အသစ်ပြဌာန်းလိုက်တဲ့ ကလေးသူငယ်ဆိုင်ရာဥပဒေကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကန့်ကွက်သွားမည်ဟု ဆို

အသစ်ပြဌာန်းလိုက်တဲ့ ကလေးသူငယ်ဆိုင်ရာဥပဒေကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်ကန့်ကွက်သွားမည်ဟု ဆို

၁၉၈၂ မြန်မာနိုင်ငံသားဖြစ်မှုဥပဒေကို ကျော်လွန်တာကြောင့် အသစ်ပြဌာန်းလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို ပြည်ခိုင်ဖြိုး ပါတီကဦးဆောင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကန့်ကွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ကပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ ဇွန် ၂၈ ရက်ကပြုလုပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လာရှိုးမြို့မှာ ပါတီဝင်တွေနဲ့ ပြည်သူလူထုတွေ့ဆုံပွဲမှာ ဒေသခံတိုင်းရင်းသားတွေက မေးမြန်းမှုကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက ပြန်လည်ဖြေကြားပေးခဲ့စဉ် အထက်ပါ အတိုင်း ထည့်သွင်းပြောကြား ခဲ့တာပါ။

“ဘယ်ဘာသာ၊ဘယ်လူမျိုးကိုမဆို ကိုယ်နိုင်ငံကမွေးတဲ့တိုင်းရင်းသားစစ်စစ်ဟုတ်ပဲနဲ့ လွယ်လွယ်လေးမွေးစားလိုက်ပြီတော့ မွေးစားလိုက်တာနဲ့နိုင်ငံသားအခွင့်အရေးတွေအကုန်ရမယ် ဆိုတာစဉ်းစားကြည့်လေ။၁၉၈၂ ခုနှစ်၊ ကျနော်တို့ပြဌာန်းထားတဲ့တိုင်းရင်းသားဥပဒေ အဲ့ဟာ ကိုကျော်လွှား လိုက်တာ ဒါကိုလက်ခံလို့မရပါဘူး။ဒီအပေါ်မှာပါတီအနေနဲ့ ဘယ်လိုသဘောထားရှိလဲ ဆိုတာကျနော်တို့ရဲ့ သဘောထား ရပ်တည်ချက်ကိုကြေညာချက်ထုတ်ပြီးသားပါ။အဲ့အတိုင်းပဲကျနော်တို့ပါတီအနေနဲ့ ဆန့်ကျင်တယ်ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီကဦးဆောင်ပြီးတော့ နိုင်ငံတစ်ဝှမ်းမှာ ကန့်ကွက်မှုတွေကိုကျနော်တို့လုပ်နေပါတယ်။”လို့ ပြည်ခိုင်ဖြိုးပါတီ ဦးသန်းဌေး က ပြောကြားခဲ့ပါတယ်။

အဆိုပါ လက်ရှိပြဌာန်းထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်ကနေ ဇွန်လ ၇ ရက်နေ့က အတည်ပြုပြဌာန်းလိုက်တာဖြစ်ပြီး ယင်းဥပဒေအပေါ် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီကကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ဒါ့အပြင် ဥပဒေတွင်ပါရှိသည့်အချက်အလက်အချို့အပေါ်ကိုလည်း ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီးတော့ ကန့်ကွက်ဆန္ဒပြထုတ်ဖော်ပွဲတွေကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ပြေသိမ်း
လားရှိုး၊ဇွန် ၂၈
ဓါတ်ပုံ - USDP

(  Zawgyi  )

 ၁၉၈၂ ျမန္မာႏိုင္ငံသားျဖစ္မႈဥပေဒကို ေက်ာ္လြန္တာေၾကာင့္ အသစ္ျပဌာန္းလိုက္တဲ့ ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒကို ျပည္ခိုင္ၿဖိဳး ပါတီကဦးေဆာင္ၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ကန႔္ကြက္သြားမွာျဖစ္တယ္လို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးသန္းေဌး ကေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ ဇြန္ ၂၈ ရက္ကျပဳလုပ္တဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ လာရႈိးၿမိဳ႕မွာ ပါတီဝင္ေတြနဲ႔ ျပည္သူလူထုေတြ႕ဆုံပြဲမွာ ေဒသခံတိုင္းရင္းသားေတြက ေမးျမန္းမႈကို ျပည္ခိုင္ၿဖိဳးပါတီ ဥကၠဌ ဦးသန္းေဌးက ျပန္လည္ေျဖၾကားေပးခဲ့စဥ္ အထက္ပါ အတိုင္း ထည့္သြင္းေျပာၾကား ခဲ့တာပါ။

“ဘယ္ဘာသာ၊ဘယ္လူမ်ိဳးကိုမဆို ကိုယ္ႏိုင္ငံကေမြးတဲ့တိုင္းရင္းသားစစ္စစ္ဟုတ္ပဲနဲ႔ လြယ္လြယ္ေလးေမြးစားလိုက္ၿပီေတာ့ ေမြးစားလိုက္တာနဲ႔ႏိုင္ငံသားအခြင့္အေရးေတြအကုန္ရမယ္ ဆိုတာစဥ္းစားၾကည့္ေလ။၁၉၈၂ ခုႏွစ္၊ က်ေနာ္တို႔ျပဌာန္းထားတဲ့တိုင္းရင္းသားဥပေဒ အဲ့ဟာ ကိုေက်ာ္လႊား လိုက္တာ ဒါကိုလက္ခံလို႔မရပါဘူး။ဒီအေပၚမွာပါတီအေနနဲ႔ ဘယ္လိုသေဘာထားရွိလဲ ဆိုတာက်ေနာ္တို႔ရဲ႕ သေဘာထား ရပ္တည္ခ်က္ကိုေၾကညာခ်က္ထုတ္ၿပီးသားပါ။အဲ့အတိုင္းပဲက်ေနာ္တို႔ပါတီအေနနဲ႔ ဆန႔္က်င္တယ္ဒါေၾကာင့္ ျပည္ခိုင္ၿဖိဳးပါတီကဦးေဆာင္ၿပီးေတာ့ ႏိုင္ငံတစ္ဝွမ္းမွာ ကန႔္ကြက္မႈေတြကိုက်ေနာ္တို႔လုပ္ေနပါတယ္။”လို႔ ျပည္ခိုင္ၿဖိဳးပါတီ ဦးသန္းေဌး က ေျပာၾကားခဲ့ပါတယ္။

အဆိုပါ လက္ရွိျပဌာန္းထားတဲ့ ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္ကေန ဇြန္လ ၇ ရက္ေန႔က အတည္ျပဳျပဌာန္းလိုက္တာျဖစ္ၿပီး ယင္းဥပေဒအေပၚ ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ႏိုင္ငံေရးပါတီ ၂၆ ပါတီကကန႔္ကြက္မႈေတြရွိခဲ့ပါတယ္။ဒါ့အျပင္ ဥပေဒတြင္ပါရွိသည့္အခ်က္အလက္အခ်ိဳ႕အေပၚကိုလည္း ျပည္ခိုင္ၿဖိဳးပါတီက ဦးေဆာင္ၿပီးေတာ့ ကန႔္ကြက္ဆႏၵျပထုတ္ေဖာ္ပြဲေတြကို ျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။

ေျပသိမ္း
လားရႈိး၊ဇြန္ ၂၈
ဓါတ္ပုံ - USDP