အမြန်လမ်းပေါ်တွင် မသင်္ကာဖွယ်ယာဉ်အား လှည်းကူး သစ်တောဦးစီးဌာနမှ သံဆူးလိပ်ပစ်ချဖမ်းဆီးမှု အမြန်လမ်းမကြီးရဲတပ်ဖွဲသတိပေး

အမြန်လမ်းပေါ်တွင် မသင်္ကာဖွယ်ယာဉ်အား လှည်းကူး သစ်တောဦးစီးဌာနမှ သံဆူးလိပ်ပစ်ချဖမ်းဆီးမှု အမြန်လမ်းမကြီးရဲတပ်ဖွဲသတိပေး

အမြန်လမ်းပေါ်တွင် ဇွန်လ ၁၃ ရက်နေ့က မသင်္ကာဖွယ်ယာဉ်အား လှည်းကူး သစ်တော ဦးစီးဌာနမှ သံဆူးလိပ် ပစ်ချဖမ်းဆီး ခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ အမြန်လမ်းပေါ်တွင် မောင်းနှင်နေသည့် Alphard ယာဉ် အား ဆူးချွန်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း တာဝန်ရှိပြည်သူတစ်ဦး သတင်းပေးပို့မှုအရ အမြန်လမ်းရဲတပ်ဖွဲ့မှ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးတင်ထွဋ်ထံ ဆက်သွယ်မေးမြန်းစုံစမ်းခဲ့ရာ ဇွန်လ(၁၃)ရက်နေ့ နံနက်(၆)နာရီ ခန့်တွင်နေပြည်တော် မှ ရန်ကုန်ဘက်သို့ သစ်များတင်ဆောင်လာသည်ဟု သတင်းရရှိ သောမသင်္ကာဖွယ်ရာ Alphard ယာဉ်တစ်စီးအား တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် နောက်မှလိုက်လံတားဆီးခဲ့ကြောင်း၊ အဆိုပါ Alphard ယာဉ်သည် (၄)မိုင်(၂)ဖာလုံအနီးလမ်းဖြတ် မှ ဖြတ်ကွေ့ပြီး ရန်ကုန်-နေပြည်တော်ဘက် သို့ပြန်လှည့် ပြေးသဖြင့် လမ်းရှိ သစ်တောဝန်ထမ်း ပိတ်ဆို့ရေး အဖွဲ့မှ(၁၅) မိုင် အနီးတွင် ၁ ကြိမ်၊ (၁၈)မိုင်အနီးတွင် ၁ ကြိမ် သံဆူးလိပ်ပစ်ချဖမ်းဆီးခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နောင်တွင် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ သတင်းရရှိပါက ပူပေါင်းဆောင်ရွက် ရန်အတွက် သက်ဆိုင်ရာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့သို့ အသိပေးပါရန်၊မလိုအပ်ဘဲ အမြန်လမ်းမကြီးတွင် ခရီးသွားယာဉ်များအား အန္တရာယ် ဖြစ်ဖွယ် အနှောင့်အယှက် အတားအဆီး များ မပြုလုပ်ရန်၊တာဝန်အရ ပိတ်ဆို့တားဆီး ဖမ်းဆီးရေး ဆောင်ရွက်ပါက သက်ဆိုင်ရာ ဌာန ဝတ်စုံ ဖြင့် တာဝန်ရှိသူ ပါရှိစေရန်ညှိနှိုင်း အသိပေး ထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇွန် ၁၄

( Zawgyi )

 အျမန္လမ္းေပၚတြင္ ဇြန္လ ၁၃ ရက္ေန႔က မသကၤာဖြယ္ယာဥ္အား လွည္းကူး သစ္ေတာ ဦးစီးဌာနမွ သံဆူးလိပ္ ပစ္ခ်ဖမ္းဆီး ခဲ့တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ အျမန္လမ္းေပၚတြင္ ေမာင္းႏွင္ေနသည့္ Alphard ယာဥ္ အား ဆူးခြၽန္ျဖင့္ ပစ္ခတ္မႈ ျဖစ္ပြားေၾကာင္း တာဝန္ရွိျပည္သူတစ္ဦး သတင္းေပးပို႔မႈအရ အျမန္လမ္းရဲတပ္ဖြဲ႕မွ လွည္းကူးၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမႉး ဦးတင္ထြဋ္ထံ ဆက္သြယ္ေမးျမန္းစုံစမ္းခဲ့ရာ ဇြန္လ(၁၃)ရက္ေန႔ နံနက္(၆)နာရီ ခန႔္တြင္ေနျပည္ေတာ္ မွ ရန္ကုန္ဘက္သို႔ သစ္မ်ားတင္ေဆာင္လာသည္ဟု သတင္းရရွိ ေသာမသကၤာဖြယ္ရာ Alphard ယာဥ္တစ္စီးအား တားဆီးစဥ္ ရပ္တန႔္ေပးျခင္းမရွိဘဲ ေမာင္းႏွင္ထြက္ေျပးသျဖင့္ ေနာက္မွလိုက္လံတားဆီးခဲ့ေၾကာင္း၊ အဆိုပါ Alphard ယာဥ္သည္ (၄)မိုင္(၂)ဖာလုံအနီးလမ္းျဖတ္ မွ ျဖတ္ေကြ႕ၿပီး ရန္ကုန္-ေနျပည္ေတာ္ဘက္ သို႔ျပန္လွည့္ ေျပးသျဖင့္ လမ္းရွိ သစ္ေတာဝန္ထမ္း ပိတ္ဆို႔ေရး အဖြဲ႕မွ(၁၅) မိုင္ အနီးတြင္ ၁ ႀကိမ္၊ (၁၈)မိုင္အနီးတြင္ ၁ ႀကိမ္ သံဆူးလိပ္ပစ္ခ်ဖမ္းဆီးခဲ့ေသာ္လည္း ဖမ္းဆီးရမိျခင္းမရွိခဲ့ဘူးလို႔ ဆိုပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေနာင္တြင္ တရားဥပေဒစိုးမိုးေရး ဆိုင္ရာ သတင္းရရွိပါက ပူေပါင္းေဆာင္႐ြက္ ရန္အတြက္ သက္ဆိုင္ရာ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕သို႔ အသိေပးပါရန္၊မလိုအပ္ဘဲ အျမန္လမ္းမႀကီးတြင္ ခရီးသြားယာဥ္မ်ားအား အႏၲရာယ္ ျဖစ္ဖြယ္ အေႏွာင့္အယွက္ အတားအဆီး မ်ား မျပဳလုပ္ရန္၊တာဝန္အရ ပိတ္ဆို႔တားဆီး ဖမ္းဆီးေရး ေဆာင္႐ြက္ပါက သက္ဆိုင္ရာ ဌာန ဝတ္စုံ ျဖင့္ တာဝန္ရွိသူ ပါရွိေစရန္ညႇိႏႈိင္း အသိေပး ထားတယ္လို႔ အျမန္လမ္းရဲတပ္ဖြဲ႕မွသတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇြန္ ၁၄