အမြန်လမ်းမကြီးပေါ် လိုက်ထရပ်ယာဉ်ကို Express ယာဉ်ဝင်တိုက်သဖြင့် လိုက်ထရပ်ပေါ်ပါ လူ ၆ ဦးထိခိုက်ဒဏ်ရာရ

အမြန်လမ်းမကြီးပေါ် လိုက်ထရပ်ယာဉ်ကို Express ယာဉ်ဝင်တိုက်သဖြင့်  လိုက်ထရပ်ပေါ်ပါ လူ ၆ ဦးထိခိုက်ဒဏ်ရာရ

အမြန်လမ်းမကြီးတွင် ခရီးသည်တင် အမြန်ယာဉ်နှင့် လိုက်ထရပ်ယာ တိုက်မိမှု ယနေ့ ဇူလိုင် ၃၁ ရက် နံနက် ၄ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ရာ လူအသေအပျောက်မရှိဘဲ လူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရပါတယ်။

ဖြစ်စဉ်မှာ ယနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်-နေပြည်တော် လမ်း မိုင်တို င်(၁၅၇/ဝ) အနီးတွင် ယာဉ်မောင်း ဦးဝင်းကို မောင်းနှင်လာသည့် 8H/----- လိုက်ထရပ်ယာဉ်မှာ ယာဘက်ယာဉ်ကြောအတိုင်း မောင်းနှင်လာစဉ် နောက်မှပါလာသည့် ယာဉ်မောင်း ကျော်သူ မောင်းနှင်လာသည့် မန္တလာမင်း Express 5Q/--- ယာဉ်က ကျော်တက်ရာ ယာဉ်ကြောမှ ထွက်လာသည့် Light Truck ယာဉ်ကို ခါးလယ်မှ ဖြတ်တိုက်မိခဲ့ပါတယ်။

အဆိုပါယာဉ်တိုက်မှုကြောင့် မန္တလာမင်း ယာဉ်ပေါ်ပါ ခရီးသည် (၄၉) ဦးလုံး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့သော်လည်း လိုက်ထရပ်ယာဉ်ပေါ်ပါ အမျိုးသား (၆) ဦး ထိခိုက်ဒဏ်ရာရခဲ့သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ဇီးပင်သာစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဇူလိုင် - ၃၁
ဓာတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

( Zawgyi )

အျမန္လမ္းမႀကီးတြင္ ခရီးသည္တင္ အျမန္ယာဥ္ႏွင့္ လိုက္ထရပ္ယာ တိုက္မိမႈ ယေန႔ ဇူလိုင္ ၃၁ ရက္ နံနက္ ၄ နာရီအခ်ိန္ခန႔္က ျဖစ္ပြားခဲ့ရာ လူအေသအေပ်ာက္မရွိဘဲ လူ ၆ ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မႉး႐ုံးထံမွ သိရပါတယ္။

ျဖစ္စဥ္မွာ ယေန႔ နံနက္အေစာပိုင္းအခ်ိန္က ရန္ကုန္-ေနျပည္ေတာ္ လမ္း မိုင္တို င္(၁၅၇/ဝ) အနီးတြင္ ယာဥ္ေမာင္း ဦးဝင္းကို ေမာင္းႏွင္လာသည့္ 8H/----- လိုက္ထရပ္ယာဥ္မွာ ယာဘက္ယာဥ္ေၾကာအတိုင္း ေမာင္းႏွင္လာစဥ္ ေနာက္မွပါလာသည့္ ယာဥ္ေမာင္း ေက်ာ္သူ ေမာင္းႏွင္လာသည့္ မႏၲလာမင္း Express 5Q/--- ယာဥ္က ေက်ာ္တက္ရာ ယာဥ္ေၾကာမွ ထြက္လာသည့္ Light Truck ယာဥ္ကို ခါးလယ္မွ ျဖတ္တိုက္မိခဲ့ပါတယ္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ မႏၲလာမင္း ယာဥ္ေပၚပါ ခရီးသည္ (၄၉) ဦးလုံး ထိခိုက္ဒဏ္ရာရမႈ မရွိခဲ့ေသာ္လည္း လိုက္ထရပ္ယာဥ္ေပၚပါ အမ်ိဳးသား (၆) ဦး ထိခိုက္ဒဏ္ရာရခဲ့သျဖင့္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕၊ ဇီးပင္သာစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အေထာက္အကူျပဳ အဖြဲ႕မ်ားမွ လိုအပ္သည္မ်ားကို ကူညီေဆာင္႐ြက္ေပးခဲ့တယ္လို႔ သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဇူလိုင္ - ၃၁
ဓာတ္ပုံ - အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မႉး႐ုံး