အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

အမြန်လမ်းတွင် ဇွန်လ ၂၇ ရက် နေ့က ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက် ည ၁၁ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၀/၃ - ၁၆၀/၄ အကြားတွင် ပရာဒိုယာဉ်သည် နောက်ဘီးနှစ်ဘီးလုံးပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ နှစ်ပတ်လည် တိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး ၂ ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာမှာ ရရှိခဲ့တဲ့အတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဇီးပင်သာစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယခုဖြစ်စဉ်အပါအဝင် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ၂၀၁၉ ခုနှစ်အတွင်း ၅၂ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇွန် ၂၈

( Zawgyi )

အျမန္လမ္းတြင္ ဇြန္လ ၂၇ ရက္ ေန႔က ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသမီး ၂ ဦး ေသဆုံးခဲ့တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၂၇ ရက္ ည ၁၁ နာရီ ၁၅ မိနစ္ အခ်ိန္ခန႔္တြင္ ရန္ကုန္ - မႏၲေလး အျမန္လမ္း မိုင္တိုင္အမွတ္ ၁၆၀/၃ - ၁၆၀/၄ အၾကားတြင္ ပရာဒိုယာဥ္သည္ ေနာက္ဘီးႏွစ္ဘီးလုံးေပါက္ၿပီး အရွိန္မထိန္းႏိုင္ျဖစ္ကာ ႏွစ္ပတ္လည္ တိမ္းေမွာက္ခဲ့ပါတယ္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသမီး ၂ ဦး အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ၿပီး အမ်ိဳးသမီး ၂ ဦးႏွင့္ အမ်ိဳးသား ၁ ဦးတို႔ ထိခိုက္ဒဏ္ရာမွာ ရရွိခဲ့တဲ့အတြက္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ ဇီးပင္သာစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အေထာက္အကူျပဳအဖြဲ႕မ်ား ကူညီေဆာင္႐ြက္ေပးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ယခုျဖစ္စဥ္အပါအဝင္ အျမန္လမ္းမႀကီးတြင္ ယာဥ္မေတာ္တဆမႈေၾကာင့္ ၂၀၁၉ ခုႏွစ္အတြင္း ၅၂ ဦး ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇြန္ ၂၈