အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းတွင်းကို အရှိန်လွန်တိုက်ကာ တိမ်းမှောက်

အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းတွင်းကို အရှိန်လွန်တိုက်ကာ တိမ်းမှောက်

နေပြည်တော်- ရန်ကုန်လမ်း၊ မိုင်တိုင်အမှတ်- ၁၅၇/၆- ၁၅၇/၇ ကြားမှာ Crown ခဲရောင်ယာဉ်တစ်စီးဟာ လမ်းလယ်ကျွန်းတွင်းကို အရှိန်လွန် ဝင်တိုက်ပြီး ပက်လက်လန်တဲ့အနေအထားနဲ့ တိမ်းမှောက်နေတာကို ဒီကနေ့ သြဂုတ်လ ၃၁ ရက်၊ မနက် ၇ နာရီခွဲအချိန်လောက်မှာ တွေ့ရှိခဲ့ တယ်လို့ သွားရောက်ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုကို သွားရောက်စစ်ဆေးတဲ့အခါ ယာဉ်ထဲမှာ လူတစ်ဦးမှ မတွေ့ရကြောင်း၊ စုံစမ်းမှုအရ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ယာဉ်ပေါ်ပါလာတဲ့ ယာဉ်မောင်း တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ကလေး နှစ်ဦးတို့ဟာ နေပြည်တော်ဘက်ကို ယာဉ်တစ်စီးတားပြီး လိုက်ပါသွား တယ်လို့ သိရပါတယ်။

ကနဦးစစ်ဆေးချက်အရ တိမ်းမှောက်ခဲ့တဲ့ ယာဉ်အား တရားမဝင်ယာဉ်ဖြစ်ကြောင်းသိရပြီး လက်ရှိမှာတော့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ဇီးပင်သာစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထောက်အကူပြုအဖွဲ့တွေက လမ်းရှင်းလင်းရေး ကို ဆောင်ရွက်ပေးနေပါတယ်။ အခုလို တရားမဝင် ယာဉ်တွေကို အသုံးပြုပြီး သွားလာနေတဲ့ ခရီးသည်တွေအပေါ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူး ရုံးက“ခရီးသွားပြည်သူတွေအနေနဲ့ တရားဥပဒေကို လေးစားလိုက်နာခြင်းဖြင့် ယဉ်ကျေးတဲ့၊ စည်းကမ်းရှိတဲ့၊ တာဝန်ယူမှုရှိတဲ့၊ နိုင်ငံကြီးသားစိတ်ဓာတ်များ ဖြစ်ထွန်းကြစေရန် တိုက်တွန်းကြောင်း” အသိပေး ထုတ်ပြန်ထား ပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၃၁
ဓာတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ့

(  Zawgyi  )

 ေနျပည္ေတာ္- ရန္ကုန္လမ္း၊ မိုင္တိုင္အမွတ္- ၁၅၇/၆- ၁၅၇/၇ ၾကားမွာ Crown ခဲေရာင္ယာဥ္တစ္စီးဟာ လမ္းလယ္ကြၽန္းတြင္းကို အရွိန္လြန္ ဝင္တိုက္ၿပီး ပက္လက္လန္တဲ့အေနအထားနဲ႔ တိမ္းေမွာက္ေနတာကို ဒီကေန႔ ၾသဂုတ္လ ၃၁ ရက္၊ မနက္ ၇ နာရီခြဲအခ်ိန္ေလာက္မွာ ေတြ႕ရွိခဲ့ တယ္လို႔ သြားေရာက္ရွင္းလင္းမႈေတြ လုပ္ေဆာင္ခဲ့တဲ့ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မႉး႐ုံးက သိရပါတယ္။

ရဲတပ္ဖြဲ႕က ယာဥ္တိုက္မႈကို သြားေရာက္စစ္ေဆးတဲ့အခါ ယာဥ္ထဲမွာ လူတစ္ဦးမွ မေတြ႕ရေၾကာင္း၊ စုံစမ္းမႈအရ ယာဥ္တိုက္မႈျဖစ္ၿပီးေနာက္ ယာဥ္ေပၚပါလာတဲ့ ယာဥ္ေမာင္း တစ္ဦး၊ အမ်ိဳးသမီးတစ္ဦးနဲ႔ ကေလး ႏွစ္ဦးတို႔ဟာ ေနျပည္ေတာ္ဘက္ကို ယာဥ္တစ္စီးတားၿပီး လိုက္ပါသြား တယ္လို႔ သိရပါတယ္။

ကနဦးစစ္ေဆးခ်က္အရ တိမ္းေမွာက္ခဲ့တဲ့ ယာဥ္အား တရားမဝင္ယာဥ္ျဖစ္ေၾကာင္းသိရၿပီး လက္ရွိမွာေတာ့ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕၊ ဇီးပင္သာစခန္းမွ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ အေထာက္အကူျပဳအဖြဲ႕ေတြက လမ္းရွင္းလင္းေရး ကို ေဆာင္႐ြက္ေပးေနပါတယ္။ အခုလို တရားမဝင္ ယာဥ္ေတြကို အသုံးျပဳၿပီး သြားလာေနတဲ့ ခရီးသည္ေတြအေပၚ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး ႐ုံးက“ခရီးသြားျပည္သူေတြအေနနဲ႔ တရားဥပေဒကို ေလးစားလိုက္နာျခင္းျဖင့္ ယဥ္ေက်းတဲ့၊ စည္းကမ္းရွိတဲ့၊ တာဝန္ယူမႈရွိတဲ့၊ ႏိုင္ငံႀကီးသားစိတ္ဓာတ္မ်ား ျဖစ္ထြန္းၾကေစရန္ တိုက္တြန္းေၾကာင္း” အသိေပး ထုတ္ျပန္ထား ပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၃၁
ဓာတ္ပုံ- အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕