အလုံမြို့နယ် ရပ်ထားသောကားအချို့ မှန်ရိုက်ခွဲပြီး ပစ္စည်းများ ခိုးယူခံနေရ ဟုဆို

အလုံမြို့နယ် ရပ်ထားသောကားအချို့ မှန်ရိုက်ခွဲပြီး ပစ္စည်းများ ခိုးယူခံနေရ ဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ထဲမှာ ယခုရက်ပိုင်း အတွင်း ညအိပ်ရပ်နားထားတဲ့ ကားတစ်ချို့မှာ မှန်များ ရိုက်ခွဲခံရပြီး ကားအတွင်းရှိ ပစ္စည်းများခိုးယူခံနေရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။

"ကျွန်တော်သိသလောက်ကတော့ ဒီကားတစ်စီးပါ အပါအဝင် အခုထိဆိုရင် ခုနစ်စီးလောက်တော့ ရှိနေပြီ တရားခံမိတာမျိုးတော့ မရှိသေးဘူး"လို့ အလုံမြို့နယ်၊ စောရန်ပိုင်(မြောက်)ရပ်ကွက်အတွင် နေထိုင်တဲ့ ရပ်မိရပ်ဖ တစ်ဦးက ပြောပြပါတယ်။

တစ်ချို့သော ဖြစ်စဉ်တွေကို လမ်းမှာတပ်ဆင်ထားတဲ့ စီစီတီဗွီ မှတ်တမ်းကနေ ကျူးလွန်သူပုံကိုတွေ့ထားတာတွေ ရှိပေမယ့် ဖမ်းဆီးရမိတာမျိုး မရှ်သေးဘူးလို့ ကားမှန်ရိုက်ခွဲ ခံခဲ့ရသူတွေက ဆိုပါတယ်။ ထိုဖြစ်စဉ်အတွက် အလုံမြို့မ ရဲစခန်းကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းတဲ့အခါ တစ်စုံတရာ ပြောကြားခွင့် မရှိသေးကြောင်း တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ဆိုပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ မေ ၉

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီး၊ အလုံၿမိဳ႕နယ္ထဲမွာ ယခုရက္ပိုင္း အတြင္း ညအိပ္ရပ္နားထားတဲ့ ကားတစ္ခ်ိဳ႕မွာ မွန္မ်ား ႐ိုက္ခြဲခံရၿပီး ကားအတြင္းရွိ ပစၥည္းမ်ားခိုးယူခံေနရတယ္လို႔ ကိုယ္တိုင္ႀကဳံခဲ့ရသူေတြဆီက သိရပါတယ္။

"ကြၽန္ေတာ္သိသေလာက္ကေတာ့ ဒီကားတစ္စီးပါ အပါအဝင္ အခုထိဆိုရင္ ခုနစ္စီးေလာက္ေတာ့ ရွိေနၿပီ တရားခံမိတာမ်ိဳးေတာ့ မရွိေသးဘူး"လို႔ အလုံၿမိဳ႕နယ္၊ ေစာရန္ပိုင္(ေျမာက္)ရပ္ကြက္အတြင္ ေနထိုင္တဲ့ ရပ္မိရပ္ဖ တစ္ဦးက ေျပာျပပါတယ္။

တစ္ခ်ိဳ႕ေသာ ျဖစ္စဥ္ေတြကို လမ္းမွာတပ္ဆင္ထားတဲ့ စီစီတီဗြီ မွတ္တမ္းကေန က်ဴးလြန္သူပုံကိုေတြ႕ထားတာေတြ ရွိေပမယ့္ ဖမ္းဆီးရမိတာမ်ိဳး မရွ္ေသးဘူးလို႔ ကားမွန္႐ိုက္ခြဲ ခံခဲ့ရသူေတြက ဆိုပါတယ္။ ထိုျဖစ္စဥ္အတြက္ အလုံၿမိဳ႕မ ရဲစခန္းကို ဖုန္းျဖင့္ဆက္သြယ္ ေမးျမန္းတဲ့အခါ တစ္စုံတရာ ေျပာၾကားခြင့္ မရွိေသးေၾကာင္း တာဝန္က်ရဲဝန္ထမ္း တစ္ဦးက ဆိုပါတယ္။

 ဇြဲမာန္  
ရန္ကုန္၊ ေမ ၉