အရှိန်မထိန်းနိုင်သည့် အိမ်စီးယာဉ်တစ်စီး လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိရာမှ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့

အရှိန်မထိန်းနိုင်သည့် အိမ်စီးယာဉ်တစ်စီး လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိရာမှ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့

ဒီကနေ့ သြဂုတ် ၂၉ ရက်၊ နံနက်အစောပိုင်း အချိန်ခန့်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း ၉ လမ်း PROONE အနီးတွင် အရှိန်မထိန်းနိုင်သည့် အိမ်စီးယာဉ်တစ်စီး လမ်းဘေးဓါတ်တိုင်ကို ဝင်ရောက်တိုက်မိရာမှ နှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အရှိန်လွန်၍ တိုက်မိမှုဖြစ်ပွားသည့် ယာဉ်အမျိုးအစားမှာ Toyota Mark 2 (2004) ရွှေငါးအမျိုးအစားဖြစ်ပြီး ယာဉ်ပေါ်တွင်ပါလာသော အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦးအနက် အခင်းဖြစ်နေရာတွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကားပေါ်မှာပါတာက မိန်းကလေးသုံးယောက် ယောကျ်ားလေးတစ်ယောက်ပေါ့ ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်းမှာ ဒဏ်ရာရသူနှစ်ယောက်ကို နီးစပ်ရာကားနဲ့ ရန်ကုန်ဆေးရုံကြီးကို သယ်သွားတယ်ပြောပါတယ်။ကနဦးဒဏ်ရာရတဲ့သူ နှစ်ယောက်မှာ တစ်ယောက်ကတော့ စိုးရိမ်ရတယ်ပေါ့၊ နောက်တစ်ယောက်က နှာခေါင်းရိုးထိသွားတယ်လို့ ပြောပါတယ်။ဒီယာဉ်တိုက်မှုကြောင့် ပွဲချင်းပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူနှစ်ဦး ရှိခဲ့ပါတယ်။” လို့  အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာသို့ သွားရောက်ကူညီ ကယ်ဆယ်ခဲ့သူ  မအူကုန်းလမ်းကျယ် ပရဟိတလူငယ်များအဖွဲ့မှ ဦးကျော်ဝင်းထွန်း က ပြောကြားခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသူများနှင့် ဒဏ်ရာရလူနာများကို အနီးပတ်ဝန်းကျင်ရှိ လူများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ သြဂုတ် - ၂၉
ဓါတ်ပုံ - မအူကုန်းလမ်းကျယ် ပရဟိတလူငယ်များအဖွဲ့

( Zawgyi )

ဒီကေန႔ ၾသဂုတ္ ၂၉ ရက္၊ နံနက္အေစာပိုင္း အခ်ိန္ခန႔္က ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ စက္ဆန္း ၉ လမ္း PROONE အနီးတြင္ အရွိန္မထိန္းႏိုင္သည့္ အိမ္စီးယာဥ္တစ္စီး လမ္းေဘးဓါတ္တိုင္ကို ဝင္ေရာက္တိုက္မိရာမွ ႏွစ္ဦးေသဆုံးခဲ့ၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ အရွိန္လြန္၍ တိုက္မိမႈျဖစ္ပြားသည့္ ယာဥ္အမ်ိဳးအစားမွာ Toyota Mark 2 (2004) ေ႐ႊငါးအမ်ိဳးအစားျဖစ္ၿပီး ယာဥ္ေပၚတြင္ပါလာေသာ အမ်ိဳးသား ၁ ဦး၊ အမ်ိဳးသမီး ၃ ဦးအနက္ အခင္းျဖစ္ေနရာတြင္ အမ်ိဳးသား ၁ ဦး၊ အမ်ိဳးသမီး ၁ ဦး ေသဆုံးခဲ့ၿပီး က်န္ႏွစ္ဦးမွာ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဆိုပါတယ္။

“ကားေပၚမွာပါတာက မိန္းကေလးသုံးေယာက္ ေယာက်္ားေလးတစ္ေယာက္ေပါ့ ယာဥ္တိုက္မႈျဖစ္ျဖစ္ခ်င္းမွာ ဒဏ္ရာရသူႏွစ္ေယာက္ကို နီးစပ္ရာကားနဲ႔ ရန္ကုန္ေဆး႐ုံႀကီးကို သယ္သြားတယ္ေျပာပါတယ္။ကနဦးဒဏ္ရာရတဲ့သူ ႏွစ္ေယာက္မွာ တစ္ေယာက္ကေတာ့ စိုးရိမ္ရတယ္ေပါ့၊ ေနာက္တစ္ေယာက္က ႏွာေခါင္း႐ိုးထိသြားတယ္လို႔ ေျပာပါတယ္။ဒီယာဥ္တိုက္မႈေၾကာင့္ ပြဲခ်င္းၿပီး အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရသူႏွစ္ဦး ရွိခဲ့ပါတယ္။” လို႔  အဆိုပါယာဥ္တိုက္မႈျဖစ္ပြားရာသို႔ သြားေရာက္ကူညီ ကယ္ဆယ္ခဲ့သူ  မအူကုန္းလမ္းက်ယ္ ပရဟိတလူငယ္မ်ားအဖြဲ႕မွ ဦးေက်ာ္ဝင္းထြန္း က ေျပာၾကားခဲ့ပါတယ္။

ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးခဲ့ရသူမ်ားႏွင့္ ဒဏ္ရာရလူနာမ်ားကို အနီးပတ္ဝန္းက်င္ရွိ လူမ်ားႏွင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားမွ ရန္ကုန္ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ေပးခဲ့ရတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ၾသဂုတ္ - ၂၉
ဓါတ္ပုံ - မအူကုန္းလမ္းက်ယ္ ပရဟိတလူငယ္မ်ားအဖြဲ႕