အာဆီယံ ၉ နိုင်ငံနှင့် ခုနှစ်လတာကုန်သွယ်မှု အမေရိကန်ဒေါ်လာ ခုနှစ်ဘီလျံကျော်ထိ ရှိလာ

အာဆီယံ ၉ နိုင်ငံနှင့် ခုနှစ်လတာကုန်သွယ်မှု  အမေရိကန်ဒေါ်လာ ခုနှစ်ဘီလျံကျော်ထိ ရှိလာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းများအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခုနှစ်လတာကာလအတွင်း အာဆီယံနိုင်ငံ ၉ နိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ခုနှစ်ဘီလျံကျော်ရှိကြောင်း သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ် ခုနှစ်လတာကာလအတွင်း ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို စသည့် အာဆီယံ ၉ နိုင်ငံနှင့် ကုန်သွယ်ခဲ့ရာမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၆၀၈ ဒသမ ၃၅၈ သန်း တင်ပို့ခဲ့ကာ သွင်းကုန် အမေရိကန်ဒေါ်လာ ၄၄၇၅ ဒသမ၂၄၄ သန်း တင်သွင်းခဲ့သဖြင့် ခုနှစ်လတာအတွင်း ကန်ဒေါ်လာ ၇၀၈၃ ဒသမ ၆ သန်း ကုန်သွယ်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် နောက်ဆုံးစာရင်းအချက်အလက်များအရ သိရပါတယ်။

လအတွင်း ကုန်သွယ်မှုကို ကြည့်ပါက ဧပြီလအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၃၅၆ ဒသမ ၈၃၆ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၅၆၁ ဒသမ ၈၆၄  သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၁၈ ဒသမ ၇ သန်းဖိုး ကုန်သွယ်ခဲ့ပြီး ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၂၀၅ ဒသမ ၀၂၈ သန်း ဖြစ်ပေါ်ခဲ့ပြီး ခုနှစ်လတာအတွင်း ကုန်သွယ်မှုတွင် မြန်မာဘက်မှ ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၁၈၆၆ ဒသမ ၈၈၆ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ကာလတိုဘဏ္ဍာနှစ် ၆ လတာကာလအတွင်း မြန်မာနိုင်ငံနှင့် အာဆီယံ ၉ နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၀၈၆ ဒသမ ၀၂၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၄၄၅၅ ဒသမ ၇၈၁ သန်းရှိကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၅၄၁ ဒသမ ၈၀၃ သန်းအထိ ကုန်သွယ်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၂၃၆၉ ဒသမ ၇၅၉ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဘဏ္ဍာရေးနှစ်သစ်အတွင်း အာဆီယံ ၉ နိုင်ငံနှင့် ကုန်သွယ်မှုပမာဏတွင် အများဆုံးကုန်သွယ်မှုမှာ ထိုင်းနိုင်ငံဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ ၃၁၀၆ ဒသမ ၀၉၉ သန်းရှိကာ အနည်းဆုံးဖြစ်သည့် ဘရူနိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ ဝ ဒသမ ၂၃၁ သန်း ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်မှုစာရင်းအရ သိရပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၃၁
Photo Credit : Mekong Eye

( Zawgyi )






PWA
ရန်ကုန်၊ ဇူလိုင် - ၃၁