အမြန်လမ်းတွင်တမနက်တည်းယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားအမျိုးသမီးတစ်ဦးသေဆုံးပြီး ခရီးသည် ၁၉ ဦးရှိထိခိုက်ဒဏ်ရာရရှိ

အမြန်လမ်းတွင်တမနက်တည်းယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားအမျိုးသမီးတစ်ဦးသေဆုံးပြီး ခရီးသည် ၁၉ ဦးရှိထိခိုက်ဒဏ်ရာရရှိ

အမြန်လမ်းမကြီးတွင် ဒီကနေ့ဧပြီ(၁၀)ရက်၊ နံနက်တွင် ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ခရီးသည် ၁၉ ဦးရှိထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

ဖြစ်စဉ်မှာဒီကနေ့ဧပြီ(၁၀)ရက်၊နံနက်(၃)နာရီ(၄၅)မိနစ်အချိန်ခန့်က နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၁၀၀/၂ တွင် မန္တလေးမှမော်လမြိုင်သို့ ယာဉ်မောင်းအောင်သူဦး(၂၈)နှစ် သပြေရပ်ကွက်နောင်ချိုမြို့နေသူ မောင်းနှင်လာသည့် MDY RLG/5---- Alphard အဖြူရောင်ယာဉ်သည် အရှိန်လွန်၍လိမ့်ကာ လမ်းလယ်ကျွန်းတွင်ရပ်တန့်ခဲ့တာဖြစ်ပါတယ်။ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်းနှင့်သံဃာ(၁)ပါး အပါအဝင် ကျား (၂)ဦး၊မ(၇)ဦး စုစုပေါင်း(၉)ဦးလိုက်ပါလာခဲ့သည့်အနက် မ(၁)ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်းသူကျား(၁)ဦးနှင့် မ(၆)ဦး စုစုပေါင်း(၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

အလားတူ ယနေ့နံနက်(၄)နာရီ(၅၅)မိနစ်အချိန်ကလည်း မန္တလေး-နေပြည်တော် လမ်းမိုင်တိုင်အမှတ် ၂၆၈/၁ အနီးတွင် ယာဉ်မောင်း သိန်းမြင့်အောင်(၃၇)နှစ်၊ပခုက္ကူမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 2N-3I/---- စိန်းနုရောင်(အလင်းတန်းခရီးသည်တင်)ပခုက္ကူမှ-ကျိုက်ထီးရိုးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားတွင် ကာရံထားသော ဘာရီယာတုံးများအား ဝင်ရောက်တိုက်မိကာ တံတားအောက်ချောင်းရိုး အတွင်း ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ယင်းဖြစ်စဉ်ကြောင့်ယာဉ်ပေါ်တွင်ယာဉ်မောင်းပါ ကျား/မ စုစုပေါင်း ၂၂ ဦးအနက် ၁၂ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။အဆိုပါဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို အမြန်လမ်းကြီးရဲတပ်ဖွဲ့ ပေပင်လေးစခန်းနှင့်ဖြူးစခန်းတပ်ဖွဲ့ဝင်များက လိုအပ်သည့်ကူညီဆောင်ရွက်မှုများ ကိုပြုလုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း 
ရန်ကုန်၊ဧပြီ ၁၀
ဓါတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး။

(  Zawgyi  )

 အျမန္လမ္းမႀကီးတြင္ ဒီကေန႔ဧၿပီ(၁၀)ရက္၊ နံနက္တြင္ ယာဥ္တိုက္မႈႏွစ္ႀကိမ္ျဖစ္ပြားခဲ့ ေသာေၾကာင့္ အမ်ိဳးသမီးတစ္ဦးေသဆုံးၿပီး ခရီးသည္ ၁၉ ဦးရွိထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ သိရပါတယ္။

ျဖစ္စဥ္မွာဒီကေန႔ဧၿပီ(၁၀)ရက္၊နံနက္(၃)နာရီ(၄၅)မိနစ္အခ်ိန္ခန႔္က ေနျပည္ေတာ္-ရန္ကုန္လမ္း မိုင္တိုင္ ၁၀၀/၂ တြင္ မႏၲေလးမွေမာ္လၿမိဳင္သို႔ ယာဥ္ေမာင္းေအာင္သူဦး(၂၈)ႏွစ္ သေျပရပ္ကြက္ေနာင္ခ်ိဳၿမိဳ႕ေနသူ ေမာင္းႏွင္လာသည့္ MDY RLG/5---- Alphard အျဖဴေရာင္ယာဥ္သည္ အရွိန္လြန္၍လိမ့္ကာ လမ္းလယ္ကြၽန္းတြင္ရပ္တန႔္ခဲ့တာျဖစ္ပါတယ္။ယင္းျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚတြင္ယာဥ္ေမာင္းႏွင့္သံဃာ(၁)ပါး အပါအဝင္ က်ား (၂)ဦး၊မ(၇)ဦး စုစုေပါင္း(၉)ဦးလိုက္ပါလာခဲ့သည့္အနက္ မ(၁)ဦးေသဆုံးခဲ့ၿပီး ယာဥ္ေမာင္းသူက်ား(၁)ဦးႏွင့္ မ(၆)ဦး စုစုေပါင္း(၇)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တာပါ။

အလားတူ ယေန႔နံနက္(၄)နာရီ(၅၅)မိနစ္အခ်ိန္ကလည္း မႏၲေလး-ေနျပည္ေတာ္ လမ္းမိုင္တိုင္အမွတ္ ၂၆၈/၁ အနီးတြင္ ယာဥ္ေမာင္း သိန္းျမင့္ေအာင္(၃၇)ႏွစ္၊ပခုကၠဴၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာသည့္ ယာဥ္အမွတ္ 2N-3I/---- စိန္းႏုေရာင္(အလင္းတန္းခရီးသည္တင္)ပခုကၠဴမွ-က်ိဳက္ထီး႐ိုးယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ တံတားတြင္ ကာရံထားေသာ ဘာရီယာတုံးမ်ားအား ဝင္ေရာက္တိုက္မိကာ တံတားေအာက္ေခ်ာင္း႐ိုး အတြင္း ျပဳတ္က်ခဲ့တာျဖစ္ပါတယ္။ယင္းျဖစ္စဥ္ေၾကာင့္ယာဥ္ေပၚတြင္ယာဥ္ေမာင္းပါ က်ား/မ စုစုေပါင္း ၂၂ ဦးအနက္ ၁၂ ဦးခန႔္ထိခိုက္ဒဏ္ရာရရွိခဲ့တာပါ။အဆိုပါျဖစ္စဥ္မ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို အျမန္လမ္းႀကီးရဲတပ္ဖြဲ႕ ေပပင္ေလးစခန္းႏွင့္ျဖဴးစခန္းတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ကူညီေဆာင္႐ြက္မႈမ်ား ကိုျပဳလုပ္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဧၿပီ ၁၀
ဓါတ္ပုံ - အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မႉး႐ုံး။