုအခွင့်အလမ်းတွေအတွက် ကြိုးပမ်း ဖော်ဆောင်နေတာ ဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

လတ်တလောမှာတော့ ရှေးဦးစွာ အသက် ၁၆ နှစ်ကနေ ၂၀ နှစ်ထဲ ရှိတဲ့ မိန်းကလေးတွေအတွက် စာကြည့်တိုက်တွေမှာ ကွန်ပျူတာ သင်တန်းဖွင့်ပေးတာတွေ၊ ခေါင်းဆောင်မှု စွမ်းရည်မြင့်မားစေဖို့ သင်တန်းတွေဖွင့်လှစ်ပေးတာတွေ၊ အွန်လိုင်းကို ငွေကုန်ကြေးကျ သက်သာစွာဖြင့် လွယ်လင့်တကူအသုံးပြုနိုင်အောင် Wifi Free ထားပေးတာတွေ နည်းပညာဆိုင်ရာ စာအုပ်စာပေများကို ပိုမိုထားရှိပေးတာတွေ အပါအဝင် နည်းပညာအခက်အခဲတွေအတွက် ဆွေးနွေးပေးတာ တွေကိုလည်း လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးက စာကြည့်တိုက်ပေါင်း ၁၅၀ လောက်မှာ အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ စီစဉ်ထားကြတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၁၃

(  Zawgyi   )

 နည္းပညာဆိုင္ရာက႑ေတြမွာ အမ်ိဳးသမီးေတြအေနနဲ႔ ေလ့လာႏိုင္မႈအခြင့္အလမ္းေတြ တိုးပြားေစဖို႔အတြက္ လိုအပ္ေသာ စီမံေဆာင္႐ြက္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ ျမန္မာစာေပ ပံ့ပိုးကူညီမႈႏွင့္ ထိန္းသိမ္း ေစာင့္ေရွာက္မႈ ပရဟိတအဖြဲ႕ (MBAPF) မွ ဒါ႐ိုက္တာျဖစ္သူ ေဒါက္တာသန႔္ေသာ္ေကာင္းက ေျပာပါတယ္။

“အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြနဲ႔ယွဥ္ရင္ ေလ့လာႏိုင္မႈေတြ အားနည္းေနေသးတယ္၊ အဲ့ဒီလို ေလ့လာႏိုင္မႈ အားေကာင္းဖို႔ဆိုတာ သူတို႔ေလ့လာႏိုင္မယ့္ အခြင့္အေရးေတြလည္း ရွိဖို႔လိုအပ္ပါတယ္၊ ဒါေၾကာင့္လည္း ေခတ္မီစာၾကည့္တိုက္ေတြအျဖစ္ ဖြဲ႕စည္းၿပီး နည္းပညာဆိုင္ရာေလ့လာမႈအခြင့္အလမ္းေတြအတြက္ ႀကိဳးပမ္း ေဖာ္ေဆာင္ေနတာ ျဖစ္ပါတယ္”လို႔ သူက ရွင္းျပပါတယ္။

လတ္တေလာမွာေတာ့ ေရွးဦးစြာ အသက္ ၁၆ ႏွစ္ကေန ၂၀ ႏွစ္ထဲ ရွိတဲ့ မိန္းကေလးေတြအတြက္ စာၾကည့္တိုက္ေတြမွာ ကြန္ပ်ဴတာ သင္တန္းဖြင့္ေပးတာေတြ၊ ေခါင္းေဆာင္မႈ စြမ္းရည္ျမင့္မားေစဖို႔ သင္တန္းေတြဖြင့္လွစ္ေပးတာေတြ၊ အြန္လိုင္းကို ေငြကုန္ေၾကးက် သက္သာစြာျဖင့္ လြယ္လင့္တကူအသုံးျပဳႏိုင္ေအာင္ Wifi Free ထားေပးတာေတြ နည္းပညာဆိုင္ရာ စာအုပ္စာေပမ်ားကို ပိုမိုထားရွိေပးတာေတြ အပါအဝင္ နည္းပညာအခက္အခဲေတြအတြက္ ေဆြးေႏြးေပးတာ ေတြကိုလည္း လက္ရွိမွာ ျမန္မာႏိုင္ငံတစ္ဝန္းလုံးက စာၾကည့္တိုက္ေပါင္း ၁၅၀ ေလာက္မွာ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္သြားဖို႔ စီစဥ္ထားၾကတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၁၃