အရပ်ထဲ လေသေနတ်ကိုင်ပြီး မူးယစ်ရမ်းကားသူကို ဥသျှစ်ပင်ရဲတပ်ဖွဲ့က ဖမ်းဆီး

အရပ်ထဲ လေသေနတ်ကိုင်ပြီး မူးယစ်ရမ်းကားသူကို ဥသျှစ်ပင်ရဲတပ်ဖွဲ့က ဖမ်းဆီး

အရပ်ထဲလေသေနတ်ကိုင်ကာ မူးယစ်ရမ်းကားသူတစ်ဦးကို  ဇူုလိုင်လ ၂၄ ရက်နေ့က  ဖမ်းဆီးအရေးယူခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး၊ တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 ဖြစ်စဉ်မှာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် သော်ဇင်ထွဋ်နှင့်အဖွဲ့က  ဇူလိုင်လ ၂၄ ရက်က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ်  မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်  လဲကျေးရွာလမ်းမပေါ်မှာ ဝင်းမြင့် (ခ)မောင်ပု (၄၂)နှစ် ဆိုသူ လေသေနတ် ကိုင်ကာ မူးယစ်သောင်းကျန်းနေတယ်လို့ သတင်းရတဲ့ အတွက် သက်သေတွေနဲ့ သွားရောက်စစ်ဆေးခဲ့ရာ လဲကျေးရွာလမ်းမပေါ်တွင် ဝင်းမြင့်(ခ)မောင်ပု အားတွေ့ရှိရပြီး လေသေနတ်ကို မတွေ့ရပါ။

ထိုသို့ မတွေ့သဖြင့်  ၎င်းကိုင်ဆောင်တဲ့ လေသေနတ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ မှာ နေအိမ်မျက်စောင်းထိုးရှိ နေအိမ်ခြံဝန်း အနောက်ဘက်ခြုံထဲတွင် ဝှက်ထားကြောင်း စစ်ဆေးသိရှိရတဲ့အတွက်သွားရောက် ရှာဖွေရာ ဆာလာအိတ်ဖြင့် ထည့်ထားသည့် လေသေနတ် (၁)လက်နှင့် ခဲကျည် (၁)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် လေသေနတ် လက်ဝယ်ထားရှိကိုင်ဆောင်သူ ဝင်းမြင့် (ခ) မောင်ပုအား ဥသျှစ်ပင်နယ်မြေ ရဲစခန်း (ပ)၈၃/၂၀၁၉ ၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် ဖမ်းဆီးအမှုဖွင့် ခဲ့တယ်လို့ သိရှိရပါတယ်။

 မင်းထွန်း(အုတ်ကျင်း)
ပန်းတောင်း၊ ဇူလိုင် ၂၅

(  unicode  )

 အရပ္ထဲေလေသနတ္ကိုင္ကာ မူးယစ္ရမ္းကားသူတစ္ဦးကို  ဇူုလိုင္လ ၂၄ ရက္ေန႔က  ဖမ္းဆီးအေရးယူခဲ့တယ္လို႔ ပဲခူးတိုင္းေဒသႀကီး၊ တိုင္းရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

 ျဖစ္စဥ္မွာ ပန္းေတာင္းၿမိဳ႕နယ္၊ ဥသွ်စ္ပင္နယ္ေျမ ရဲစခန္းမွ ဒုရဲအုပ္ ေသာ္ဇင္ထြဋ္ႏွင့္အဖြဲ႕က  ဇူလိုင္လ ၂၄ ရက္က နယ္ေျမအတြင္း လွည့္ကင္းေဆာင္႐ြက္ေနစဥ္  မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္အခ်ိန္  လဲေက်း႐ြာလမ္းမေပၚမွာ ဝင္းျမင့္ (ခ)ေမာင္ပု (၄၂)ႏွစ္ ဆိုသူ ေလေသနတ္ ကိုင္ကာ မူးယစ္ေသာင္းက်န္းေနတယ္လို႔ သတင္းရတဲ့ အတြက္ သက္ေသေတြနဲ႔ သြားေရာက္စစ္ေဆးခဲ့ရာ လဲေက်း႐ြာလမ္းမေပၚတြင္ ဝင္းျမင့္(ခ)ေမာင္ပု အားေတြ႕ရွိရၿပီး ေလေသနတ္ကို မေတြ႕ရပါ။

ထိုသို႔ မေတြ႕သျဖင့္  ၎ကိုင္ေဆာင္တဲ့ ေလေသနတ္ႏွင့္ပတ္သက္ၿပီး ေမးျမန္းခဲ့ရာ မွာ ေနအိမ္မ်က္ေစာင္းထိုးရွိ ေနအိမ္ၿခံဝန္း အေနာက္ဘက္ၿခဳံထဲတြင္ ဝွက္ထားေၾကာင္း စစ္ေဆးသိရွိရတဲ့အတြက္သြားေရာက္ ရွာေဖြရာ ဆာလာအိတ္ျဖင့္ ထည့္ထားသည့္ ေလေသနတ္ (၁)လက္ႏွင့္ ခဲက်ည္ (၁)ေတာင့္တို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တရားမဝင္ ေလေသနတ္ လက္ဝယ္ထားရွိကိုင္ေဆာင္သူ ဝင္းျမင့္ (ခ) ေမာင္ပုအား ဥသွ်စ္ပင္နယ္ေျမ ရဲစခန္း (ပ)၈၃/၂၀၁၉ ၊ လက္နက္ဥပေဒပုဒ္မ ၁၉(စ)ျဖင့္ ဖမ္းဆီးအမႈဖြင့္ ခဲ့တယ္လို႔ သိရွိရပါတယ္။

 မင္းထြန္း(အုတ္က်င္း)
ပန္းေတာင္း၊ ဇူလိုင္ ၂၅